Header Ads

ကမ္ဘာစစ်တွေရဲ့သမိုင်းကြောင်း


ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့ပြီး
ပထမကမ္ဘာစစ်လောက် ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး(Great war) ဟုပါ ခေါ်ဆိုခဲ့ကြပါသည် . ပထမကမ္ဘာစစ်ပြီးဆုံးပြီး နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည်များသည် စစ်ကြီးမဖြစ်ခင်က သာမန်ပြည်သူများ အများဆုံးဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ ရှိသည်ဟု ပြောကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ် ပတ်ပါက ထက်ဝက်နီးပါးခန့်ရှိမည်ဖြစ်သည်။
ပထမကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီး နှစ်ခုပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ် နှင့် ရုရှားတို့ ပါဝင်သော မဟာမိတ်နိုင်ငံများ (Allied Powers) နှင့် ဂျာမနီ၊ သြစတြီးယား နှင့် ဟန်ဂေရီတို့ ပါဝင်သော ဗဟိုအင်အားကြီး နိုင်ငံများ (Central Power) တို့ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဟာမိတ် နိုင်ငံများဘက်မှ ဂျပန်နိုင်ငံစသောနိုင်ငံငယ်များပါဝင်လာပြီး၊ ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီယားစသော နိုင်ငံများပါဝင်လာခဲ့သည်။ စစ်ပွဲကြီး ပြီးခါနီးတွင်မှ အမေရိကန်နိုင်ငံသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။
ထိုစစ်ပွဲတွင် တိုက်ခိုက်မှုအားလုံးနီးပါးသည် အင်္ဂလိပ်ရေလက်ကြားမှ ဆွစ်ဇာလန်အကြား အရှေ့ဥရောပအပါအ၀င် ဥရောပတိုက်၌ ဖြစ်ပွားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့တွင်လည်း အနည်းငယ် ဖြစ်ပွားခဲ့သည်။
ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် သြစတြီးယားအိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် နှင့် ကြင်ယာတော်တို့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗို မြို့တွင်လုပ်ကြံခံရရာမှစတင်ခဲ့သည်။ ဘော့စနီးယား နိုင်ငံသည် ၁၉၀၈ ခုနှစ်တွင် သြစတြီးယားနိုင်ငံ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဘော့စနီးယန်းအများစုမှာ ဆာ့ဘ်လူမျိုးများဖြစ်ကြသည်။ ထိုသူတို့သည်သြစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ပေါင်းစည်းလိုကြသည်။ သြစတြီးယားအိမ်ရှေ့မင်းသားကို လုပ်ကြံသူမှာ Black Hand ဟုခေါ်သော ဆာ့ဘ်အကြမ်းဖက်အသင်းဝင် ဘော့စနီးယန်း အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယားပေါင်းစည်းရေးကို လိုလားသူဖြစ်သည်။
ဆားဘီးယားနိုင်ငံမှ ယင်းကဲ့သို့လုပ်ကြံမှုမျိုးပေါ်ပေါက်အောင် အားပေးသည်ဟုဆိုကာ သြစတြီးယားက ဆားဘီးယားကို ပြင်းထန်သည့်ရာဇသံများပို့ခဲ့သည်။ သြစတြီးယား၏ ရာဇသံကို ဂျာမနီကထောက်ခံခဲ့သည်။ ထိုရာဇသံပါအချက်အလက်များသည် ဆားဘီးယား၏လွပ်လတ်ရေးကိုထိပါးသောကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံ၏ ထောက်ခံမှုကိုရရှိသောကြောင့်လည်းကောင်း ဆားဘီးယားသည် သြစတြီးယားကိုရင်ဆိုင်ရန် စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကိုလက်မခံနိုင်ကြောင်း သြစတြီးယားအား အကြောင်းကြား ခဲ့သည်။
ထို့ကြောင့် ၁၉၁၄၊ ဇူလိုင်(၂၈) တွင် သြစတြီးယားက ဆားဘီးယားကို စစ်ကြေညာခဲ့သည်။ သြစတြီယားနှင့် ဆားဘီးယားတို့စစ်ဖြစ်ရာတွင် သြစတြီးယားဘက်မှ ဂျာမနီကလည်းကောင်း၊ ဆားဘီးယားဘက်မှ ပြင်သစ်၊ ရုရှားနှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီးပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီခွဲဝေပေးမည်ဟူသော အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅ တွင် အီတလီသည် ယင်းတို့ဘက်မှ ပါဝင်တိုက်ခိုက် ခဲ့သည်။
၁၉၁၈ မှာတော့ စစ်ပြေငြိမ်းရေး စာချုပ်များချုပ်ဆိုပြီး ပထမကမ္ဘာစစ်အား အဆုံးသတ်ခဲ့ကြပါတယ် .

ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ တွင်စတင်ဖြစ်ပွားပြီး ၁၉၄၅
တွင်ပြီးဆုံးခဲ့သည်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသည့်နေ့ကို ဂျာမနီက ပိုလန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်သည့် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့ ကို စစ်ကြီး စတင်ဖြစ်ပွားရာ နေ့ဟု သမိုင်းဆရာတို့က မှတ်ယူကြပါသည် . ဒုတိယကမ္ဘာစစ် ဖြစ်ပွားရခြင်း အဓိက တရားခံကတော့ ဂျာမနီတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဟစ်တလာ
ကြောင့်ပဲ ဖြစ်ပါတယ် . ဟစ်တလာ မှ ပိုလန်နိုင်ငံကို ၁၉၃၉ ခုနှစ်
စက်တင်ဘာလ ၁ ရက်နေ့တွင် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ပါတယ်. ဒီမှာပဲ ဗြိတိန် နဲ့ ပြင်သစ် မှ ဂျာမနီအား စစ်ကြေညာ ခဲ့ပါတယ်. ဒီအချိန်ကနေစပြီးတော့ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားပါတော့တယ်.
ဒုတိယ ကမ္ဘာစစ်ကတော့ အရမ်းကို ကြီးမားတဲ့ စစ်ပွဲကြီးလို့ ပြောလို့ရပါတယ် . ဒီစစ်ပွဲကြီးမှာ သမိုင်းဝင် ဖြစ်ရပ်တွေ အများကြီး ကျန်ရစ်ခဲ့ပါတယ် . ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ တွင် ၀င်ရိုးတန်း နိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံသည် စစ်မကြေညာဘဲ အမေရိကန် ပြည်ထောင်စုပိုင် ဟာဝိုင်ရီကျွန်းရှိ “ ပါးဟာဗာခေါ် “ ပုလဲဆိပ်ကမ်း” ကို ရုတ်တရက် ဗုံးကြဲတိုက်ခိုက်သည် .

ထို့အတူ အမေရိကန်ကလဲ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဂျပန်နိုင်ငံ ဟွန်ရှူကျွန်း ပေါ်ရှိ ဟီရိုရှီးမား မြို့ပေါ် ကို အဏုမြူဗုံး တစ်လုံး ကြဲချခဲ့ပါတယ် .အဆိုပါ ဗုံးကြောင့် ဟီရိုရှီးမား မြို့တွင် နေထိုင်သူ လူဦးေ၇ - ၃၄၄ဝဝဝ ရှိသည့်အနက် သေဆုံးသူနှင့် ပျောက်ဆုံးသူ ဦးရေ ၇၁ဝဝဝ နှင့် ဒဏ်ရာ ရသူ ၆၈ဝဝဝ ရှိခဲ့ပါတယ်.
နောက် သုံးရက်အကြာ သြဂုတ်လ ၉ ရက် နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဂျပန်နိုင်ငံ ကျူရှူကျွန်း ပေါ်ရှိ နာဂါဆကီ မြို့ပေါ်သို့ အမေရိကန် အဏုမြူ ဗုံး နောက်တစ်လုံး ကြဲချခဲ့ပြန်သည်။ ဒုတိယ ဗုံးကြောင့် လူပေါင်း ၃၅ဝဝဝ သေဆုံးပြိး ၆ဝဝဝဝ ဒဏ်ရာ ရခဲ့သည်။ အနုမြူဗုံးဒဏ်ကြောင့် ဒဏ်ရာရသူများမှာ ယနေ့ထိ သားစဉ် မြေးဆက် ခံစားနေကြရဆဲ ဖြစ်ပါသည် .
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်
မှာတော့ လုံးဝ ပြီးဆုံးသွားခဲ့ပါတယ် .
ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ပြန်ကြည့်မယ်ဆိုရင်တော့

ကိုလိုနီ နယ်မြေများအပြိုင်အဆိုင်ရှာဖွေလာခြင်း
အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း
မဟာမိတ်စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းလာခြင်းနှင့်
လက်နက်အပြိုင်တပ်ဆင်လာခြင်း အစရှိတဲ့ အချက်တွေကြောင့်
လို့ ပြောလို့ရပါတယ် .

အခုလဲ တတိယကမ္ဘာစစ်ဆိုလား ဖြစ်ဖို့ အတော်နီးစပ်နေပြီလို့ ပြောသံကြားတယ်၊ တစ်ကယ်သာ ဖြစ်လာမယ်ဆိုရင်တော့ သာမန်ပြည်သူတွေလဲ ဒုက္ခ ပင်လယ်ဝေမှာတော့ အသေချာပါပဲ ၊

David Jame
Tech-Khit Digital Media

No comments