Header Ads

"သင့်ဘဝကိုအရှုံးပေးနေမိပြီဆိုရင်
အောက်ကပုံထဲကလူကိုကိုယ်ချင်း
စာပေးပါ"
သူ့နာမည်က'နစ်ဘွိုင်းယစ်ချစ်'လို့ခေါ်ပါ
တယ်။မွေးကတည်းကလက်ရောခြေရော
မပါပါဘူး။ဒါပေမယ့်သူ့ဘဝကိုအရှုံးပေး
တယ်ထင်လား?အခုဆိုရင်သူကကမ္ဘာ
ကျော်စိတ်ဓာတ်မြှင့်တင်ရေး Trainer
တစ်ယောက်တောင်ဖြစ်နေပါပြီ။
သူ့နေရာမှာသုံးမိနစ်လောက်ပဲဖြစ်ဖြစ်
သင့်ကိုယ်သင်ခြေရောလက်ရောမပါတဲ့
ပုံစံအဖြစ်မြင်ယောင်ကြည့်လိုက်ပါ။စိတ်ကူးနဲ့မြင်ယောင်တာတောင်အရမ်း
ကြောက်ဖို့ကောင်းနေပါလိမ့်မယ်။သူ့ခဗျာ
တော်တော်လေးသနားဖို့ကောင်းပါတယ်။
သူအဖေအမေတွေကလည်းသူ့သားလေး
စိတ်ဓာတ်ကျအားငယ်မှာစိုးလို့ဆိုပြီးသူများကလေးတွေနဲ့တန်းတူကျောင်းထားပေးခဲ့
တယ်။ကျောင်းရောက်တော့သူ့ရဲ့အတန်း
ဖော်တွေကအရုပ်တစ်ရုပ်လို့သူ့ကိုစကြ
ပြောင်ကျပါတယ်ဆိုတဲ့အကြောင်းစာအုပ်
တစ်အုပ်မှာကျွန်တော်ဖတ်ဖူးပါတယ်။
သူ့လိုနေရာမှာကျွန်တော်တို့တွေသာဆိုရင်ဘဝတစ်လျောက်လုံးစိတ်ဓာတ်ကျ
မှုတွေနဲ့ဖြတ်သန်းရလောက်ပါလိမ့်မယ်။
ဘာလို့လဲဆိုတော့လူတော်တော်များများ
ကလွယ်လွယ်နဲ့အရှုံးပေးတတ်ကြတယ်
လေ။နစ်ကတော့သူ့ဘဝကိုအကောင်းဆုံး
ပုံဖော်နိုင်ခဲ့တဲ့သူတစ်ယောက်ပါ။
သူ့ခြေထောက်မှာထွက်နေတဲ့အတက်က
လေးနဲ့မတ်တပ်ရပ်ဖို့စလေ့ကျင့်ခဲ့တယ်။
နောက်တော့ပါးစပ်နဲ့ခဲတံကိုကိုက်ပြီးစာ
ရေးလေ့ကျင့်ခဲ့ပြန်တယ်။တစ်ရက်မှာသူ
တက်နေတဲ့ခရစ်ယာန်ဘုရားကျောင်းကို
လာတဲ့လူအများစုဟာစီးပွားရေးအဆင်မ
ပြေလို့စိတ်ဓာတ်ကျနေကြတယ်။ဘုရားကျောင်းကဘုန်းကြီးတစ်ပါးကနစ်ကိုလူတွေ
စိတ်ဓာတ်တက်အောင်အားပေးစကား
ပြောဖို့တိုက်တွန်းတယ်။အဲ့လိုနဲ့နစ်ဟာ
လူရှေ့သူရှေ့မှာပထမဆုံးစကားပြောဖြစ်
တယ်။လူတွေကလည်းခြေလက်မပါတဲ့
ကောင်လေးကပျော်ပျော်ရွှင်ရွှင်အားတက်စကားတွေပြောတာတွေ့ရတော့အရမ်းသဘောကျသွားတယ်။နစ်ကိုကြည့်ရင်း
သူတို့လဲစိတ်ဓာတ်တွေတက်လာကြတယ်
ဆိုတဲ့အကြောင်းစာအုပ်တစ်အုပ်မှာကျွန်တော်ဖတ်ရင်းတဂယ်​လည်းစိတ်​ဓာတ်​​တွေကြံ့ခိုင်​လာခဲ့ပါတယ်​။
နစ်ပြောဖူးတဲ့အဖိုးတန်​စကားလေးတစ်​ခု​ပြောပြပါရ​စေ။
"သူကရှူးဖိနပ်တစ်ရံကိုသူ့အဝတ်ဘီရိုထဲ
မှာအခုထိသိမ်းထားတယ်တဲ့၊တစ်နေ့
မနက်အိပ်ယာကနိုးလာလို့သူ့ကိုယ်မှာခြေ
တွေလက်တွေပေါက်လာရင်အရံသင့်စီး
လို့ရအောင်လို့ပါတဲ့"
တဂယ့်ကိုအံ့မခန်းစိတ်ဓာတ်ပါပဲ။ခြေတွေ
လက်တွေမပါတဲ့နစ်ကတောင်သူ့ဘဝကို
လွယ်လွယ်နဲ့အရှုံးမပေးရင်ခင်ဗျားတို့
ကျွန်တော်တို့ကရောဘာလို့အရှုံးပေးရမှာ
လဲ"
Never Never Give Up!
ဘယ်တော့ဘယ်တော့မှအရှုံးမပေးပါနဲ့!
Thiha ( Dagon )
#Thiha #Tech_Khit
ကမ္ဘာပေါ်မှာအလှပဆုံးသောနေ့ရက်တွေကိုဖန်တီးနိင်ကြပါစေဗျာ

No comments