Header Ads

"​​မျှော်​လင့်​ခြင်းနဲ့နေ​ရောင်​ခြည်​"



ဒီ​က​နေ့ရဲ့​နေ​ရောင်​ခြည်​ကိုမြင်​ရတာသင်​အရမ်း​ကံ​ကောင်းလို့ပါ။
ဒီ​နေ့ဟာဘဝရဲ့အလှဆုံး​နေ့ရက်​ဆိုလည်းမှားမယ်​မထင်​ပါဘူး။
ဒီ​နေ့ရဲ့မနက်​ခင်း​နေ​ရောင်​ခြည်​ကိုမ​တွေ့ပဲအ​မှောင်​လောကနဲ့
ဖြတ်​သန်းသွားရရှာ​သူ​တွေတစ်​ပုံကြီးပါ။အဲ့​တော့ပထမဉီးဆုံးအချက်​အ​နေနဲ့သိထားရမှာက
"ဒီ​နေ့ရဲ့အ​ကောင်းဆုံးကံထူးရှင်​ကသင်​ပါပဲ"

ဘဝမှာဖြစ်​ချင်​တဲ့အရာ​တွေကိုဒီ​နေ့ပဲအ​ကောင်​အထည်​​ဖော်​လိုက်​ပါ။ဘဝရဲ့​ပျော်​ရွှင်​မှု​တွေကိုဒီ​နေ့ပဲအရယူလိုက်​ပါ။သင်​ချစ်​ရတဲ့သူ​တွေကိုဒီ​နေ့မှာပဲစိတ်​ချမ်း​သာ​အောင်​လုပ်​​ပေးလိုက်​ပါ။ဘာလို့လဲဆို​တော့မနက်​ဖြန်​ဆိုတဲ့​နေ​ရောင်​ခြည်​ကိုမြင်​ရဖို့သင့်​အတွက်​မကျိန်း​တေလို့ပါ။သေခြင်းတရားဆိုတာ အမှန်​တရားတစ်​ခုပါပဲ။ရှောင်​လွှဲလို့မရပါဘူး။ငြင်းဆန်​လို့လည်းမရပါဘူး။အခုလို​ပြောလို့စိတ်​ဓာတ်​ကျခိုင်းတာမဟုတ်​ရပါဘူး။

ကျွန်​​တော်​အကြံ​ပေးချင်​တာက မနက်​ဖြန်​ရဲ့​နေ​ရောင်​ခြည်​ကို
သင်​​မျှော်​လင့်ပါ။ထိုင်​​​စောင့်​မ​နေနဲ့နဲ့လို့​ပြောချင်​တာပါ။သင်​ရဲ့အ​ကောင်းဆုံးအချိန်​သည်​ယခုပစ္စုန်​မှာပဲရှိပါတယ်​။ဒီ​​နေ့ရဲ့​နေ​ရောင်​ခြည်​ကိုမြင်​ရခြင်းသည်​ လောကကြီးကသင့်​ကိုအခွင့်​အ​ရေးတစ်​ကြိမ်​ထပ်​​ပေးထား​ခြင်းဖြစ်​ပါတယ်​။အဲ့​တော့ မနက်​ဖြန်​ရဲ့​နေ​ရောင်​ခြည်​ကို​မျှော်​လင့်​ရင်းသင်​ပိုင်​ဆိုင်​ထားတဲ့ဒီ​နေ့မှာအလှပဆုံး
အချိန်​​တွေကိုဖန်​တီးလိုက်​ပါ​တော့​နော်​။

Mg Thiha(Dagon) 

No comments