ရေသောက်ခြင်းနှင့် ကျန်းမာရေး
"လူပျင်းရေသောက်တဲ့" ကျွန်တော်တော့မထင်ပေါင်ဗျာ. ရေဆိုတာ သက်ရှိသတ္တဝါတိုင်းအတွက် အင်မတန်ကို အရေးပါတဲ့ အရာပေါ့ဗျာ. အရေးပါဆို ရေသောက်ခြင်းက ကျွန်တော်တို့ကို ကောင်း ခြင်းတွေပဲယူဆောင်ပေးလာတာကိုးဗျ။ရေသောက်ခြင်းကြောင့်ရလာမယ့်အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်ဗျ။
၁)သာမန် အားဖြင့် အမောအပန်းပြေတယ်၊ လန်းဆန်းစေတယ်၊ ခွန်အားလည်းတိုးစေသဗျ။
၂)ရေသောက်ခြင်းက ပျိုပျိုမေများအတွက်လည်း အလှအပရေးရာ ဆိုင်ရာကို တစ်ဖတ်တစ်လမ်း အကျိုးပြုပါ တယ်ဗျ။စိုပြေ၀င်းမွတ်သောအသားအရေ ၊ ပန်းရောင်သန်းပြီး လှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ချင်တဲ့ ပျိုမေများ ခင်ဗျား အလှကုန်ပစ္စည်း တွေကို ခဏလောက်ဘေးချိတ်ထားပြီးတော့ ရေကိုသာ ဂရုစိုက်ပြီးတော့သောက်ကြည့်ပါဗျ သိသာစွာပြောင်းလဲလာမှာပါ။
၃)အခုလို ပူအိုက် လွန်လွန်း တဲ့ အချိန်မှာ ရေဆိုတာ မရှိမဖြစ်ပါပဲဗျာ..အရမ်းပူတော့ချွေးက ထွက်ရော ချွေးထွက်တော့ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံး ပါရော..ရလဒ် အနေ နဲ့ လူပဲ နုံးချိချိုဖြစ်လာရော ..အာ့လို အချိန်တွေဆိုရင် ရေ(သို့)ဓာတ်ဆားရေ လေးသောက်လိုက်ရင် ချက်ချင်းကို လန်း ဆန်းသွားတာပဲဗျ..
၎)နောက်တစ်ချက်က ရေသောက်ခြင်းက ခန္ဓာကိုယ်ထဲက အပူ အပုပ်တွေကိုလည်းရှင်းလင်းပေးပါတယ်.ရေသောက်ခြင်းကြောင့် ဆီးရွှင် ပြီး ၀မ်း မှန်စေတဲ့ အပြင် ဆီးလမ်းကြောင်းကျောက်တည်ခြင်း ကိုလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်.မိတ်ဆွေတို့ရဲ့ ဆီးအရောင်ဝါနေခြင်းကလည်း မိတ်ဆွေတို့ ရေသောက်ဖို့လိုနေပြီဆိုတာကိုသတိပေးနေပါတယ်။
၅)ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လည်းးကာကွယ်ပေးပါတယ်။ရေများများ သောက် အပေါ့များများသွားခြင်းအားဖြင့် ဆီးလမ်းကြောင်းမှာ ဘက်တီးရီယားတွေ ကပ်ကျန်နေခြင်းကို ရှင်းလင်းပေးသောကြောင့်ဖြစ်ပါတယ်။
၆)လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပ်ါလာသောအဆိပ်အတောက်များကိုလည်း
ဝမ်း ၊သလိပ် စသဖြင့် ပြောင်းလဲ ပြီး ထွက်စေပါတယ်။ခန္ဓာကိုယ်အတွင်းမှ ဆဲလ်များကိုလည်း အောက်စီဂျင်မပြတ်အောင် ကူညီပေးသဖြင့် အမြဲ လန်းဆန်းပြီးတက်ကြွနေစေမှာပါ။
၇)အမြဲ လတ်ဆက်နေတဲ့ အောက်စီဂျင် ကိုရတဲ့ အတွက် ခန္ဓာကိုယ်ထဲက သွေးများဟာလည်း လက်ဆက်နေမှာဖြစ်ပါတယ်။ သွေးစေးပစ်ခြင်း ။သွေးစေးပစ်ခြင်းကြောင့် ဦးနှောက်သို့သွေးမရောက်နိုင်ပဲ ခေါင်းမူးခြင်း၊ခေါင်ကိုက်ခြင်းတို့ကို လည်းသက်သာစေမှာဖြစ်ပါတယ်ဗျ။
၈)ရေက အပူကို သိုလှောင်တဲ့ အရာတွေထဲမှာအကောင်းဆုံးပဲဗျ၊ရေက အပူပမာ ဏတော်တော်တော်များများကို စုပ်ထားပေးနိုင်ပါတယ်။ဒါကြောင့် ရေသောက် ခြင်း ကြောင့် အပူလွန်ကဲပြီး (Shock) ရ ခြင်း မအီမသာ ဖြစခြင်းများကိုလည်း ကာကွယ်ပေးပါတယ်ဗျာ။
၉)ညအိပ်ယာမ၀င်ခင် သွားတိုက် မျက်နှာသစ် ခြေလက်ဆေး ပြီးသွားရင် ရေတစ်ခွက်လောက်ကို အားရပါးရ သောက်ချပြီးမှ အိပ်ကြည့်ပါ သာမန်အချိန်တွေထက် နှစ် ခြိုက်စွာ အိပ်ပျော်တယ်ဆိုတာကို ခံစားရမှာပါဗျ..လူတစ်ယောက် တစ်နေ့ လိုအပ်တဲ့ ရေပမာဏ က (3 lit) ဖြစ်ပါတယ်ခင်ဗျ..
ကဲဗျာ အဘက်ဘက်က ကြည့်ရင်ဆိုးကျိုး မရှိတဲ့ရေသောက်ခြင်းကို ပူပြင်းလှတဲ့ ရာသီနဲ့ လိုက်အောင် ဖော်ပြပေးလိုက်ရပါတယ်ဗျာ... ကျန်းမာချမ်းသာကြပါစေ..
Kaung Htet
#KaungHtet #TechKhit #Health

Post a Comment