သင်ဘာလို့မအောင်မြင်သေးတာလဲ?
လူငယ်တွေတော်တော်များများက အောင်မြင်မှု ဆီကို သူတို့
ရောက်နိုင်သ လောက်မရောက်ကြဘူး . ဒါ့အပြင် သူတို့မရောက်ရတဲ့အကြောင်းအရင်းကိုလည်း မသိကြဘူး။ သူတို့ မှာဘဝတိုးတတ်ဖို့ကို နည်းလမ်းတွေ၊စဉ်းစားထားတာတွေအများကြီး
ရှိနေပေမဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မဖြစ်လာကြဘူး .

ဒါတွေရဲ့တရားခံကတော့ မကောင်းတဲ့အကျင့်ဆိုးတွေပါပဲ။ မကောင်းတဲ့အကျင့်တွေ
ကလည်း ကိုယ့်မှာရှိနေမှန်းတောင် သတိထားဖို့ခက်ခဲတဲ့အရာတွေပေါ့။ ကားတာယာကအပေါက်
သေးသေးလေးလိုပဲ သတိမပေး အချက်မပြပဲကိုယ့်ကိုကားလမ်းဘေးကိုဆွဲခေါ်သွားမဲ့
အရာမျိုးပေါ့။

အောင်မြင်ဖို့ဆိုရင် နယ်ပယ်တစ်ခုခုမှာကျွမ်းကျင်ထားဖို့လိုသလို ဝေးကွာလွန်းတဲ့ပန်းတိုင်ကို
အရောက်လမ်းဖို့ အာရုံစိုက်မှုတွေ၊ ဇွဲလုံ့လတွေစိုက်မှုတွေနဲ့တော်တော်ပေးဆပ်နိုင်ဖို့လိုအပ်ပါတယ်။
ကိုယ့်အကြောင်းကိုသိဖို့လည်းသိပ်လိုအပ်တာပေါ့။ ကိုယ့်အကျင့်တွေကို ကိုယ်ကောင်းကောင်းသိထားတာကလည်း
ကိုယ့်ပန်းတိုင်မရောက်ခင်ရပ်တန့်မသွားအောင် ကူညီပေးပါတယ်။

အောင်မြင်ချင်ရင်အောက်မှာပြပေးထားတာလေးတွေထဲက ဘယ်တစ်ခုကိုများသင်လုပ်နေမိလဲဆိုတာကိုရိုးရိုးသားသားဖြေပေးပါ ။
၁) ပြီးပြည့်စုံအောင်လုပ်တတ်သူ။
ဒါဟာ သင့်ကိုဖျက်စီးနေတဲ့ထဲက အဆိုးဆုံးတစ်ခုပေါ့။ တစ်ခုခုအမှားလုပ်မိမှာကြောက်နေရင် ဘာကိုမှ
စလုပ်ဖြစ်တော့မှာမဟုတ်ဘူး။ ပြီးပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့ခံယူချက်က သင့်ရဲ့ ဖန်တီးနိုင်စွမ်းရည်ကို
လျော့ကျစေတယ်။ အလုပ်ကိုပိုပြီးခက်ခဲစေတယ်။

သင့်ကိုသင် ပြီးပြည့်စုံအောင်မလုပ်တတ်တဲ့အကျင့်ရအောင် လုပ်ပါ။ ကိုယ်စခဲ့တာကို ကိုယ်အမြဲပြန်ပြင်နိုင်တာမို့
အကြမ်းဖျင်းအရင်လုပ်ကြည့်ပါ။ အကောင်းဆုံးသောအရာတွေဟာ အမှားတွေအများကြီးကြုံခဲ့ရတယ်၊ အဖန်ဖန်ပြင်ဆင်မှုတွေ
လုပ်ခဲ့ရတယ်ဆိုတာကို အမြဲသတိရနေပေးပါ။

၂) သင်ဟာအမြဲနှောက်ယှက်ခံနေရတယ်။
တစ်ခုခုလုပ်နေတုန်း အင်တာနက်သုံးတာ၊ ဖုန်းလာလို့ကိုင်လိုက်တာ၊ မုန့်တစ်ခုခုစားတာက အာရုံတွေကိုပျက်ပြားစေပါတယ်။
သင်မသိလိုက်သေးခင်မှာပဲ သင့်ရဲ့တစ်နေ့တာအချိန်တွေကုန်သွားနိုင်ပါတယ်။

