Header Ads

ဥာဏ်ကောင်းပြီး အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ့် အလေ့အကျင့် (၁၀) ခု



လူ့ဦးနှောက်ဟာလည်း ကြွက်သားတွေလို ပုံမှန်လေ့ကျင့်ပေးရင် ကောင်းကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။
ယခင်ကထက် ဥာဏ်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးမယ့် အလေ့အကျင့်ကောင်း (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စူးစမ်းလေ့လာပါ။
ပတ်ဝန်းကျင်ကအကြောင်းအရာတွေကို တွေ့မြင်ရုံသာမဟုတ်ဘဲ ဂရုစိုက်ပြီး စူးစမ်းလေ့လာသင့်ပါတယ်။
အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာပြီး ဆက်စပ်စဉ်းစားခြင်းဟာ သင့်ဦးနှောက်အတွက်ကောင်းမွန်သလို စူးစမ်းလိုစိတ်ကိုလဲ မြှင့်တင်ပေးပါတယ်။

၂။ သင်ယူပါ။
အမြဲမပြတ် သင်ယူလေ့လာနေတဲ့ ဦးနှောက်ဟာ အလေ့အကျင့်ဖြစ်သွားပြီး တစ်ခုခုကို သင်ယူလေ့လာဖို့အတွက် အဆင်သင့်ဖြစ်နေမှာပါ။
အမြဲလေ့လာနေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ ဘာသာစကားအသစ်တစ်ခုကို လွယ်ကူစွာ တတ်မြောက်နိုင်ပါတယ်။

၃။ နားထောင်ပါ။
ပတ်ဝန်းကျင်ကအသံတွေကို နားထောင်ခြင်းဟာလည်း ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးပါတယ်။
တခြားလူတွေ ဆွေးနွေးတာကို အချိန်ပေးနားထောင်ရင် ဦးနှောက်အတွက်ကောင်းသလို သူတို့ရဲ့ အတွေးအမြင်တွေကို သိရှိခွင့်ရမှာဖြစ်ပါတယ်။
မကြားဖူးတဲ့ သီချင်းအသစ်တွေကို ဂရုစိုက်နားထောင်ပေးရင်လည်း ဒီအလေ့အကျင့် ရရှိလာနိုင်မှာဖြစ်ပါတယ်။

၎။ စမ်းသပ်ပါ။
သက်သာတဲ့ နေရာမှာနေပြီး အသိပညာအသစ်တွေကို ကြိုးစားစမ်းသပ်မှုမလုပ်ဘူးဆိုရင် သင့်ဘဝဟာ တိုးတက်ဖို့ခက်ခဲနေပါလိမ့်မယ်။
သင်ခန်းစာတွေကို ရှာဖွေဖတ်ရှုပြီး စမ်းသပ်မှုတွေကို ပြုလုပ်ရပါမယ်။
ဒါမှလဲ အောင်မြင်တဲ့ဘဝကို ချီတက်ဖို့ ယုံကြည်မှုတွေရှိလာမှာဖြစ်ပါတယ်။

၅။ ချဲ့ထွင်စဉ်းစားပါ။
ရရှိလာတဲ့ ဗဟုသုတတွေကို ချဲ့ထွင်စဉ်းစားပါ။ အကြောင်းအရာတစ်ခုကို ချဲ့ထွင်စဉ်းစားပြီး ရှုထောင့်ပေါင်းစုံနဲ့ သုံးသပ်နိုင်အောင်
အသုံးဝင်မယ့် စာအုပ်တွေကို ရှာဖွေဖတ်ရှုသင့်ပါတယ်။

၆။ ဆွေးနွေးပါ။
ပတ်ဝန်းကျင်ကနေ သင်ယူလေ့လာသလို ပတ်ဝန်းကျင်ကိုလဲ သင်သိထားတဲ့ ဗဟုသုတတွေ၊ သင့်မှာရှိတဲ့ အတွေးအခေါ်တွေကို ချပြသင့်ပါတယ်။
ဒါမှလဲ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ မှတ်ဥာဏ်တွေကို ပြန်လည်ဆန်းသစ်စေမှာပါ။

၇။ ပုံမှန်လေ့ကျင့်ပါ။
တစ်နေ့ကို မိနစ်(၂၀) လောက် အချိန်ပေးပြီး ဦးနှောက်ကို လေ့ကျင့်ပေးသင့်ပါတယ်။
ဥာဏ်စမ်းပုစ္ဆာတွေကို ဖြေရှင်းပေးရင်လည်း ဦးနှောက်ကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။

၈။ တရားထိုင်ပါ။
တရားထိုင်ပေးခြင်းဟာ သင့်ရဲ့စိတ်ကိုအနားပေးသလိုဖြစ်ပြီး ခေါင်းကြည်လာစေပါတယ်။
စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်သလို ရှေ့ဆက် ဘာလုပ်သင့်တယ်ဆိုတာကိုလဲ ဆုံးဖြတ်လာနိုင်မှာဖြစ်ပါတယ်။

၉။ ဖြစ်နိုင်၊မဖြစ်နိုင်ကို သေချာစဉ်းစားပါ။
အကြောင်းအရာတစ်ခုရဲ့ ဖြစ်နိုင်ခြေတွေကို သေချာစဉ်းစားပြီး အဖြေထုတ်သင့်ပါတယ်။
ဘယ်အရာကိုမှ ပုံသေမမှတ်ဘဲ အမြဲစဉ်းစားပြီး အတွေးအခေါ်အသစ်တွေနဲ့ လုပ်ကိုင်သင့်ပါတယ်။

၁၀။ အတွေးတွေကို နယ်ချဲ့ပါ။
သင့်ခေါင်းထဲမှာ အတွေးတွေကို နယ်ချဲ့ရင်း အတွေးအခေါ်အသစ်တွေ ရရှိလာနိုင်ပါတယ်။
အတွေးတွေကို ကန့်သတ်မထားဘဲ တိုးတက်အောင် တွေးခေါ်နေခြင်းဟာ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးမှာ အသေအချာပါပဲ။

အထက်ပါ (၁၀)ချက်ဟာ အရမ်းမခက်ခဲတဲ့အတွက် သင့်ဦးနှောက်ကို ပင်ပန်းစေမှာမဟုတ်ပါဘူး။
ဒါကြောင့် ဒီအချက်တွေကို ပုံမှန်လေ့ကျင့်ပေးသင့်ပါတယ်။


လင်းလင်းမောင်

No comments