၂၀၁၆ ခုနှစ်မှာ သင်အခြေအနေကောင်းခဲ့တယ် ဆိုတာကိုသိနိုင်တဲ့ အချက် (၉) ချက်
၂၀၁၆ ခုနှစ်ကုန်ဆုံးဖို့ ရက်အနည်းငယ်သာကျန်ပါတော့တယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ သင့် ဘ၀အခြေအနေ ဘယ်လိုရှိခဲ့လဲ ဆိုတာကို ဆန်းစစ်ချင်တယ်ဆိုလျှင် အောက်ပါအချက်လေးတွေကို ဖတ်ရှုပြီး ဆန်းစစ်နိုင်ပါတယ်။
၁။ သင် သက်ရှိထင်ရှားရှိနေသေးခြင်း
ဒီထက်ကောင်းတဲ့ အချက်မရှိတော့ပါဘူး။ သင်အခု ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန်ဟာ ၂၀၁၆ ခုနှစ်ကုန်ဆုံးကာနီးဖြစ်တဲ့ အတွက် သင့်အနေနဲ့ ၂၀၁၆ ခုနှစ်ကို အသက်ရှင်လျက်နဲ့ ကျော်ဖြတ်ခဲ့ပါပြီ။ ဒါဟာ ၂၀၁၆ နှစ်ထဲမှာ သင်အခြေအနေကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂။ သင့်ခေါင်းထက်မှာ အမိုးအကာလေးတစ်ခုရှိနေသေးခြင်း
ငှားထားတဲ့ ၆ ပေပတ်လည် အခန်းကျဉ်းလေးပဲ ဖြစ်ဖြစ်၊ ခြံအကျယ်ကြီးပဲ ဖြစ်ဖြစ်၊ကွန်ဒိုကြီးမှာပဲနေနေ သင့်ခေါင်းပေါ်မှာ သင့်ကို အကာအကွယ်ပေးနိုင်တဲ့ အမိုးအကာလေးရှိနေသေးတယ်ဆိုလျှင် သင်ဟာ လမ်းဘေးမှာ အိပ်ရတဲ့ လူတစ်ယောက်ထက်တော့ အခြေအနေကောင်းပါသေးတယ်။ ဘယ်လိုနေရာလေးပဲ ဖြစ်ဖြစ် သင့်အတွက် အိမ်လို့ သတ်မှတ်လို့ ရပြီး အနားယူအိပ်စက်ဖို့ အတွက် ညတိုင်းပြန်လာနိုင်တဲ့ နေရာလေးတစ်ခုရှိတယ်ဆိုလျှင်ကို ကျေနပ်နိုင်ပါပြီ။
၃။ သင်ကို ချစ်ခင်သူများ ရှိနေသေးခြင်း
မိဘ တွေဆီကို ဖုန်းခေါ်လိုက်တာနဲ့ သူတို့ ဟာ သင့်အတွက်အမြဲ အဆင်သင့်ဖြစ်နေမယ်၊ သင့်ရဲ့ အတွင်းရေးအကြောင်းအရာတွေကို ဂရုတစိုက်နားထောင်ပေးနိုင်မယ့် သူငယ်ချင်းမိတ်ဆွေတွေ ရှိနေမယ်ဆိုလျှင် သင်ဟာ ၂၀၁၆ မှာ အခြေအနေ ကောင်းခဲ့ပါပြီ။
၎။ အစားအသောက်လုံလောက်ခြင်း
နောက်တစ်ကြိမ် စားသောက်ဖို့ အတွက် သင်ဟာ မပူပန်ရဘူးဆိုလျှင် သင့် အခြေအနေကောင်းခဲ့ပါပြီ။ ထမင်းတလုပ်စားဖို့ အတွက် တောင်းရမ်းရခြင်း၊ ခိုးနှိုက်ရခြင်းများ သင်မလုပ်ရဘူးဆိုလျှင် ကျေနပ်လိုက်ပါ။
၅။ တိုးတတ်ဖို့ အတွက် ကြိုးစားခဲ့ခြင်း
သင့်ကိုယ်သင် အကောင်းဆုံးအခြေအနေမှာမရှိသေးဘူးဆိုတာကို သိရှိထားပါမယ်။ ဒါပေမယ့် ၂၀၁၆ အတွင်းမှာ အကောင်းဆုံးကြိုးစားနိုင်ခဲ့တယ်ဆိုလျှင်တော့ သင်ဟာ အခြေအနေကောင်းခဲ့သူတစ်ယောက်ဖြစ်နေပါပြီ။
၆။ ကျဆုံးသော်လည်း ဆက်လက်ကြိုးစားနေခြင်း
အမြဲတမ်း မအောင်မြင်နိုင်ပါ။ ၂၀၁၆ အတွင်းမှု ကျရှုံးမှုတွေရှိခဲ့ပေမယ့် စိတ်ဓါတ်မကျပဲ ဆက်လက်ကြိုးစားနေသေးတယ်ဆိုလျှင်တော့ ၂၀၁၆ အတွက် သင်တာဝန်ကျေခဲ့ပါပြီ။
၇။ ခွင့်လွှတ်ခဲ့ခြင်း
၂၀၁၆ အတွင်းမှာ သင့်အပေါ်မကောင်းခဲ့တဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။ အဆိုပါ သူတွေကို သင့်အနေနဲ့ ခွင့်လွှတ်ပြီးမေတ္တာနဲ့ သာတုံ့ ပြန်ခဲ့တယ်ဆိုလျှင် သင် အခြေအနေ ကောင်းခဲ့ပါတယ်။
၈။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ခဲ့ခြင်း
လူတော်တော်များများဟာ သူတစ်ပါးကို ခွင့်လွှတ်တတ်ကြပေမယ့် ကိုယ့်ကိုကိုယ်တော့ ခွင့်မလွှတ်တတ်ကြပါဘူး။ ကိုယ်ဘာကြောင့်အမှားတွေပြုခဲ့မိတယ်ဆိုတာကို နားလည်ပြီး ခွင့်လွှတ်ပေးခြင်းရှိခဲ့ပါက သင် ၂၀၁၆ ကိုအောင်မြင်ခဲ့ပါပြီ၊
၉။ အိမ်မက်ကြီးများ မက်ခဲ့ခြင်း
လူနေခြုံကြား၊ စိတ်နေဘုံဖျားဆိုသလိုပဲ ၂၀၁၆ အတွင်းမှာ သင် အိမ်မက်အကြီးကြီးတွေ မက်ခဲ့ဖို့ လိုပါတယ်။ ဒါမှသာ ၂၀၁၇ မှာသင့်ကို အိမ်မက်တွေနဲ့ အသက်ရှင်နေစေပြီး ကြိုးစားချင်စိတ်တွေ ရှိနေမှာပါ။ ဒါမှသာ ၂၀၁၇ ကို အောင်အောင်မြင်မြင်နဲ့ ၂၀၁၆ လိုပဲ ဖြတ်ကျော်နိုင်မှာပါ။
Ko Hein (Prospect Myanmar)
Post a Comment