Header Ads

How Funding works : Splitting the Pie

သီအိုရီအရ ပြောရမယ်ဆိုရင် Startup တစ်ခုဟာ မိသားစုနဲ့ သူငယ်ချင်းတွေဆီက $15,000 လောက် ရနိုင်ပါတယ်.။ နောက် (၃)လ အကြာမှာ $200,000 လောက် Angel Investor ဆီက ရနိုင်ပြီး နောက် (၆)လ အကြာမှာတော့ VC ဆီက $2 millions ရနိုင်ပါတယ်.။ ပုံကိုကြည့်ပါ.။


ကုမ္ပဏီတွေ ဘာကြောင့် Funding လိုအပ်သလဲဆိုရင် လုပ်ငန်းကို လျှင်လျှင်မြန်မြန်တိုးတက်စေချင်လို့ လို့ဖြေရပါမယ်.။ Funding ရဲ့ ပြောင်းပြန်ကတော့ "boostrapping" လို့ခေါ်ပါတယ်.။ ကိုယ့်အိပ်ထဲက ပိုက်ဆံနဲ့ ကိုယ့်ဟာကိုယ်လုပ်တာလို့ ပြောရပါမယ်.။ နမူနာအားဖြင့် Mailchimp နဲ့ AirBnB တို့ဟာ Boostrapping လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်.။

ဒီ Article မှာ Funding အလုပ်လုပ်ပုံ အခြေခံတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်.။ Funding လုပ်တယ်ဆိုတာ တနည်းအားဖြင့် ကိုယ့် Startup ရဲ့ တစ်စိတ်တစ်ပိုင်းကို တန်ဖိုးသတ်မှတ်ပြီး ရောင်းချခြင်းလို့ ဆိုရပါမယ်.။ Funding ရယူလိုက်တဲ့အခါတိုင်း ကိုယ့်ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခုကို ပြန်ပေးလိုက်ရပါတယ်.။ အနီးစပ်ဆုံးဥပမာပြရရင် "Pie" မုန့်ကို ခွဲစိတ်ခြင်းလို့ ဆိုရမှာဖြစ်ပါတယ်.။

Splitting the Pie

စစခြင်းမှာ သင့်ရဲ့ Pie ဟာ တစ်ကိုက်စာလောက်ပဲရှိတဲ့ သေးသေးလေးပဲ ဆိုကြပါစို့.။ သင်ဟာ အဲဒီ သေးသေးလေးရဲ့ 100% ကို ပိုင်ဆိုင်ပါတယ်.။ အခြားသူများဆီက Investment ရယူလိုက်တဲ့အခါ သင့်ရဲ့ Pie မုန့်ဟာ တဖြည်းဖြည်း ကြီးထွားလာပါတယ်.။ ဒါပေမယ့် သင်က 100% တော့ မပိုင်တော့ပါဘူး.။ ပြန်တွက်ကြည့်လိုက်ရင်တော့ သင့်ရဲ့ ကျန်ရှိနေတဲ့ အပိုင်းလေးတစ်ပိုင်းဟာ အရင်က သင်ပိုင်ဆိုင်ခဲ့တဲ့ 100% ထက် ပိုများနေမှာဖြစ်ပါတယ်.။

Google ကို အများပိုင်အဖြစ် ပြောင်းလဲလိုက်တဲ့အချိန်မှာ Founder နှစ်ဦးဖြစ်တဲ့ Larry နဲ့ Sergey တို့ဟာ ကုမ္ပဏီရဲ့ 15% စီကိုပဲ ပိုင်ဆိုင်ကြတာဖြစ်ပါတယ်.။ ဒါပေမယ့် အဲဒီ 15% ဟာ စတင်တည်ထောင်စဉ်ကထက် အဆပေါင်းများစွာ များပါတယ်.။

အိုကေ .. ဒါဆိုရင် Funding ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်..

