အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက် (၆) ချက်
၁။ အရေးမကြီးတဲ့ အလုပ်တွေအတွက် အချိန်ကုန်မခံပါနဲ့ ။
စွန့်ဦးတီထွင်သူတချို့ဟာ အရေးကြီးတဲ့ အလုပ်တွေအပေါ်မှာ အာရုံစိုက်ပြီး ကြိုးစားနိုင်ဖို့အတွက် အရေးမကြီးတဲ့ အလုပ်တွေကို အတတ်နိုင်ဆုံး လျှော့ချလေ့ရှိပါတယ်။ ဥပမာ မနက်စာအတွက် မနက်တိုင်း စဉ်းစားမနေရအောင်
အစားတစ်မျိုးတည်းကိုသာ စားသုံးတတ်ကြပါတယ်။ Facebook တည်ထောင်သူ Mark Zuckerberg ဆိုရင် နေ့စဉ်အဝတ်အစားအတွက်
အချိန်မကုန်အောင် ပုံစံတစ်မျိုးတည်းကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။
အစားတစ်မျိုးတည်းကိုသာ စားသုံးတတ်ကြပါတယ်။ Facebook တည်ထောင်သူ Mark Zuckerberg ဆိုရင် နေ့စဉ်အဝတ်အစားအတွက်
အချိန်မကုန်အောင် ပုံစံတစ်မျိုးတည်းကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။
၂။ ယုံကြည်မှုအပြည့်ရှိပါ ။
လုပ်ငန်းတွေရဲ့ ၉၀% ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလို့ ကျရှုံးရတာပါ။စွန့်ဦးတီထွင်သူ Elon Musk ဆိုရင် ဆန်းသစ်တီထွင်မှုတွေကို
ယုံကြည်ချက်အပြည့်နဲ့ လုပ်ဆောင်တတ်ပြီး တစ်စုံတစ်ယောက်က မဖြစ်နိုင်ဘူးလို့ လာတားရင်လည်း လက်မခံတတ်ပါဘူး။
အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေကို ရပ်တန့်ပစ်ဖို့ လိုပါတယ်။
၃။ တစ်ခြားလူတွေထက် ခြေတစ်လှမ်းသာနေပါ ။
စွန့်ဦးတီထွင်သူအများစုဟာ လူအများထက် ခြေတစ်လှမ်းသာတဲ့ ရလာဒ်တွေ ရအောင် ကြိုးစားလေ့ရှိကြပါတယ်။
ပတ်ဝန်းကျင်ကို အမြဲလေ့လာနေပြီး လုပ်ငန်းတိုးတက်အောင် အချိန်ပြည့်စွမ်းဆောင်လေ့ရှိကြပါတယ်။
၎။ Customer တွေကို တန်ဖိုးထားပါ ။
အရမ်းအောင်မြင်တဲ့ ဘယ်လုပ်ငန်းအတွက်မဆို အားပေးသုံးစွဲသူတွေက အရေးပါဆုံးဖြစ်ပါတယ်။
မိမိလုပ်ငန်းကို အကျိုးပြုနေတဲ့ သုံးစွဲသူအားလုံးကို အကောင်းဆုံးဝန်ဆောင်မှု ပြန်ပေးနိုင်ဖို့ကလည်း အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
၅။ ပြောင်းလဲမှုကို လက်ခံပါ ။
လုပ်ငန်းမှာ ပြင်ဆင်ရမယ့်အချက်တွေပေါ်လာရင် သေချာစီစစ်ပြီး လေ့လာသင့်ပါတယ်။
Customer တွေရဲ့ လိုအပ်ချက်ကို လေ့လာပြီး လိုအပ်ရင် လိုအပ်သလို လုပ်ငန်းပုံစံကို ပြောင်းလဲပစ်ရပါမယ်။
အပြောင်းအလဲအတွက် လိုအပ်တဲ့ အချက်တွေကိုလဲ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
၆။ လုပ်ငန်းနဲ့ ပက်သက်သမျှကို အမြဲလေ့လာပါ။
အလုပ်သမားတွေ အဆင်ပြေပြေ အလုပ်လုပ်နိုင်မှ သင့်လုပ်ငန်းကလဲ အောင်မြင်တိုးတက်မှာပါ။
သူတို့အတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးနိုင်လေ လုပ်ငန်းတိုးတက်လေဆိုတာကိုမမေ့ပါနဲ့။
လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့ တွေ့ဆုံပြီး အိုင်ဒီယာအသစ်တွေကို အမြဲရှာဖွေနေဖို့ လိုအပ်ပါတယ်။
လင်းလင်းမောင်
Post a Comment