သင့်ဦးနှောက်ကို အားဖြည့်ပေးနိုင်သည့် အရာများ
ဦးနှောက်သည် ကျွန်တော်တို့ ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဦးနှောက်ကနေပြီး ကျွန်တော်ဘယ်သူဆိုတာ ကို သတ်မှတ်ပေးသကဲ့သို့ ဦးနှောက်မရှိလျှင် အသက်မရှင်နိုင်ပါ။
သို့ ပေမယ့် လူတော်တော်များများဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုသာ အဓိက ဦးစားပေးတတ်ကြပြီး ဦးနှောက်ကျန်းမာရေးအတွက်ကိုမူမေ့ လျော့နေတတ်ကြပါတယ်။ ဒါကြောင့်မို့ လို့ ဒီဆောင်းပါးမှာတော့ လွယ်ကူသော်လည်း ထိရောက်မှုရှိသည့် ဦးနှောက်အတွက် အားဖြည့်ပေးနိုင်သော အချက်များကို ရေးလိုက်ပါတယ်။
၁။ သင်စားသော အစားအသောက်က သင့်ကို သတ်မှတ်ပါသည်။
ဦးနှောက်နှင့်ပက်သက်သော ကျွန်တော်တို့ သိထားသင့်သည့်အချက်တစ်ချက်မှာ ဦးနှောက်၏ ၆၀% သည် အဆီများဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်ပါသည်။ ဒီအတွက်ကြောင့် ကောင်းသော အဆီများကို စားသုံးခြင်းသည် သင့်၏ ဦးနှောက်အားကျန်းမာပြီး အားပြည့်စေပါသည်။
သို့ ပေမယ့် အဆီတိုင်းတော့မဟုတ်ပါ။ ကောင်းမွန်သော အဆီများပါဝင်သည့်အချို့ သော အစားအစားများမှ ဖရုံစေ့၊ ဆာဒင်းငါး၊ Tuna ငါး၊ ဆော်မွန်ငါး၊ နေကြာစေ့၊ Omega 3 ပြည့်ဝသော ဥများ ဖြစ်ပါသည်။ ဒီအစာများကို ပုံမှန်စားသုံးခြင်းအားဖြင့် အခြားမကောင်းသော (ဥပမာ သကြားဓါတ်များ၊ မကောင်းသောအဆီများနဲ့ ဆေးများ) ကို ဦးနှောက်ကတည်းက ထုတ်လိုက်သကဲ့သို့ အကျိုးရှိလှပါသည်။
၂။ ရယ်မောပါ။
တစ်နေ့ တစ်ကြိမ်ရယ်မောခြင်းဖြင့် ဆရာဝန်ဆီသွားရခြင်း မှ ကင်းဝေးစေပါတယ် လို့ ဆိုကြပါတယ်။ သင့်အားရယ်မောပျော်ရွှင်စေသည့်လူအများသင့်ပတ်ဝန်းကျင်မှာရှိခြင်းကလည်း သင့်ရဲ့ ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ သင်ရယ်မောနေတဲ့ အချိန်မှာ ဦးနှောက်အတွင်းမှာ ကောင်းမွန်တဲ့ ခံစားမှုကိုဖြစ်စေတဲ့  ဒိုပါမင်း ဆိုတဲ့ ဓါတ်များထွက်လာပါတယ်။
ဒါကြောင့်မို့ လို့  တစ်ဦးနဲ့ တစ်ဦးကြားမှာ စည်းတွေ အစား ရင်းနှီးမှုတွေတည်ဆောင်ပါ။ တစ်ဦးတည်း အထီးကျန်ခြင်းထက် လူအများနဲ့ အချိန်များကို ဖြတ်ကျော်ပါ။
၃။ ဘာသာစကားအသစ်များကို သင်ယူပါ။
ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းဟာ သင့်ရဲ့ လူမှု ဆက်ဆံရေးကိုပါ တိုးတက်စေပါတယ်။ ဘာသာစကားအသစ်ကို လေ့လာရခြင်း၏ ကောင်းကျိုးတွေကတော့ (၁) အာရုံစူးစိုက်မှုကိုကောင်းစေပါတယ် (၂) သင့်ရဲ့ မိခင်ဘာသာစကားကို တိုးတက်စေပါတယ် (၃) အဖြစ်များသော ဦးနှောက်နဲ့ ပက်သက်သော ရောဂါများကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးပါတယ်။
ဒီနေရာမှာလည်း အကြံပေးထားတာတစ်ခုကတော့ ဘာသာစကားကို လေ့လာရမှာ ကွန်ပြူတာကနေ တဆင့်လေ့လာခြင်းထက် လူအချင်းချင်းအပြန်အလှန်စကားပြောလေ့လာခြင်းက ပိုပြီးအကျိုးရှိတယ်လို့ ဆိုထားပါတယ်။
၎။ ချွေးထွက်များအောင်လုပ်ပါ။
ဒါကတော့ သိပ်ပြီးပြောစရာလိုမယ်မထင်ပါဘူး။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းအားဖြင့် ကိုယ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုကိုလည်းတိုးတက်လာစေပါတယ်။
၅။ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင် အစီအစဉ်ဆွဲပါ။
သင်ဟာ ပင်စင်ယူဖို့ နောက်ထပ် ၂၅ နှစ်ကျန်သေးတယ်ဆိုပေမယ့် အခုကတည်းက စပြီး ပင်စင်ပြီးယင် ဘာလုပ်မယ်ဆိုတာတွေကို ကြိုတင်ပြင်ဆင်စဉ်းစားထားသင့်ပါတယ်။ အဲ့ဒီလို စဉ်းစားထားခြင်းအာဖြင့် သင်၏ အတွေးများကို ခွန်အားပြည့်စေပြီး သင့်ရဲ့ ဦးနှောက်ကိုလည်း တတ်ကြွကျန်းမာနေစေမှာပါ။
သုတေသနတွေ့ ရှိချက်တွေအရ ခရီးလေးတစ်ခုထွက်ဖို့ ကို စဉ်းစားပြီးပြင်ဆင်လိုက်တယ်ဆိုလျှင်ပင် သင့်ဦးနှောက်အတွင်းမှာ ဒိုပါမင်းတွေ ထွက်လာပါတယ်။ အဲ့ဒီ ဓါတ်တွေက သင့်ဦးနှောက်ကို ကျန်းမာနေစေပါတယ်။
အဆုံးသပ်ပြီး အကျဉ်းချုပ်ရမယ်ဆိုလျှင်တော့ ဦးနှောက်ကျန်းမာစေမည့် အစာများကို စားသောက်ပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖြတ်ကျော်ပါ။ ဘ၀မှ အတွေ့ အကြုံသစ်မျာကို သင်ယူပါ။ အားကစားပုံမှန်လုပ်ပြီး အနာဂါတ်အတွက် အစီအစဉ်များအမြဲတမ်း စီစဉ်နေပါ။ ဒါဆို သင့် ဦးနှောက်ကျန်းမာရေးကောင်းမွန်နေပါလိမ့်မယ်။
ပန်းတိမ်လွှာ
Post a Comment