Header Ads

သင်မသိသေးသော အချစ်ကိုက်ရာများအကြောင်း


အချစ်ကိုက်ရာကို တချို့သူတွေထင်တာက မိုက်တယ်ပေါ့။ ဒါမဲ့ ဒါတွေကလူမြင်ဖို့မသင့်တော်တဲ့ဟာတွေပါ။
ဒါတွေဟာ လိင်ဆက်ဆံရင်း ရလာတဲ့ဒဏ်ရာတွေပါ။ များသောအားဖြင့် လည်ပင်း၊ ပေါင် နဲ့ ပုခုံးရိုးပေါ်မှာအဖြစ်များတယ်။

အရေပြားအောက်မှာ ပွတ်တိုက်တာများရင် ပေါက်ပြဲသွားတတ်တဲ့ သွေးကြောလေးတွေရှိတယ်။ စစချင်းတော့ မသိသာဘူး။ တစ်ရက်နှစ်ရက်ကြာပြီးမှပဲ နီရဲပြီး ဝါတာတာဖြစ်သွားတာ။
ဒီ အချစ်ကိုက်ရာလေးတွေကိုတော့ ပျော်ရွှင်ရင်းရလာတာမှန်ပေမဲ့ ဒါကိုရလာတာဟာ မကောင်းတဲ့သဘောဆောင်နေပါတယ်

၁) သင် သံဓါတ်အားနည်းနေတယ်ဆိုတာကို ပြနေတယ်။

သံဓါတ်က သွေးအတွက်အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးပါ။ သံဓါတ်အားနည်းရင် အနာတရဖြစ်ဖို့လွယ်ကူတယ်။ အမြဲလိုလို ဒီအချစ်ကိုက်ရာလေးတွေ သင့်မှာဖြစ်နေရင်တော့ သံဓါတ်များများသောက်သုံးပေးပါ၊

၂) သက်သက်လုံးမပျောက်ဘဲ အမာရွတ်အဖြစ်ရှိနေနိုင်တယ်။

လူတွေကတော့ ခဏနေရင်ပျောက်သွားမယ်လို့ထင်ကြတယ်။ ဒါမဲ့အရေပြား နဲ့ ဒဏ်ရာအတမ်အနက်ပေါ်မူတည်ပြီး ပျောက်ကင်းဖို့ သက်သက်လုံးလည်းကြာရှာသွားနိုင်ပါတယ်။
အဲ့လိုမှမဟုတ်ဘဲ ပျောက်ကင်းတတ်တဲ့အရေပြားဆိုရင်တောင် ခဏခဏဖြစ်နေရင် အမာရွတ်ကျန်နိုင်ချေများလွန်းတယ်။

၃) ရွံစရာကောင်းတဲ့ သွေးထုံးတွေကိုဖြစ်စေတယ်။

ဖြစ်ခဲပေမဲ့ အချစ်ကိုက်ရာတွေက သွေးကြောထုံးတွေကိုဖြစ်စေတတ်တယ်။ လည်ပင်းမှာရှိတဲ့ သွေးထုံးက နှလုံး၊ကျောရိုးတိုင် တို့နဲ့နီးတဲ့ သွေးကြောတွေကို သက်ရောက်နိုင်တယ်။
ဆိုလိုရင်းကတော့ နှလုံး နဲ့ ဗဟိုအာရုံကြောကိုထိခိုက်စေနိုင်တယ်။ ၂၀၁၁ လောက်က New Zealand ကအမျိုးသမီးတစ်ယောက်က အချစ်ကိုက်ရာကစတဲ့ နှလုံးရောဂါကြောင့်သေဆုံးခဲ့ရဖူးတယ်။

၎) အချစ်ကိုက်ရာကို ကုသဖို့ဆေးမရှိဘူး။

တချို့တွေကတော့ ပျားရည်ကိုဇွန်းထဲထည့်ပြီး ဒဏ်ရာပေါ်တင်ဖို့ပြောကြပေမဲ့ ဒဏ်ရာကသွေးကြောတွေပေါက်ပြဲပြီးဖြစ်တဲ့ အတွင်းကြေပါ။ အပေါ်ယံကုသတာနဲ့ မပျောက်နိုင်ဘူး။ အကောင်းဆုံးနည်းလမ်းကတော့
ဘာမှမလုပ်ပဲ ပျောက်အောင်သာထိုင်စောင့်လိုက်ပါ။

၅) ဒါကိုလိင်ကရတဲ့ဒဏ်ရာလို့လည်းသတ်မှတ်ပါသေးတယ်။

လိင်ဆက်ဆံတဲ့အချိန် နာကျင်လွန်းရင် ဒါတွေရလာနိုင်တယ်။
နှလုံးရောဂါဖြစ်စေနိုင်တဲ့အပြင် လေဖြတ်တာကိုပါဖြစ်စေနိုင်တယ်။
အချစ်ကိုက်ရာလေးတွေက များသောအားဖြင့် အာရုံကြောအဆုံးတွေစုဝေးတဲ့တေရာမှာဖြစ်တတ်တော့ သွေးထုံးတွေက အာရုံကြောစနစ်ကိုပါ ဖျက်စီးနိုင်ပါတယ်။ ဒါကြောင့် အကြောသေသွားတာတွေ၊ လေဖြတ်တာတွေဖြစ်လာနိုင်တယ်။

ဒါကြောင့် နောက်တစ်ခါကျရင် အရမ်းကြမ်းကြမ်းတမ်းတမ်းတွေမလုပ်ဖို့အကြံပေးပါရစေ။ ခဏတစ်ဖြုတ်ပျော်ရွှင်ရင်းက တစ်ဘဝလုံးစာဒုက္ခမရောက်သွားစေချင်လို့ပါ။

No comments