Header Ads

စကားပြောကောင်းအောင် ဘယ်လိုကျင့်မလဲ

လူ့ပတ်​၀န်းကျင်​နဲ့အဆင်​​ပြေပြီး စကား​ပြော​ကောင်း​အောင်​ဘယ်​လို ကျင့်​ရမလဲ

လူရယ်​လို့ဖြစ်​လာပြီဆိုရင်​ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ပတ်​၀န်းကျင်​တစ်​ခု နဲ့ တစ်​ခုကို ချိတ်​ဆက်​ဖို့အတွက်​ဆိုရင်​ စကား​ပြောခြင်းဆို တဲ့ ကြားခံပစ္စည်း​လေးကိုသုံးရပါလိမ့်​မယ်​.. စကားဆိုရာမှာလည်း ​လေယူ​လေသိမ်း အမူအရာ မျက်​နှာ ပုံစံ စတာ​တွေ နဲ့ ဆက်​စပ်​​နေပြန်​ပါတယ်​..
ကျွန်​​တော်​​တွေ့ဖူးတဲ့ လူတစ်​ချို့ဆိုရင်​  စကား​ပြော အင်​မတန်​​ကောင်းတယ်​လို့ဆိုရမယ်​ဗျ သူတို့ စကား​ပြောတာ ကို နား​ထောင်​​ကြည့်​ရင်​ ပိုသိသာတယ်
စိတ်​ထဲ​တွေးကြည့်​ဗျာ .. လူတစ်​​ယောက်​စကား​ပြော​နေတယ်​ မျက်​နှာကလည်း စကားနဲ့ လိုက်​ဖတ်​​အောင်​ ပြုံး​နေမယ်​ အသံက လည်း ညင်​သာ​နေ မယ်​ အသံအနိမ့်​အမြင့်​ကလည်း စည်းဝါးကိုက်​​နေမယ်​ body language ဆိုတာ​လေးကလည်း အလျင်းသင့်​သလို ပါ​နေမယ်​ဆိုရင်​ .... လုံးဝကို ထမထွက်​သွားချင်​ ​လောက်​​အောင်​ စွဲ​ဆောင်​​တွေနဲ့ပြည့်​​နေမယ်​ဆိုတာ အာမခံတယ်​..
စကား​ပြောမတက်​လို့ လူသတ်​မှု​တွေ အထိ ဖြစ်​သွားတာ​တွေ လည်း အများကြီးရှိသလို "အ​ပြောမတက်​​တော့ ဆဲသလို" ဆိုတဲ့ အတိုင်း စကားဆိုတာက အင်​မတန်​ကို အ​ရေးကြီးတယ်

ကျွန်​​တော်​ တို့လည်း စကား​ပြော​ကောင်း​တဲ့ သူ​တွေ စကား​ပြောချိုသာတဲ့ သူ​တွေ ဖြစ်​လာ​စေဖို့  ​အောက်​က အချက်​​လေး​တွေကို ဆက်​​လေ့လာကြည့်​ရ​အောင်​ဗျာ.

-ယုံကြည်​မှု
... ယုံ ကြည်​မှု မရှိတဲ့ သူဟာ ဓာတ်​ခဲ မထည့်​ထားတဲ့ နာရီလိုပါပဲ သိပ်​ အသုံးမ၀င်​လှဘူး မိမိကိုယ်​ကို ယုံကြည်​မှု ​လေး ကိုသာမန်​ထက်​နည်းနည်းးပိုထားကြည့်​ပါ ​နေလို့ထိုင်​လို့​ကောင်းလာတာကို​တွေ့ရမှပါ(ယုံကြည်​မှု လွန်​တာကိုဆိုတာမဟုတ်​) ယုံကြည်​မှု ရှိရှိ နဲ့ စကားတစ်​ခါ​လောက်​ ​ပြောကြည့်​ပါ ယုံကြည်​မှု ဆိုတဲ့ စကားရဲ့ အရသာကို မိတ်​​ဆွေတို့ ​ ကြိုက်​နှစ်​သက်​သွား​စေရမယ်​ စကား​ပြော​ကောင်းသူတစ်​​ယောက်​ဖြစ်​ဖို့ အတွက်​ လည်း ယုံကြည်​မှုက အ​ခြေခံ ကျတဲ့ အပိုင်းမှာပါဝင်​​နေပါတယ်​..

-စိတ်​၀င်​စားမှု

မိတ်​​ဆွေတို့က ဗဟုသုတကြွယ်​၀လို့ စကားကို အဆင်​တန်​ဆာနဲ့ အလှဆုံးစာ​လုံး​တွေ ​ပြောနိုင်​ပြီဆိုပါစို့ ... မိတ်​​ဆွေတို့စကားကို နား​ထောင်​မယ့်​သူမရှိရင်​လည်း အလကားဖြစ်​​နေပါမယ်​ (အလုပ်​မပြီး​မြောက်​ဘူး​ပေါ့ဗျာ)
"အ​ပေးအယူဆိုတာ ရှိတယ်​ဗျ" သူများ​ပြော​နေတဲ့ စကား​တွေကို စိတ်​ပါဝင်​စားစွာနား​ထောင်​မှ ကိုယ့်​စကားကိုလည်း စိတ်​၀င်​စား​ပေးမှာ​ပေါ့ ဆိုလိုတာက စကား​ပြော​ကောင်းသူတစ်​​ယောက်​ဖြစ်​ဖို့ နား​ထောင်​သူ​ကောင်း တစ်​​ယောက်​ အရင်​ဖြစ်​ဖို့ လိုပါတယ်​...

-ဗဟုသုတ ကြွယ်​၀မှု
လူတစ်​​ယောက်​နဲ့ စကား​ပြောပြီးရင်​ အာ့လူအ​ကြောင်း အကုန်​​တော့ မသိနိုင်​​ပေမယ့်​ အကျဉ်းအ​နေ နဲ့​တော့ သိသွားတယ်​ဗျ သည်​လူဟာ ဗဟုသုတကြွယ်​၀သူလား ​လေ​ပေါလားဆိုတာမျိုး​ပေါ့ ဒါ​ကြောင့်​ စကား​ပြော​ကောင်းတဲ့သူတစ်​​ယောက်​ဖြစ်​ဖို့ ဗဟုသုတလည်းရှိဖို့ လိုအပ်​ပါတယ်​ဗျာ..
စကားတစ်​ခွန်းကို အချိန်​ အခါကြည့်​ပြီး​တော့လည်း​ပြောဖို့လိုအပ်​​နေပြန်​တယ်
အချိန်​သင့်​အခါသင့်​စကား​ပြောတက်​တာကလည်း မိတ်​​ဆွေတို့ကို စကား​ပြော​ကောင်းတဲ့ သူတ်​​ယောက်​ဖြစ်​​စေမှာပါ..

ပျားသကာထက်​ချို​သောစကား​တွေကို ​ပြောနိုင်​ကြပါ​စေလို့ ဆု​တောင်း​ပေးရင်းး

KaungHtet
#KaungHtet #TechKhit #Communication


No comments