Idea Stage
အစပိုင်းမှာ သင်တစ်ယောက်တည်းရှိပါတယ်.။ သင့်ရဲ့ အိုင်ဒီယာတွေထဲကမှ အိုင်ဒီယာတစ်ခုကို သင်ရွေးချယ်ပြီး စတင်လုပ်ကိုင်တော့မယ်ဆိုတာနဲ့ သင်ဟာ တန်ဖိုးရှိတဲ့အရာတစ်ခုကို ဖန်တီးနေပြီဖြစ်ပါတယ်.။ အစပိုင်းမှာ သင်တစ်ယောက်တည်းက 100% ပိုင်ဆိုင်ပါတယ်.။ ငွေကြေးအရင်းအနှီးလဲ မလိုအပ်သေးတဲ့အတွက် ဘာမှစဉ်းစားစရာမလိုသေးပါဘူး.။

Co-Founder Stage
သင့်ရဲ့ အိုင်ဒီယာကို သင်စတင်အကောင်အထည်ဖော်ပြီး မကြာခင်မှာပဲ သင်တစ်ယောက်တည်းလုပ်ရတာ အဆင်မပြေမှန်း သိလာပါပြီ.။ ဥပမာ သင်က Programmer တစ်ယောက်ဆိုပါတော့.။ သင့် Product ကို သင်အကောင်းဆုံး ဖန်တီးနိုင်ပေမယ့် ဈေးကွက်တင်ဖို့၊ မားကတ်တင်းလုပ်ဖို့ ကိစ္စတွေမှာ သင်မကျွမ်းကျင်ပါဘူး.။ ဒါကြောင့် အကူအညီလိုလာပါပြီ.။ သူငယ်ချင်းတစ်ယောက်ကို ပြောပြကြည့်တဲ့အခါ သူကလဲ သင့်အိုင်ဒီယာကို သဘောကျပြီး စိတ်ဝင်စားပါတယ်.။ ဒါပေမယ့် သင့်မှာ သူ့ကို လက်ငင်းပေးဖို့ ပိုက်ဆံမရှိသေးပါဘူး.။ ဒီအတွက် သင့် Startup ရဲ့ တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးရပါမယ်.။ ဒါပေမယ့် ဘယ်လောက်ပေးမှာလဲ.. 20% လား.. အရမ်းနည်းပါတယ်.။ သူဟာ သင်နဲ့အတူတူလောက် ဒီ Startup မှာ အချိန်ပေးရမှာဖြစ်တဲ့အတွက် တစ်ယောက်တစ်ဝက်စီပဲ ဖြစ်သင့်ပါတယ်.။ 50 - 50 လို့ ခွဲဝေလိုက်ပါတယ်.။

သင်တို့နှစ်ယောက် အတူတကွအလုပ်လုပ်ကြတယ်.။ ကိုယ့်အပိုင်းကို ကိုယ်တာဝန်ယူပြီး လုပ်ကြတယ်.။ ဒါပေမယ့် ငွေပိုလိုလာပါတယ်.။ ရုံးခန်းငှားဖို့ လိုလာမယ်.။ လိုအပ်တာတွေ ဝယ်ယူဖို့လိုလာမယ်.။ စသည်ဖြင့်လိုအပ်လာတဲ့အခါ Funding ရဖို့လိုလာပါမယ်.။ ဒီအချိန်မှာ VC ကို ပြဖို့ စောလွန်းပါသေးတယ်.။ သူတို့အနေနဲ့ ကိုယ့် Startup ကို ယုံကြည်မှု ရှိဦးမှာမဟုတ်ပါဘူး.။

The Family and Friends Round
သင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေဟာ Investor တွေလောက် မချမ်းသာပေမယ့် သူတို့တတ်နိုင်တဲ့ အတိုင်းအတာနဲ့ သင့်ကို အကူအညီပေးနိုင်ပါတယ်.။ သင့်ရဲ့ Co-founder မှာ ချမ်းသာတဲ့ ဦးလေးတစ်ယောက် ရှိတယ်ဆိုပါစို့.။ သူ့ကို 5% ပေးလိုက်ပြီး အပြန်အလှန်အဖြစ် သူ့ဆီက $15,000 ပြန်ယူလိုက်ပါတယ်.။ ခုချိန်မှာ သင့်အနေနဲ့ ရုံးခန်းငှားနိုင်ပါပြီ.။ အခြားလိုအပ်တာတွေလဲ ဝယ်ယူနိုင်ပါပြီ.။