တစ်ခုခုလုပ်နေပြီဆိုရင် သင့်အာရုံကိုဖမ်းစားသွားနိုင်မဲ့ဟာမျိုးကို သွားမစတာအကောင်းဆုံးပါ။ တကယ်လို့ ဖုန်းပြောတာတို့၊ စာပို့တာ
တို့လုပ်ဖို့လိုအပ်ရင်လည်း အချိန်တစ်ခုသတ်မှတ်ထားလိုက်ပါ။ လုပ်ပြီးတာနဲ့ သင်လုပ်နေတာဆက်လုပ်ဖို့ စည်းကမ်းထုတ်ထားလိုက်ပါ။

၃) Snooze button ကိုနှိပ်တုန်း။
လေ့လာတွေ့ရှိချက်တွေအရ မနက်ပိုင်း ၁၅ မိနစ်လောက်ထပ်မှေးလိုက်တာဟာ ပင်ပန်းမှုကိုမဖြေဖျောက်ပေးနိုင်ပါဘူး။ ပိုပြီးတောင်မောပန်းစေပါသေးတယ်တဲ့။
ပိုဆိုးတာက ၁၅ မိနစ်လောက်အိပ်လိုက်တာကရေချိုးဖို့အချိန်တွေ၊ ထမင်းစားဖို့အချိန်တွေကိုပါလျော့နည်းသွားစေတယ်။

အိပ်ရာထဲမှာ ၁၅ မိနစ်လောက်အချိန်ဖြုန်းနေမဲ့အစား ဒါဟာအပန်းမပြေဆိုဘူးလို့ သင့်ကိုသင်ကိုပြောပါ။ နှိုးစက်မြည်တာနဲ့ ချက်ချင်းထပြီး
ကိုယ့်ကိုလန်းဆန်းတက်ကြွစေမဲ့ လေ့ကျင့်ခန်းတွေစလုပ်ပါ။

၎) အရေးကြီးတဲ့အလုပ်တွေကိုမလုပ်ပဲ အချိန်ဆွဲတယ်။
လူတော်တော်များများရဲ့ ဦးနှောက်က မနက်ပိုင်းမှာပိုပြီးတော့လန်းဆန်းပါတယ်။
အရေးကြီးတဲ့အလုပ်တွေကို ရွေ့ဆိုင်းလိုက်လို့နေ့လည်၊ ညနေရောက်သွားရင် ဦးနှောက်က
သိပ်ပြီးစွမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။

ခက်ခဲတဲ့အလုပ်တွေကို မနက်စောစောလုပ်ပေးတာက စွမ်းဆောင်ရေကိုတိုးတက်စေတယ်။
သင်လုပ်ရမဲ့အလုပ်တွေပြီးသွားတော့ ပူပန်စရာမလိုပဲ တစ်နေ့လုံးကောင်းကောင်းအပန်းဖြေနိုင်တာပေါ့။

၅) အလုပ်ပေါင်းစုံလုပ်တယ်။
သင့်ကိုယ်သင်ဘက်စုံတော်တယ်လို့ထင်တာနဲ့ပဲ အလုပ်တွေပြီးမြှောက်ဖို့အသင့်တော်ဆုံးလို့ မထင်လိုက်ပါနဲ့။
လေ့လာတွေ့ရှိချက်တွေအရ အလုပ်ပေါင်းစုံလုပ်တာက ရေတိုမှတ်ဥာဏ်နဲ့ ရေရှည်မှတ်ဥာဏ် စွမ်းရည်တွေကိုကျစေပါတယ်။
့
ဘက်စုံလုပ်တာက သင့်ကိုအရေးကြီးတဲ့အသေးစိတ်တွေနဲ့ လွဲသွားစေပါတယ်။
အမှားများစေတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် တစ်ခုဆိုတစ်ခုပဲ အာရုံစိုက်လုပ်ပါ။

Writer By Spot
Post a Comment