Email တစ်စောင် ပို့ ရာမှာ To, Cc, Bcc ဘာကွာခြားလဲ။
ဟိုတစ်နေ့ က email တစ်စောင်ဘယ်လို ရေးသင့်သလဲ ဆိုတာ ကို ရေးလိုက်ပြီးနောက်ပိုင်းမှာ စာဖတ်သူ တော်တော်များများ စိတ်ဝင်စားတာကို တွေ့ ရတယ်။ ပြီးတော့ message box မှာလည်း လာမေးကြပါတယ်။ လာမေးကြတဲ့ email နဲ့ ပက်သက်တဲ့အကြောင်းအရာတွေ ထဲကမှ အမေးများတဲ့ To, Cc, Bcc အကြောင်းတွေ အရင်ဆုံးရေးလိုက်ပါတယ်။
တစ်ခါတစ်လေကျယင်တော့ email ပို့ တာများ ဘာခက်လို့ လဲ လို့ စဉ်းစားမိတတ်ကြပါတယ်။ တကယ်တော့ လည်း မခက်ပါဘူး။ ဒါပေမယ့် အချို့ အခြေခံ အချက်လေးတွေကို မသိတာမျိုး ရှိတတ်ပါတယ်။ ဥပမာ To, Cc, Bcc ဆိုတာမျိုးတွေပေါ့။ email မှာ တွေ့ နေရတယ်။ ဒါပေမယ့် ဘာအတွက် သုံးရလဲ ဆိုတာကို သေချာမသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းလေးကို ရေးလိုက်တာပါ။
Email ပို့ တော့မယ်ဆိုယင် To, Cc (carbon copy), Bcc (blind carbon copy) ဆိုပြီး ၃ နေရာတွေ့ ရပါတယ်။ အားလုံးကတော့ email address ကို ပဲ ရိုက်ထည့်ရတာပါပဲ။ ဒါဆို ဘယ်လို ကွားခြားလဲ။
ဥပမာ။ သင့်အနေနဲ့  ဦးဘ ဆီကို တိုင်တည်ပြီး စာ တစ်စောင် ပို့ ချင်တယ်။ စာကတော့ ဦးဘ ဆီက တုံ့ ပြန်မှု တစ်ခုခု (ဥပမာ ဦးဘရဲ့  ထောက်ခံချက်၊ ဦးဘရဲ့  သဘောတူညီမှု) လိုချင်တာပေါ့။ အဲ့ဒီ စာကို ဒေါ်လှကိုလည်း သိစေချင်တယ် ဆိုပါစို့ ။ ဒါပေမယ့် ဒေါ်လှဆီကတော့ ဘာတုံ့ ပြန်မှုမှ မလိုချင်ဘူး။ အသိပေးချင်ရုံ သက်သက်ပါပဲ။
အဲ့ဒီ အခါမှ ဆိုယင်တော့ To မှာ ဦးဘရဲ့  email address ကို ထည့်ရပါမယ်။ Cc နေရာမှာတော့ ဒေါ်လှ ရဲ့  email address ကို ထည့်ရပါတယ်။
ဒါဆို ဦးဘအနေနဲ့ သူရဲ့  တုံ့ ပြန်မှုကိုတောင်းခံထားကြောင်း သိသွားပါပြီ။ ဒေါ်လှအနေနဲ့ ကလည်း သူ့ ကို အသိပေးချင်တယ်ဆိုတာ သိသွားပါပြီ။
ဦးဘ ရော၊ ဒေါ်လှရော တုံ့ ပြန်စေချင်တယ်ဆိုယင်တော့ နှစ်ယောက် စလုံးကို To မှာ ထည့်ရပါမယ်။
ဒါကတော့ To နဲ့  Cc ရဲ့ အခြေခံသဘောတရားပါပဲ။
နောက်တစ်ခုကတော့ Bcc (blind carbon copy)။ ဦးဘ နဲ့ ဒေါ်လှ အပြင် မောင်မြ ကို လည်း အသိပေးချင်သေးတယ်။ ဒါပေမယ့် မောင်မြ ရဲ့  email address ကို ဦးဘနဲ့ ဒေါ်လှ ကို မသိစေချင်ဘူး။ ဒါမှ မဟုတ်လဲ မောင်မြကို အသိပေးထားတာကို ဦးဘနဲ့ ဒေါ်လှကို မသိစေချင်ဘူး။ အဲ့ဒါဆိုယင် မောင်မြကို ဘယ်လို အသိပေးမလဲ။
လွယ်ပါတယ်။ မောင်မြကို Bcc မှာ ထည့်လိုက်ပါ။ အဲ့ဒါဆိုယင်တော့ ဦးဘနဲ့ ဒေါ်လှ က သူတို့ ဆီ ပို့ လိုက်တဲ့ email မှာ မောင်မြ ကို ပါ ထည့်ပို့ ထားတယ်ဆိုတာ မသိတော့ပါဘူး။ မောင်မြအနေနဲ့ ကတော့ သင့်အနေနဲ့ ဦးဘနဲ့ ဒေါ်လှ ဆီကို email ပို့ လိုက်တာကို သိသွားပါပြီ။
လွယ်ပါတယ်။ မောင်မြကို Bcc မှာ ထည့်လိုက်ပါ။ အဲ့ဒါဆိုယင်တော့ ဦးဘနဲ့ ဒေါ်လှ က သူတို့ ဆီ ပို့ လိုက်တဲ့ email မှာ မောင်မြ ကို ပါ ထည့်ပို့ ထားတယ်ဆိုတာ မသိတော့ပါဘူး။ မောင်မြအနေနဲ့ ကတော့ သင့်အနေနဲ့ ဦးဘနဲ့ ဒေါ်လှ ဆီကို email ပို့ လိုက်တာကို သိသွားပါပြီ။
ဒါတွေကတော့ To, Cc, Bcc တို့ ရဲ့  အခြေခံသဘောတရားတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံ email အကြောင်းအရာပေါ်မူတည်ပြီး ပိုပြီး အသေးစိပ်တာတွေ ရှိပါသေးတယ်။
ဥပမာ Email ရေးတဲ့ နေရာမှာ ကျတော့ ဘယ်သူ့ ကို တိုင်တည်ပြီးရေးမလဲ။ ဥပမာ Dear ဘယ်သူဆိုပြီး ရေးမလဲ။ Dear All လို့ ရေးရမလား။ Dear ဦးဘ ဆိုပြီးပဲရေးရမလား။ ဆိုတာမျိုးတွေ ရှိပါသေးတယ်။ အဲ့ဒီအကြောင်းတွေကို နောက် တစ်ပိုင်းအနေနဲ့ ဆက်လက်ရေးသားပေးပါ့မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Post a Comment