Header Ads

အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေ ပြောလေ့မရှိသော စကားများ


စွန့်ဦးတီထွင်သူတွေဟာ နယ်ပယ်အသီးသီးကနေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာကြတာပါ။
အောင်မြင်အောင် ကြိုးစားတဲ့နေရာမှာလည်း တစ်ယောက်နဲ့ တစ်ယောက်တူကြမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လက်ရှိအောင်မြင်နေတဲ့လူအများစုဟာ အခုလို စကားတွေကို ပြောလေ့မရှိပါဘူး။

၁။ “ငါ အဲ့တာတွေ မကြားချင်ဘူး”
အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေဟာ တစ်ဖက်လူရဲ့ ထင်မြင်ချက်နဲ့ အိုင်ဒီယာတွေကို ဂရုစိုက်နားထောင်လေ့ရှိသလို Customer တွေရဲ့ ဝေဖန်သံတွေကိုလည်း အလေးထားလေ့ရှိပါတယ်။ တစ်ခြားလူရဲ့ အတွေးတွေနဲ့ ထင်မြင်ယူဆချက်တွေကို အမြဲနားထောင်နေမှာ ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်ဖို့အတွက် အဓိကအချက်တွေဖြစ်တာကြောင့် မကြားချင်ဘူးဆိုတဲ့စကားကို ပြောလေ့မရှိပါဘူး။

၂။ ” ဒါ မဖြစ်နိုင်ဘူး ”
ကြိုးစားမှုကို ကန့်သတ်ထားတာမကောင်းပါဘူး။ မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာဟာ အခုမကြိုးစားနိုင်သေးဘူးလို့ ပြောတာနဲ့အတူတူပါပဲ။အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေကတော့ သူတို့ပိုင်ဆိုင်တဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အရင်းအမြစ်တွေကို အသုံးချပြီး အထိရောက်ဆုံးလမ်းကြောင်းကိုသာ ရွေးချယ် ကြိုးစားကြပါတယ်။ မဖြစ်နိုင်တဲ့အရာတွေကို တီထွင်ဆန်းသစ်မှုအသစ်တွေနဲ့ စနစ်တကျ ကျော်ဖြတ်တတ်ပြီး အတွေ့အကြုံကောင်းတွေရရှိအောင် စွမ်းဆောင်တတ်ကြပါတယ်။

၃။ “ဒီလောက်ဆို လုံလောက်ပါပြီလေ”
သာမန်လူအများစုဟာ အလုပ်တစ်ခုကို တော်သင့်ရုံအဆင့်ထိပဲ လုပ်ကိုင်တတ်ကြပါတယ်။ဒါဟာ လုံလောက်ပြီလို့ ထင်တတ်ပေမယ့် အောင်မြင်တဲ့ အဆင့်ကို ရောက်မလာတာကို သတိထားရပါမယ်။အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေကတော့ သူတို့ရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို တစ်နေ့တစ်ခြား တိုးတက်လာအောင် အမြဲကြိုးစားလေ့ရှိကြပါတယ်။

၎။ “ငါ အရမ်းအလုပ်ရှုပ်နေတယ်”
လူအများစုဟာ အလုပ်ရှုပ်တယ်ဆိုတဲ့ စကားကို အမြဲပြောလေ့ရှိပါတယ်။အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေက တစ်နေ့တစ်နေ့ လုပ်ငန်းတာဝန်တွေ များစွာကို လုပ်ဆောင်ပြီး ဆုံးဖြတ်ချက်တွေချနေရပေမယ့် အလုပ်ရှုပ်တယ်ဆိုပြီး ထိုင်ငြီးနေမှာမဟုတ်ပါဘူး။သူတို့အတွက် ဒီအလုပ်ဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး အလုပ်အပေါ်မှာ ရူးသွပ်နေတာကြောင့် အလုပ်ရှုပ်တယ်လို့ ခံစားမိမှာမဟုတ်ပါဘူး။ လုပ်ငန်းအပေါ်မှာပဲ အချိန်ပြည့် အာရုံစိုက်နေတဲ့အတွက် တခြားအချိန်ကုန်မယ့် အလုပ်တွေကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၅။ “ငါ အရှုံးပေးပြီ”
လုပ်ငန်းပိုင်းဆိုင်ရာစိန်ခေါ်မှုတွေဟာ သာမန်ကိစ္စတစ်ခုလို အမြဲတမ်းရှိနေမှာပဲဖြစ်ပါတယ်။အောင်မြင်တဲ့ စွန့်ဦးတီထွင်တွေဟာ စိန်ခေါ်မှုတွေနဲ့တွေ့လာရင် ရှေ့ဆက်သွားဖို့ကိုသာ ဆုံးဖြတ်တတ်ကြပါတယ်။အရှုံးပေးလိုက်တာနဲ့တစ်ပြိုင်နက် လုပ်ငန်းဟာ ပြီးဆုံးသွားမှာဖြစ်ပြီး ပြန်လည်ရယူဖို့မဖြစ်နိုင်တော့ပါဘူး။ ပြဿနာတွေကို အရှုံးမပေးဘဲ အမြဲတမ်းကြိုးစားနေမှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။


လင်းလင်းမောင်

No comments