Header Ads

ကိုယ့အဆင့်အတန်း ကိုယ်မြင့်တင်သင့်တဲ့ အကြောင်းအရင်း

ကိုယ့်အဆင့်အတန်းကိုယ်မြှင့်တင်သင့်တဲ့ အကြောင်းအရင်း။

လူတိုင်းမှာ စာရွက်ပေါ်မှာမှတ်တမ်းမတင်ထားပေမယ့် ကိုယ်ပိုင်အဆင့်အတန်းတော့ရှိကြတယ်။
အဆင့်အတန်းထဲမှာ အလုပ်အကိုင်၊ လူမှုအသိုင်းအဝိုင်း  နဲ့ ပြောဆိုနေထိုင်ပုံတွေအားလုံးအကျုံုးဝင်တာပေါ့။
အောက်မြင်နေတဲ့သူတွေကို လိုက်ပြီးလေ့လာကြမယ်ဆိုရင် သူတို့တွေအားလုံးဟာ သာမန်လူတွေထက်ပိုပြီး အဆင့်အတန်းမြှင့်မြှင့်နေထိုင်ကြတယ်ဆိုတာကို
တွေ့ရတယ်။

ကိုယ်အဆင့်အတန်းကိုမြှင့်မယ်ဖို့ဆိုရင် တချို့အချက်တွေကိုတော့ ထည့်သွင်းစဉ်းစားထားဖို့လိုမယ်။

၁) C အဆင့်။
ကျောင်းမှာဆိုရင် အဆင့်တွေသတ်မှတ်ထားတာရှိပါတယ်။ A, B, C စသည်ဖြင့်ပေါ့။ A ဆိုရင်တော့ အတော်ဆုံး၊ C ဆိုရင်တော့ အောင်ရုံပေါ့။ ကျောင်းသားတစ်ယောက်ရဲ့ ရည်မှန်းချက်က C ရရင်တော်ပြီဆိုရင်
သူ စာကြည့်ရင်လည်း C ရလောက်ရုံတင်ကြည့်မယ်။ အောင်စာရင်းထွက်တော့လည်း C ၊ နောက်တော့လည်း C ရရုံကြည့်ရင်းနဲ့   C ဘဝကနေကို မတက်နိုင်တော့ဘူး။
ဒါဟာ ဘာလို့လဲဆိုတော့ လူ့သဘာဝကိုက အနည်းဆုံးကိုပဲလုပ်ချင်တဲ့အတွက်ကြောင့်ပါ၊

ကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုဆိုတာ ကိုယ်သတ်မှတ်ထားတဲ့ရလဒ်ကိုရတာကိုခေါ်တာပါ။ လူတော်တော်များများက
သူတို့သတ်မှတ်ထားတဲ့ ရလဒ်မရမချင်း ကြိုးစားကြတယ်။ ဒီအရာဘဲ လူတွေကိုတိုးတက်ဖို့တွန်းအားပေးတဲ့အရာဖြစ်တယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ ရလဒ်ကိုအကြီးကြီးသတ်မှတ်ထားဖို့လိုတယ်။

၂) ရလဒ်ထက် လုပ်စဉ်ကပိုအရေးကြီးတယ်။
အားကစားသမားငယ်ငယ်လေးတွေ စကစားခါစကတော့ အဖွဲ့လိုက်လုပ်တတ်ဖို့၊ အားကစားစိတ်ဓါတ်ရှိဖို့ နဲ့ ပျော်ရွှင်ဖို့လောက်ပဲ အရေးကြီးတာ။ နောက်တော့ပွဲကြည့်ပရိသတ်တွေက နိုင်ရမယ်ဆိုတဲ့စိတ်ဓါတ်ကြီးကို
ရိုက်ထည့်ပေးလိုက်တယ်။အရွယ်တောင်မရောက်သေးခင်မှာဘဲ ကျွန်တော်တို့အားလုံးက ဘဝကို ရလဒ်တွေနဲ့ပဲတိုင်းတာလာကြတော့တယ်။ ရလဒ်တွေက အရေးမကြီးဘူးလို့ဆိုလိုတာမဟုတ်ပေမဲ့ ရလဒ်ဆိုတာ
အောင်မြင်မှုရဲ့အစိတ်အပိုင်းလေးပါဘဲ။

ကိုယ့်အဆင့်အတန်းကိုမြှင့်တင်ဖို့ ဆိုရင် အောင်မြင်မှုဆီသွားဖို့ကြာရှည်ခံမဲ့ ကိုယ်ပိုင်စည်းကမ်းသတ်မှတ်တာမျိုးဖြစ်သင့်တယ်။ ရလဒ်ကြီးချက်ချင်းထွက်လာဖို့ အားထုတ်တာထက် ကိုယ့်အဆင့်အတန်းကိုမြှင့်တင်ပြီး
လုပ်စဉ်ကိုယုံကြည်တာက ပိုအကျိုးထူးမယ်။

၃) ကိုယ့်ရဲ့အကြောင်းပြချက်က အဓိပ္ပာယ်ရှိပြီး ကိုယ်နဲ့သက်ဆိုင်ရမယ်။
ကောင်းတဲ့လုပ်စဉ်က ကောင်းတဲ့ရလဒ်ကိုပေးမယ်ဆိုတာ ဧကန်မုချဘဲ။ လုပ်စဉ်ကောင်းတစ်ခုဆိုတာကလည်း လွယ်လွယ်ဖန်တီးယူလို့ရတာ မဟုတ်ဘူး။ စိတ်အားထက်သန်မှုတွေအများကြီးလိုတယ်။ သင်ဘာအတွက်ကြောင့်
အောင်မြင်ချင်တာလဲဆိုတာကို သေချာထည့်စဉ်းစားရမယ်။ အကြောင်းပြချက်များလေလေ စိတ်အားထက်သန်ပြီး ကိုယ့်ကိုကိုယ် အောင်မြင်မှုဆီတွန်းနိုင်လေလေဘဲ။

#Spot #Tech_Khit #Success_and_Motivation

No comments