Header Ads

မိန်းကလေးတွေ ထုတ်မပြောပေမဲ့ သိစေချင်တဲ့အရာများ

မိန်းကလေးတွေထုတ်မပြောပေမဲ့ သိစေချင်တဲ့အရာများ (စော်ကြည်ချင်သူ၊ မိန်းမကျမ်းကြေချင်သူများလေ့လာသင့်)။

မိန်းကလေးတွေက သိပ်ပြီးနားလည်ရခက်တဲ့လူသားလေးတွေပေါ့၊ လိုချင်တာကိုလည်း ထုတ်မပြော၊ တိတ်တိတ်လေးပဲမျှော်လင့်နေရင်း မရတော့ အလိုလိုစိတ်ဆိုးလာကြတဲ့သူတွေပေါ့။ ဒါလေးတွေကတော့ သူတို့ထုတ်မပြောဘဲ ဘုရားရှိခိုးတိုင်း ကိုကို မီးကိုဒါတွေလုပ်ပေးပါစေလို့ဆုတောင်းနေတဲ့အရာတွေပေါ့။
တချို့ဆို တိတ်တိတ်လေးအိပ်မက်သွားပေးဖို့ကြိုးစားနေကြသေး (ခေးလေးတွေကချစ်စရာပါ)။

၁) ကိုကိုက ယုံကြည်ချက်ခိုင်မာတဲ့ ယောက်ျားလေးဖြစ်ပါစေ။
မိန်းခေးတွေက ဘာပြောပြောလိုက်လျောနေတဲ့ Yes Man တွေကိုမကြိုက်ကြဘူး။ ယောက်ျားလေးတွေလိုပဲ စိတ်ခေါ်မှုကိုနှစ်သက်ကြတဲ့ သူတွေမို့ပါ။

၂) ကိုကို သူ့သူငယ်ချင်းတွေနဲ့လည်းအချိန်ဖြုန်းပါစေ။
Relationship တစ်ခုအစမှာတော့ သမီးရည်းစားနှစ်ယောက်အမြဲတပူးပူးဖြစ်နေတာက သဘာဝကျပေမဲ့ အချိန်တွေကြာလာရင်တော့ တခြားသူတွေကိုပါ အချိန်ပေးဖို့ထည့်စဉ်းစားမှတော်ရာကျမယ်။
သင့်ကိုကောင်းစေချင်တာထက် သူ သင့်မျက်နှာကြီးကို ငြီးငွေ့လာမှာလည်းစိုးလို့ပါ။ ဒါကြောင့်သူ့ကိုတစ်ယောက်တည်းနေဖို့အချိန်ပေးပြီး သင့်ကိုများများလွမ်းခိုင်းလိုက်ပါ။

၃) ကိုကို မီးကိုချစ်တယ်လို့ မကြာခဏပြောစေချင်တယ်။
မိန်းခေးတိုင်းက သူဟာ သင့်ရဲ့ဟာဆိုတာမျိုးထုတ်ဖော်တာကို သဘောကျတယ်။ နေ့တိုင်း ချစ်တယ်လို့ရိုးရိုးပြောနေတာထက် တကယ်ချစ်ကြောင်းသက်သေပြပါ။ သူက သင့်ကိုတကယ်ချစ်တယ်ဆိုရင်
သူ့ကိုသူ့ထက်သာတဲ့သူတစ်ယောက်နဲ့ အစားထိုးသွားမှာ သူကြောက်တာပေါ့။ ဒါကြောင့် သူစိတ်ချရအောင် သူတစ်ယောက်တည်းကိုချစ်ကြောင်းသက်သေပြပေးသင့်တယ်

၎) ကိုကို ကောင်လေးဆိုးတော့ဖြစ်လို့ရတယ်၊ ဒါမဲ့လူကောင်းဖြစ်ပါစေ။
ကောင်လေးဆိုးဆိုးလေးတွေက မိန်းမလှတို့နှလုံးသားကိုသိမ်းပိုက်ထားသူတွေပါ။ ဒါမဲ့ ဂျစ်ကန်ကန်လုပ်တတ်ပေမဲ့ Gentleman တစ်ယောက်ဖြစ်နိုင်ပါသေးတယ်။ သူ့ကို ဂရုစိုက်ပေး၊ ကာကွယ်ပေး၊ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ။
သင့်ကိုပြည့်စုံတယ်လို့သူမထင်လေလေ သင်ဟာအစားထိုးလို့မရနိုင်ဘူးဆိုတာကို သူမသိလာလေလေပဲ။

၅) အလှပြင်ချိန်တွေကို ကိုကို့ကိုစိတ်ရှည်ရှည်စောင့်စေချင်တယ်။
ယောက်ျားလေးတွေက မိန်းခေးတွေအလှပြင်တာကို မစောင့်ချင်ကြဘူး။ မင်းက ငါ့အတွက်တော့မပြင်လည်းလှပြီးသားလို့ပြောကြတယ်။ ဒါမဲ့ မိန်းခေးတွေအလှပြင်တာ သူတို့ရည်းစားတွေအတွက်မှမဟုတ်တာ။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိဖို့ပြင်တာကြီးကို။ လှလှပပမိန်းကလေးတစ်ယောက်နဲ့ တွဲပြီးအပြင်ထွက်ရတာကို ကိုကိုတို့ဂုဏ်ယူလိုက်စမ်းပါ။

ဒါလေးတွေဖတ်၊ အလိုက်သိပြီး  ကွီးတို့ ခေးလေးတွေရဲ့ နှလုံးသားကို ပိုပြီးပိုပြီးသိမ်းပိုက်နိုင်ကြပါစေလို့ ...

#Spot #Tech_Khit #Relationship

No comments