Header Ads

မုန်တိုင်းများ၏အမည်



မုန်တိုင်းဖြစ်လေ့ရှိသည့် ပင်လယ်ပြင်နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသည့် ပင်လယ်အနားသတ် နိုင်ငံများသည် မုန်တိုင်းဖြစ်လျှင် မှတ်မိလွယ်သော ထူးထူးခြားခြား နာမည် များကိုပေးရန် မိုးလေဝသ ပညာရှင်တို့ ဆွေးနွေးသဘောတူ ခဲ့ကြသည်။

ဘင်္ဂလား ပင်လယ်အော်မှာ အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းတွင် ပါဝင်နေသည့်အတွက် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း အနားသတ် နိုင်ငံများမှ တစ်နိုင်ငံလျှင် မုန်တိုင်း နာမည် ရှစ်ခုစီ ကြိုတင်ရွေးချယ် ပေးထားကြသည်။ မုန်တိုင်းတစ်ခုဖြစ်လျှင် နိုင်ငံအမည်များ၏ အင်္ဂလိပ်အက္ခရာ အစဉ်အတိုင်း ရွေးချယ်ကာ မိမိနိုင်ငံ အလှည့်ကျလျှင် မိမိနိုင်ငံမှ ရွေးချယ်ထားသည့် နာမည်များထဲမှ တစ်ခုကို မုန်တိုင်းအမည် တပ်စေခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် သို့အောက်တိုဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းအမည် ဂီရိမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အလှည့်ကျ ပေးထားသည့် နာမည်ဖြစ်ပြီး တောင်ဟု အဓိပ္ပာယ်ရသည်။ မုန်တိုင်းနာမည် ပေးခြင်းကို ၂ဝဝ၄ ခုနှစ်မှ စတင်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် ပထမဆုံးအမည် ပေးခြင်းခံရသည့်မုန်တိုင်းမှာ ၂ဝဝ၆ ခုနှစ် ဧပြီလတွင် တိုက်ခတ်ခဲ့သည့် မာလာမုန်တိုင်းဖြစ်သည်။

မုန်တိုင်းနာမည်နှင့် ပတ်သက်၍ နောက်ကြောင်း သမိုင်းကို ပြန်ကြည့်လျှင် ယခင်က မုန်တိုင်းနာမည်ကို မှတ်မိလွယ်စေရန် အမျိုးသမီးအမည် A အသ Z နှင့် အစပြုပြီး နာမည်ပေးခဲ့ကြောင်း ဆိုသည်။ သို့ရာတွင် အမျိုးသမီး အများစုက အဘယ်ကြောင့် အန္တရာယ် ဖြစ်စေသည့် မုန်တိုင်းနာမည်များကို အမျိုးသမီး နာမည်တွေချည်း ပေးရသနည်း။ အမျိုးသမီးတွေက ဆိုးရွားနေလို့လားဟု စောဒကတက် ကြသဖြင့် နောက်ပိုင်းတွင် အမျိုးသမီး နာမည်တစ်လှည့်၊ အမျိုးသားနာမည် တစ်လှည့် အမည်များ ပေးခဲ့ကြောင်းဖြင့် ဆိုသည်။ ဘင်္ဂလားပင်လယ်အော် အပါအဝင် ဖြစ်သည့် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းတွင် ယခင်က မုန်တိုင်း အမည်များ ပေးလေ့မရှိခဲ့သည့် နှစ်တစ်နှစ်၏ ပထမဆုံးဖြစ်သော မုန်တိုင်းကို BOBO သတ်မှတ်ခဲ့ကြောင်းဖြင့်လည်း သိရသည်။ BOBO မှာ Bay of Ban-gal ဖြစ်သည်။ ဂီရိမုန်တိုင်း၏ အမှတ်အသားမှာ BOBO42010 ဖြစ်သည်။

မုန်တိုင်းအမည်ပေးဇယား
နိုင်ငံ
အုပ်စု(၁)
အုပ်စု(၂)
အုပ်စု(၃)
အုပ်စု(၄)
အုပ်စု(၅)
အုပ်စု(၆)
အုပ်စု(၇)
အုပ်စု(၈)
Banglaldesh
Onil
Orgni
Orgni
Nisha
G iri
Helen
Chapala
Ockhi Fani
ဘင်္ဂလားဒေ့ရှ်
အိုနီလ်
အိုဂနိ
နီရှာ
ဂီရိ
ဟီလန်
ချာပလာ
အောက်ခီ
ဖာနီ
India
Agni
Akash
Bijli
Jil
Leher
Megh
Sagar
Vayu
အိန္ဒိယ
အဂ္ဂနီ
အကရှ်
ဘီဂျီလီ
ဂျလ်
လေဟာ
မိဂ
ဆာဂါ
ဗာယူ
Maldives
Hibaru
Gonu
Aila
Keila
Madi
Roanu
Makunu
Hikaa
မော်ဒိုက်
ဟီဘရူ
ဂေါ်နု
အိုင်လာ
ကိုင်လာ
မဒီ
ရိုအာနု
မာကူနု
ဟိကား
Myanmar
Pyarr
Yemyin
Phan
Thane
Na-Nauk
Kyant
Daye
Kyarr
မြန်မာ
ပျား
ရေမြင်း
ဖျံ
သိန်း
နွားနောက်
ကြံ့
ဒရယ်
ကျား
Oman
Baaz
Sidr
Ward
Mujan
Hadimud
Nada
Lusun
Maha
အိုမန်
ဘာအက်
ဆီဒါ
ဝဒ်
မူဂျန်
ဟဒီမာဒ်
နာဒါ
လူဆန်
မဟာ
Pakistan
Fanoos
Nargis
Laila
Nilen
Nikofar
Vardah
Titli
Bulbul
ပါကစ္စတန်
ဖန်နို့စ်
နာဂစ်
လိုင်လာ
နီလမ်
နီကိုဖာ
ဗာဒတ်
တစ်လီ
ဘူလ်ဘူလ်
Sri Lanka
Mala
Rashmi
Bandu
Mahasen
Priya
Asiri
Gigum
Soba
သီရိလင်္ကာ
မာလာ
ရပ်ရှ်မီ
ဗန်ဒူ
မဟာဆင်း
ပရိယာ
အဆီရီ
ဂီဂန်း
ဆိုဘာ
Thailand
Mukda
Khai-Muk
Phet
Phailin
Komen
Mora
Phethai
Amphan
ထိုင်း
မြူကဒ
ခိုင်မောက်
ဖက်
ဖိုင်လင်း
ကိုမန်း
မိုရာ
ပထိုင်း
အမ်ဖမ်း

မြန်မာနိုင်ငံမှ ပေးထားခဲ့သည့် မုန်တိုင်းအမည်များမှာ ပျား၊ ရေမြင်း၊ ဖျံ၊ သိန်း၊ နွားနောက်၊ ဒရယ်နှင့် ကျား စသည်များဖြစ်ကြသည်။

ကျန်းသားငမန်း၏ ဂီရိမုန်တိုင်းခြေရာခံမှတ်တမ်းမှ ကူးယူဖော်ပြပါသည် 

No comments