Header Ads

ယောက်ျား​လေး​တွေတကယ်​ချစ်ရင်​ မိန်းက​လေး​တွေကိုဘယ်​လိုဂရုစိုက်​သလဲ

ယောက်ျား​လေး​တွေတကယ်​ချစ်ရင်​ မိန်းက​လေး​တွေကိုဘယ်​လိုဂရုစိုက်​သလဲ။
-------------------------------------------------------------------
ယောကျာ်း​လေး​တွေက တကယ်​မချစ်​ပဲလဲ ရည်းစားထားကြတယ်​။ သူတို့တွဲ​နေတဲ့ မိ​န်းက​လေး​တိုင်းကို ချစ်​လို့​တော့ရာနှုန်းပြည့်​မဖြစ်​နိုင်​ဘူး။ ဒါမဲ့ ​အောက်​မှာ​ဖော်​ပြ​ပေးထားတာ​တွေကို လုပ်​​လေ့ရှိတယ်​ဆိုရင်​​တော့ အဲ့မိန်းက​လေးကိုတကယ်​ချစ်​တယ်​လို့ယူဆလို့ရပါတယ်​။
၁) အရှိကိုအရှိအတိုင်းလက်​ခံတယ်​။
အရာရာတိုင်းအ​ပြောင်းအလဲမြန်​​နေတဲ့​လောကကြီးမှာ အလှအပဆိုတာလည်း ခဏတာပါ။ ဝဝ၊ ပိန်​ပိန်​ ၊ ပုပု၊ ရှည်​ရှည်​ သူ့တို့အတွက်​ကိစ္စမရှိဘူး။ မိန်း​က​လေးတစ်​​ယောက်​ရဲ့ အရှိအတိုင်းလက်​ခံ​ပေးတယ်ဆိုရင်​ ဒါသူတို့တကယ်​ချစ်​လို့ပါ။
၂) သူ့မိန်းက​လေးကို သူကာကွယ်​တယ်​။
တကယ်​ချစ်​တတ်​တဲ့​ယောက်ျား​လေး​တွေက သူတို့​ကောင်​မ​လေးကို စိတ်​ပိုင်းဆိုင်​ရာ၊ ရုပ်ပိုင်းဆိုင်​ရာ အနာတရမရဖို့ စွမ်းစွမ်းတမံကာကွယ်​ကြတယ်​။ သူ့မိန်းက​လေကို ထိခို​က်​​စေမဲ့အရာမျိုးဆို လုပ်​ဖို့​နေ​နေသာသာ၊ ​တွေး​တောင်​မ​တွေးကြဘူး။
၃) သူ့​ကောင်​မ​လေးရဲ့ထင်​မြင်​ချက်​​တွေကိုသိချင်​တယ်​။
တကယ်​ချစ်​တဲ့​ကောင်​​လေးတစ်​​ယောက်​က သူ့​ကောင်​မ​လေးရဲ့ ထင်​မြင်​ချက်​​တွေကို​လေးစားတယ်​။ ဘာသာ​ရေးပဲဖြစ်​ဖြစ်​၊နိုင်​ငံ​ရေးနယ်​ပယ်​မှာပဲဖြစ်​ဖြစ်​​ ​ကောင်​မ​လေးရဲ့ထင်​မြင်​ချက်​ကိုအမြဲ​မေးတယ်​။
၎)​ ​ကောင်​မ​လေးအတွက်​ဆို ဘယ်​​ရောက်​​နေ​နေ အ​ပြေးလာတတ်​တယ်​။
ကောင်​မ​လေးကအကူအညီလိုတာနဲ့ သူတခြားကမ္ဘာကို​ရောက်​​နေတယ်​ဆိုရင်​​တောင်​ သူ​အ​ပြေးလာမှာ။ ​ကောင်​မ​လေးက သူ့အတွက်​ ပထမဦးစား​ပေးမလို့​လေ။
၅) ​ကောင်​မ​လေး​နေချင်​သလို​နေဖို့ ခွင့်​ပြုရဲတယ်​။
အချိန်​ကြာကြာ​တွဲလာတဲ့အတွေ​တွေ ​တော်​​တော်​များများက တစ်​ယာက်​နဲ့တစ်​​ယောက်​ အရမ်းမှီခိုကြတယ်​။ တချို့​ကောင်​​လေး​တွေဆို ​ကောင်​မ​လေး​ကို သူနဲ့အမြဲရှိ​နေ​စေချင်​တယ်​။ ဒါမဲ့ တကယ်​ချစ်​တဲ့​ယောကျာ်း​လေးတစ်​​ယောက်​က​တော့ ​ကောင်​မ​လေကိုသူ့သူငယ်​ချင်း​တွေနဲ့ အချိန်​ဖြုန်းဖို့ ခွင့်​ပြု​ပေးထားတယ်​။

Spot

No comments