Registering the Company
ဦးလေးဖြစ်သူကို 5% ပေးနိုင်ဖို့အတွက် သင့် Startup ကို တရားဝင် မှတ်ပုံတင်ဖို့လိုလာပါပြီ.။ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေအရ မှတ်ပုံတင်ခြင်းကိစ္စတွေ ဆောင်ရွက်ရပါမယ်.။ 5% ကို ဦးလေးကို ပေးဖို့ ထားပြီး အခြား 20% ကို Future Employees တွေအတွက် ထားရပါမယ်.။ ဒါကို "Option pool" လို့ခေါ်ပါတယ်.။ ဘာကြောင့် Option Pool လိုအပ်သလဲဆိုရင် အနာဂတ်မှာ ရောက်လာမယ့် ရင်းနှီးမြှုပ်နှံသူတွေက Option Pool လိုအပ်လာမှာမို့ အဆင်သင့်ဖြစ်စေဖို့ နဲ့ သင်နဲ့ သင့်ရဲ့ Co-founder တို့ ဘယ်သူမှ ကုမ္ပဏီကို အပြည့်အဝစီမံခန့်ခွဲခွင့် မရနိုင်အောင် ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်.။

The Angel Round
ဦးလေးဆီက ရတဲ့ ငွေနဲ့ Startup ကို ရှေ့ဆက်နေရင်း ပိုက်ဆံကုန်မသွားခင် အခြား Funding တွေလိုအပ်ကြောင်း သင်သဘောပေါက်လာပါတယ်.။ ဒီနေရာမှာ ရွေးချယ်ခွင့် (၂) မျိုးရှိပါတယ်.။

1. Incubators, accelerators, and "excubators" - သင့်အတွက်လိုအပ်တဲ့ Funding, အလုပ်လုပ်ဖို့ Space နဲ့ Advisors တွေ ရနိုင်တဲ့နေရာတွေဖြစ်ပါတယ်.။ Funding အနေနဲ့ကတော့ သတ်မှတ်ချက်ရှိပါတယ်.။ အများအားဖြင့် $25,000 အတွက် ကုမ္ပဏီရဲ့ 5% - 10% ကို ပြန်ပေးရပါတယ်.။

2. Angels - Angel တွေဟာ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပါတယ်.။ သင့်ကုမ္ပဏီအတွက် Angel တစ်ယောက်ကို သင်ရှာတွေ့ပါတယ်.။ သူက သင့်ကုမ္ပဏီကို $ 1 million တန်ဖိုးဖြတ်ပြီး $200,000 ပေးအပ်ဖို့ သဘောတူပါတယ်.။

ဒါဆိုရင် သင့်ကုမ္ပဏီရဲ့ ဘယ်လောက် percent ကိုပေးရမလဲဆိုတာ တွက်ချက်ဖို့ အချိန်ရောက်ပါပြီ.။ 20% ပေးရမှာမဟုတ်ပါဘူး.။ ကုမ္ပဏီရဲ့ "pre-money valuation" လို့ခေါ်တဲ့ "ပိုက်ဆံထပ်မထည့်ခင် တန်ဖိုး" နဲ့ investment ကို မူတည်ပြီး တွက်ချက်ရမှာဖြစ်ပါတယ်.။

"ပိုက်ဆံထပ်မထည့်ခင် တန်ဖိုး" $1,000,000 + "Investment" $200,000 = $1,200,000 "ပိုက်ဆံထပ်ထည့်ပြီး တန်ဖိုး"

$200,000/$1,200,000 = 1/6 = 16.7% ဖြစ်ပါတယ်.။ ပိုက်ဆံမထည့်ခင် မူလတန်ဖိုးပေါ် မူတည်ပြီး တွက်ချက်ရင် 20% ပေးရမှာဖြစ်ပါတယ်.။ အဲဒီလိုတွက်လို့ မရနိုင်ပါဘူး.။ ပိုက်ဆံကို ထပ်မံထည့်သွင်းပြီး ရလာတဲ့ တန်ဖိုးပေါ်မှာမှ တွက်ချက်ရတာဖြစ်ပါတယ်.။

ဒါဆိုရင် Angel က 16.7% ရရှိမှာဖြစ်ပါတယ်.။ သင်၊ Co-founder နဲ့ ဦးလေးကတော့ ယခုပိုင်ဆိုင်ထားတဲ့ percent ထဲမှ 16.7% ကို နှုတ်ပေးရမှာဖြစ်ပါတယ်.။

