ပုဂ္ဂလိက ဝန်ထမ်းများကို သင်္ကြန်၁၀ရက်ပိတ်ပေးမည်ဟု အလုပ်သမားဝန်ကြီးဌာနထုတ်ပြန် .
ပုဂ္ဂလိကအလုပ်ဌာနများ မှ ၀န်ထမ်းများအတွက် သင်္ကြန် တွင်း အလုပ်ပိတ်ရက်ကို သင့် လျော်သည့် အစားထိုးပေးရက် များဖြင့် ၁၀ ရက်ခွင့်ပြုရန် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။
သင်္ကြန်တွင်း အလုပ်ပိတ် ရက်သတ်မှတ်ချက်နှင့်ပတ်သက် ၍ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနက မတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ အလုပ်ရှင်၊ အလုပ် သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် မတ်လ ၁၇ ရက်တွင် အဆိုပါကြေ ညာချက်ကို ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ က မဟာသင်္ကြန်ကာလနှစ်သစ် ကူးရုံးပိတ်ရက် ငါးရက်သတ်မှတ်ထားပြီးဖြစ်သော်လည်း အလုပ်သမားများ ကြိုတင်စီစဉ်ထား သည့် အစီအစဉ်များအတိုင်း အ ဆင်ပြေစွာ ဆက်လက်ဆောင် ရွက်နိုင်စေရေးအတွက် ဆယ်ရက် အဖြစ် ခွင့်ပြုပေးရန်ဟူ၍ ကြေညာချက်၌ဖော်ပြထားသည်။
ထိုသို့ ပိတ်ရက်ဆယ်ရက် ပေးရာတွင် အစားထိုးပေးရမည့် ငါးရက်အတွက် အလုပ်ရှင်၊ အ လုပ်သမားနှစ်ဖက်ညှိနှိုင်း၍သင့် လျော်သည့် နည်းလမ်းဖြင့်သော် လည်း၊ ဥပဒေနှင့်အညီ နှစ်ဖက်ညှိ နှိုင်း၍ သင့်တော်သည့်နည်းလမ်း ဖြင့်သော်လည်း၊ သင့်တော်သည့် ခွင့်အမျိုးအစားအနေဖြင့်သော် လည်းကောင်း ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်ဟူ၍ ဆက် လက်ဖော်ပြထားသည်။
‘‘တခြားရက်တွေမှာ အစား ထိုးဆင်းခိုင်းမယ်ဆိုရင် အလုပ်သ မားတွေ လက်ခံတယ်။ အလုပ်ရှင် တွေလည်း ဒီသဘောပဲရှိမှာပါ။ ခွင့်ရက်ထဲကယူရမယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူး’’ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးနော်အောင်က ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသည် မတ်လ ၁၃ ရက်က အလုပ်ရှင်များနှင့် တွေ့ဆုံဆွေး နွေးခဲ့စဉ်က သင်္ကြန်နှစ်သစ်ကူး ပိတ်ရက် ၁၀ ရက်ထားရှိရန် တက်ရောက်လာသည့် လုပ်ငန်းရှင်အ များစု၏လက်ခံသဘောတူညီမှုရ ရှိခဲ့သည်။
အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနက ထိုသို့ကြေညာချက် မထုတ်ပြန်မီကတည်းက ပုဂ္ဂလိ က လုပ်ငန်းအချို့သည် ၎င်းတို့အ လုပ်သမားများ အခက်အခဲမဖြစ် စေရန် ယခုနှစ်တွင် သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကို ယခင်နှစ်အတိုင်း ၁၀ ရက်ဆက်လက်ထားရှိပေးမည်ဟု အသီးသီးထုတ်ပြန်ထားသည်.
Post a Comment