သင့်ရဲ့ သားသမီးကို စမတ်ကျတဲ့ လူတော်လေးတွေ ဖြစ်လာစေဖို့ ……………….
ယနေ့ ခေတ်ကလေးတွေဟာ သူတို့ မိဘတွေ၊ ဖိုးဖိုးဖွားဖွားတွေထက်ပိုပြီး တော်ကြတယ်လို့ သိပ္ဗံပညာရှင်တွေကဆိုကြပါတယ်။ သုတေတနတွေ့ ရှိချက်တော်တော်များများ တစ်နှစ်ထက်တစ်နှစ် ကလေးတွေရဲ့ တိုးတက်ပြောင်းလဲမှုဟာ ပိုမိုမြင့်မားလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီတိုင်း နေနေရုံနဲ့ တော့ သင့်ကလေးဟာ ပိုမို စမတ်ကျလာဖို့ မလွယ်ပါဘူး။ အောက်မှာ ရေးထားတဲ့ အချက်လေးတွေကိုတော့ လိုက်နာ ဖို့ လိုတာပေါ့။
(၁) သူတို့ လေးတွေကို အားကစားလုပ်ခိုင်းပါ။
အားကစားလုပ်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းတဲ့အချက်ဖြစ်ကြောင်း လူတိုင်းလက်ခံပါတယ်။ ကလေးငယ်တွေအတွက်ကျတော့ အားကစားလုပ်ခြင်းဟာ ကျန်းမာစေတဲ့ အပြင် စကားလုံးအသစ်တွေ၊ ဘာသာစကားအသစ်တွေကို ၂၀% ပိုမိုမြန်ဆန်စွာ တတ်ကျွမ်းစေနိုင်ပါတယ်တဲ့။
ဒါကြောင့်မို့ လို့ သင့်ကလေးငယ်စကားလုံးတွေစတင်ပြောဆို သင်ယူနေတဲ့ အချိန်မှာကတည်းက သူ့ ကို သင့်တော်တဲ့ အားကစားတစ်ခုခု ကိုလုပ်ခိုင်းသင့်ပါတယ်။ သင့်တော်မယ့် အားကစားသင်တန်းတစ်ခုခုမှာ စာရင်းသွင်းပြီး သင်ယူခိုင်းသင့်ပါတယ်။
(၂) သင့်ရဲ့ ဝါသနာပါတဲ့ အရာတွေမှာ ပါဝင်ခိုင်းပါ။
သင်ဟာ မုန့် လုပ်ရတာကို ၀ါသနာပါတယ်ဆိုယင် ကလေးတွေနဲ တူတူလုပ်ပါ။ သစ်ပင်စိုက်ရတာ ၀ါသနာပါတယ်ဆိုလျှင် သူတို့ နဲ့ အတူ သစ်ပင်စိုက်ပါ။ သူတို့ ကို ပါဝင်အောင် လုပ်ပါ။ သူတို့ အနေနဲ့ ဒီ ကိစ္စတွေကနေ တဆင့် ဘ၀အတွက်အရေးကြီးတဲ့  လုပ်ဆောင်မှုတွေကို မသိမသာသင်ယူသွားပါလိမ့်မယ်။ ဥပမာ လက်ကလေးတွေရဲ့ လှုပ်ရှာမှုလေးတွေ၊ မျက်လုံးနဲ့ လက် လှုပ်ရှားမှု မှန်ကန်မှုတွေကို သင်ကြားတတ်မြောက်သွားပါလိမ့်မယ်။
အဲ့ဒီနောက်မှာတော့ သူတို့ ဟာ ခဲတံကို မှန်မှန်ကန်ကန် ကိုင်နိုင်ဖို့ အခက်အခက်မရှိတော့ပါဘူး။
(၃) သူတို့ ဦးဆောင်မှုနောက်ကို လိုက်ပါ။