Venture Capital Round
သင့်ကုမ္ပဏီရဲ့ ပထမဆုံး Product စတင်ထွက်ရှိလာပါပြီ.။ ဈေးကွက်မှာလဲ အခြေအနေကောင်းတဲ့အတွက် တိုးတက်ထုတ်လုပ်ဖို့လိုလာပါပြီ.။ ဒီတော့ ဘာလုပ်မလဲ.. VC တွေကို သွားပြီး Investment ရယူဖို့ လိုပါပြီ.။ VC က သင့်ရဲ့ ကုမ္ပဏီကို $4 million တန်ဖိုးဖြတ်ပါတယ်.။ ဒါက ပိုက်ဆံထပ်မထည့်ခင် မူလတန်ဖိုး ဖြစ်ပါတယ်.။ VC အနေနဲ့ $2 million Invest လုပ်မယ်လို့ ဆိုပါတယ်.။ ဒါကြောင့်

$4,000,000 + $2,000,000 = $6,000,000
$2,000,000/$6,000,000 = 33.3% ဖြစ်ပါတယ်.။

ဒါဟာ serie A ဖြစ်ပါတယ်.။ သင့်အနေနဲ့ serie B, C စသည်ဖြင့် လိုအပ်သလောက် ထပ်မံရယူနိုင်ပါတယ်.။ ဒီအဆင့်တွေ ပြီးသွားရင်တော့ သင့် ကုမ္ပဏီမှာ အပြောင်းအလဲ (၃) ခုနဲ့ ကြုံရနိုင်ပါတယ်.။ (၁) သင့်ပိုက်ဆံတွေကုန်သွားမယ်၊ ဘယ်သူမှ သင့်ဆီမှာ Invest မလုပ်ချင်တော့ဘူး၊ သင့်ကုမ္ပဏီ ပျက်သွားပါမယ်.။ (၂) သင့်ကုမ္ပဏီ ပိုကြီးလာမယ်.။ ကုမ္ပဏီကြီးတွေက သင့်ကို ဝယ်ယူသွားပါမယ်.။ (၃) သို့မဟုတ် သင့်ကုမ္ပဏီဟာ ကြီးသထက်ကြီးလာပြီး IPO (သို့) အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲချိန် ရောက်လာပါမယ်.။

Going Public
အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရတဲ့ အဓိကအကြောင်းရင်း (၂) ချက်ရှိပါတယ်.။ ပထမအချက်က ပိုက်ဆံပိုမိုဝင်ဖို့ဖြစ်ပါတယ်.။ ကုမ္ပဏီကို တန်ဖိုးသတ်မှတ်ပြီး Stock များခွဲဝေ ရောင်းချခြင်းဖြင့် သာမန်လူများ ဝယ်ယူနိုင်လာတဲ့အခါ ကုမ္ပဏီတန်ဖိုး တက်လာပါမယ်.။ ဒုတိယအချက်ကတော့ လောလောဆယ် ခွဲဝေရယူထားတဲ့ Share များဟာ "restricted stock" လို့ခေါ်ပါတယ်.။ အလွယ်တကူ ရောင်းချလို့ မရတဲ့ Stock အမျိုးအစားများဖြစ်ပါတယ်.။ အစိုးရက Verify မလုပ်ရသေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ Stock ဖြစ်တဲ့အတွက် အများပြည်သူက ယုံကြည်မှု မရှိသေးပါဘူး.။ IPO လုပ်တယ်ဆိုတာ အစိုးရက Verify လုပ်တာဖြစ်တဲ့အတွက် အများပြည်သူ ဝယ်ယူနိုင်တဲ့ Stock အဖြစ် ပြောင်းလဲသွားပါတယ်.။ ဒီအခါ အလွယ်တကူ ထုတ်ရောင်းနိုင်ပြီဖြစ်ပါတယ်.။

ပထမပိုင်းမှာ ဖယ်ထားခဲ့တဲ့ Option Pool ကို ရယူထားတဲ့ Employee တွေအနေနဲ့လဲ IPO ဟာ ထွက်ပေါက်ဖြစ်ပါတယ်.။ လခနည်းနည်းပဲ ရယူပြီး ကိုယ်လောင်းကြေးထပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခု IPO ပြောင်းလိုက်ခြင်းဟာ Stock များကို ရောင်းချပြီး ပိုက်ဆံထုတ်ယူနိုင်တဲ့ အချိန်အခါပဲ ဖြစ်ပါတယ်.။

Written by: အောင်မွန်ချမ်း
www.myanmarleaders.com
Ref: Funders and Founders

No comments