အောင်မြင်သူတွေအားလပ်ချိန်မှာ ဘာလုပ်ကြလဲ ?
အောင်မြင်သူတွေ အားလပ်ချိန်မှာ ဘာလုပ်ကြလဲ ?
အောင်မြင်သူတွေ အောင်မြင်ရတဲ့ အဓိကအကြောင်းအရင်းက သူတို့အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချလို့ပါ။
၁) အောင်မြင်သူတွေ လေ့ကျင့်ခန်းလုပ်တယ်။
အောင်မြင်နေတဲ့သူတွေက လေ့ကျင့်ခန်းပုံမှန်လုပ်ကြတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက စိတ်ဖိစီးမှုတွေကိုပြေပျောက်စေပြီး စွမ်းအင်တွေတိုးစေတော့ အလုပ်တွေပိုပြီး ပြီးမြှောက်စေတယ်။
၂) အောင်မြင်သူတွေ ပျော်ပျော်နေတယ်။
အောင်မြင်ချင်ရင် ပျော်ရွှင်မှုကိုစွန့်လွှတ်ရမယ်လို့ လူတွေယူဆထားကြပါတယ်။ တကယ်တော့ အလုပ်ကနေနားပြီး အပျော်ခရီးထွက်တာက စိတ်ကျန်းမာရေးအခြေအနေ၊ အလုပ်ပြီးမြှောက်နိုင်စွမ်း တွေကိုတိုးစေတာပါ။
၃) အောင်မြင်သူတွေ တရားထိုင်တယ်။
တရားထိုင်တာက အတွေးပေါင်းစုံကိုရှင်းပေးပြီး ပစ္စုပ္ပန်ကိုအာရုံစူးစိုက်နိုင်စေတယ်။ တစ်ရက်ကို ၁၀ မိနစ်လောက်ဘဲ တရားထိုင်မယ်ဆိုရင်တောင် စိတ်ကိုကြည်လင်စေတယ်၊ မှတ်ဥာဏ်အားကောင်းစေတယ်၊
အာရုံစိုက်နိုင်စွမ်းတက်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ချပေးတယ်။
၎) အောင်မြင်သူတွေ စာဖတ်တယ်။
စာပုံမှန်ရင် အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ သတင်းစာပဲဖတ်ဖတ်၊ တက်ကျန်းတွေပဲဖတ်ဖတ် မှတ်ဥာဏ်
အားကောင်းလာမယ်၊ ဝေါဟာရတွေကြွယ်ဝလာမယ်၊ အမြင်တွေကျယ်လာမယ်၊ ကိုယ့်စီးပွားရေးအတွက် အကြံဥာဏ်ကောင်းတွေထွက်လာမယ်။ စာအုပ်တစ်အုပ်ထိုင်ဖတ်ဖို့အချိန်မရဘူးဆိုရင်တောင်
အသံဖိုင်တွေနားထောင်နိုင်တယ်။
၅) အောင်မြင်သူတွေ လေ့လာတယ်။
ကိုယ်ဘယ်လောက်ပဲသိနေနေ လေ့လာစရာအသစ်အသစ်တွေကျန်သေးတယ်ဆိုတာကို အောင်မြင်သူတွေ ကောင်းကောင်းနားလည်ထားကြတယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်က ဆရာကြီးဖြစ်နေပြီဆိုရင်တောင်
ကိုယ်မှန်းဆထားတာနဲ့မတူတဲ့ နည်းပညာ၊ သတင်းအချက်အလက်အသစ် တွေကိုအစဉ်မပျက်စောင့်ကြည့်နေမှတော်ကာကျမယ်။
လူသစ်တွေနဲ့တွေ့ပြီးပဲဖြစ်ဖြစ်၊ သင်တန်းတွေ၊ ဟောပြောပွဲတွေတက်ပြီးဘဲဖြစ်ဖြစ် အမြဲအသစ်အသစ်တွေကိုလေ့လာဖို့အချိန်ပေးပါ။
၆) အောင်မြင်သူတွေ Volunteer လုပ်တယ်။
Volunteer လုပ်တဲ့ပွဲတွေက လူမျိုးစုံကိုတွေ့ဖို့အခွင့်အရေးမို့ အောင်မြင်သူတွေက မိတ်ဆွေတိုးဖို့အတွက် Volunteer အလုပ်တွေဆိုလက်လွတ်မခံကြဘူး။
၇) အောင်မြင်သူတွေ မိတ်ဆွေဖွဲ့တယ်။
မိတ်ဆွေဖွဲ့ပွဲတွေက အရမ်းကိုတန်ဖို့ကြီးလွန်းလို့ ပွဲတက်ရမဲ့အခွင့်အရေးတွေကို အမြဲရှာနေသင့်တယ်။ လူသစ်တွေက အခွင့်အရေးအသစ်၊ အဆက်အသွယ်အသစ်၊ သတင်းအချက်အလက်အသစ်တွေ ကိုခေါ်ဆောင်လာပေးနိုင်တယ်။
ဒါ့အပြင်လူမှုရေးလိုက်စားတာက စိတ်ကျန်းမာရေးအတွက်ပါကောင်းသေးတယ်။
၈) အောင်မြင်သူတွေ ချစ်ရသူတွေကို အချိန်ပေးတယ်။
တချို့သူတွေက ကိုယ်အောင်မြင်ဖို့အတွက်ရုံးကန်ရင်းနဲ့ မိသားစု၊ သူငယ်ချင်းတွေကိုပစ်ထားလိုက်တာ အောင်မြင်မှုလည်းရရော ကိုယ်လုပ်ခဲ့သမျှ အလကားတွေလို့စပြီးခံစားလာရတယ်။ တကယ်အောင်မြင်တဲ့သူတွေက
အောင်မြင်မှုအတွက်ရုန်းကန်ကြသလို ချစ်ရသူတွေကိုအချိန်ပေးဖို့လည်း ကြိုးစားကြတယ်။
Spot
Post a Comment