တစ်ခါတစ်ရံမှာ သင့်ကလေးဟာ သူတို့ ဘယ်နေရာ၊ ဘယ်အရာကို စိတ်ဝင်စားကြောင်း ပြတတ်ပါတယ်။ အဲ့ဒီအခါမှာ သူတို့ လုပ်ချင်တဲ့ ၊ သူတို့ ဝါသနာပါတဲ့ အရာကို လုပ်ခိုင်းလိုက်ပါ။ အဲ့ဒီလိုလုပ်လာအောင်လည်း အားပေးပါ။ သူတို့ လေးတွေဟာ အားပေးမှု၊ ချီးကျူးမှုကို လိုအပ်ပါတယ်။
(၄) အိပ်ချင်ပါက ပေးအိပ်လိုက်ပါ။
ဦးနှောက် တိုးတက်ဖို့ အတွက် အိပ်စက်ခြင်းဟာ အရမ်းကို အရေးပါပါတယ်။ အိမ်စက်ခြင်းဟာ သူတို့ ၏ သင်ယူမှုကို အထောက်အပံ့ဖြစ်စေပါတယ်။ မှတ်ဥာဏ်ကိုလည်း ကောင်းစေပါတယ်။ လူကြီးမှာသာမက ကလေးမှာလည်း အိပ်စက်ခြင်းဟာ အစာစားခြင်းကဲ့သို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ကလေးများကို အချိန်မှန်အိပ်ပါစေ။
(၅) လက်မြှောက်အရှုံးမပေးတတ်ခြင်းကို ချီးကျူးပေးပါ။
တစ်စုံတစ်ခုကို အကြိမ် ၁၀၀ မက ပေးလုပ်လိုက်ပါ။ သူ့ စိတ်မပျက်ပဲ လုပ်နေ သရွေ့ မှန်ကန်တဲ့ အရာဆိုယင် ပေးလုပ်လိုက်ပါ။ အဲ့ဒီလို ဇွဲနဲ့ လုပ်နေတာကိုလည်း ကူညီပေးပါ။ ချီးကျူးပါ။ ဘယ်သူမှ မွေးကတည်းက အရာရာကို ကျွမ်းကျင်တတ်မြောက်လာတယ်ဆိုတာ မရှိပါ။ ဒါကြောင့်မို့ လို့ ဒီလို မဆုတ်မနစ် ကြိုးစားတာမျိုးတွေ့ ယင် အားပေးလိုက်ပါ။
(၆) သူတို့ နဲ့ တူတူစာဖတ်ပါ။ သူတို့ ကို မဖတ်ပြပါနဲ့ ။
ကလေးတွေနဲ့ ပုံပြင်ဖတ်တယ်ဆိုပါစို့ ။ ကိုယ်ကကြီးပဲ ဖတ်မပြပါနဲ့ ။ ပုံလေးတွေကို ထောက်ပြပါ။ သူတို့ ကိုကြည့်ခိုင်းပါ။ မေးခွန်းလေးတွေမေးပါ။ သူတို့ ကိုပါ ကိုယ်နဲ့ တူတူလိုက်ဖတ်၊လိုက်တွေးချင်လာအောင် ဦးဆောင်ပါ။ အဲ့ဒီအခါမှာ သူတို့ ရဲ့ စူးစမ်းလေ့လာမှုနဲ့ တွေးခေါ်မှုတွေ တိုးတက်လာပါလိမ့်မယ်။
(၇) ဂီတကို သင်ယူစေပါ။
ဒီလို သင်ယူစေတာဟာ သင့်ကလေးကို Rock star တစ်ယောက်၊ hiphopper တစ်ယောက်ဖြစ်လာစေဖို့ မဟုတ်ပါဘူး။ ဂီတကို သင်ယူစေခြင်းဖြင့် သူတို့ ရဲ့ IQ ကို တိုးတတ်စေပါတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သူတို့ ရဲ့ စိတ်ဓါတ်ခွန်အားကိုလည်းတိုးတတ်စေပါတယ်။
ဒီအချက်တွေကတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို စမတ်ကျကျလေးဖြစ်စေဖို့ အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။
Ko Hein (Prospect Myanmar)
Post a Comment