သာယာတဲ့အချစ်ရေးကိုပိုင်ဆိုင်နေကြောင်းလက္ခဏာများ
၁. သူ့ရဲ့ချစ်သူဖြစ်ရတာပျော်တယ်
သူနဲ့ချိန်းတွေ့လျှောက်လည်ရတဲ့အပျော်မျိုးမဟုတ်ဘဲ သူ့ချစ်သူဖြစ်ရလို့၊ သူနဲ့ပတ်သတ်မိလို့ ကံတရားကိုကျေးဇူးတင်နေတဲ့အပျော်မျိုးပါ။ သူနဲ့မှ ချစ်တတ်လာသလို အစစအရာရာ ပိုစိတ်ချမ်းသာစရာ ကောင်းနေတာမျိုး သူသာလျှင်ကိုယ့်အတွက်အပြည့်စုံဆုံးဖြစ်သလို လောကကြီးကိုလဲ အကောင်းမြင်စိတ်နဲ့မြင်တတ်လာပါလိမ့်မယ် ။
၂. သူ့ရှေ့မှာဟန်ဆောင်ဖုံးကွယ်စရာမရှိဘူး
တစ်ယောက်နဲ့တစ်ယောက် ပျော်မနာဆိုမနာ ဆက်ဆံရေးမျိုးကို ရရှိထားပြီလား ။ ဒါဟာအရေးကြီးပါတယ် ။ သူနဲ့အတူရှေ့ရေးကိုလေးလေးနက်နက်ဆွေးနွေးဖူးရုံတင် မလုံလောက်ပါဘူး။ သူ့ကိုစိတ်ရင်းအမှန်နဲ့ အရှိအတိုင်းဝေဖန်ဖူးပြီလား၊ သူ့နဲ့အတူအချစ်ဆုံးသူငယ်ချင်းတွေလိုအချိန်ဖြုန်းဖူးပြီလား။
၃. ရင်ခုန်နေတုန်းပဲ
ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ အလုပ်ကိစ္စကိုယ်စီနဲ့ ဦးစားပေးစရာတွေများလာမှာပါ။ ရည်းစားဖြစ်ကာစကလို သူ့ကိုတွေတာနဲ့ရင်တွေဒိန်းဒိန်းခုန်တာမျိုး ရှိတော့မှာမဟုတ်ပါဘူး။ ဒါကို သွေးအေးသွားပြီလို့မသတ်မှတ်ပါနဲ့။ မအားတဲ့ကြားကတွေ့ရတဲ့အချိန်လေးတွေကို တန်ဖိုးထားပြီး ကြည်နူးစရာလေးတွေနဲ့ဖြတ်သန်းမယ်ဆိုရင် သာယာတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားတယ်လို့ပြောနိုင်ပါတယ်။
၎. အဆက်အသွယ်မပြတ်ဘူး
ဘယ်နေရာရောက်နေလဲ ဘာလုပ်နေလဲ ဆိုတဲ့ အပြင်ပန်းအဆက်သွယ်တင်မက သူဘာတွေးနေလဲ ဘယ်လိုခံစားနေရလဲ ၊ သူအားငယ်နေလား ဆိုတဲ့ ခံစားချက်အဆက်အသွယ်လဲရှိရပါမယ် ။ ဒါက သူဘာလုပ်လုပ်ကိုယ့်ကိုအသေးစိတ်ကအစ အစီရင်ခံရမယ်လို့မဆိုလိုပါဘူး ။ သူ့စိတ်ထဲရှိသမျှရင်ဖွင့်ချင်တဲ့ အချိန်ရှိသလို ၊ နှုတ်ဆိတ်ပြီးတစ်ယောက်တည်းနေချင်တဲ့အချိန်လည်းရှိပါလိမ့်မယ် ။
၅. တစ်ယောက်ကိုတစ်ယောက်ယုံကြည်တယ်
သာယာတဲ့အချစ်ရေးဟာ ရိုးသားမှုကိုအခြေခံပါတယ်။ သူအံ့သြသွားမယ့်လက်ဆောင်ကလွဲရင် ဘယ်အရာကိုမှ မဖုံးကွယ်ထားပါနဲ့။ သံသယမထားပါနဲ့။ သင်ရိုးသားသလို သူလဲရိုးသားတယ်လို့ ယုံကြည်ပါ။
၆. ပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းနိုင်တယ်
ရန်မဖြစ်ချင်လို့ မကျေနပ်ချက်တွေကို မြိုသိပ်ထားစရာမလိုပါဘူး။ ဖွင့်ပြောပါ။ အဖြေရှာပါ။ အပြန်အလှန်လေးစားမှုရှိဖို့လိုပါတယ် ။ အော်ဟစ်ပြီးစကားနာထိုးရန်ဖြစ်မယ့်အစား အေးအေးဆေးဆေးပြောဆို ဖြေရှင်းတယ်ဆိုရင်တော့ လေးစားစရာစုံတွဲပါပဲ။
၇. ကြားလူအ၀င်မခံတော့ဘူး
သင်တို့နှစ်ယောက်ကြားမှာ တတိယလူဆိုတာမရှိနိုင်တော့ဘူး ။ ရှိလာရင်တောင် အတတ်နိုင်ဆုံး ရှောင်တယ်။ သင့်ကိုသင့်ချစ်သူကလွဲရင် ဘယ်သူကမှမဆွဲဆောင်နိုင်တော့ဘူး ။ သင့်ချစ်သူအတွက်လည်း သင်ဟာဆွဲဆောင်မှုအရှိဆုံးဆိုတာ သင်ကိုယ်တိုင်သိတယ်။
၈. အရှိအတိုင်းလက်ခံတယ်
သင့်ချစ်သူသဘောကျ ပျင်းစရာကောင်းတဲ့ ဇာတ်လမ်းရှည်ကြီးကို စိတ်ဝင်စားချင်ယောင်ဆောင်ပြီး ထိုင်ကြည့်မလား ၊ အဲ့ဒီဇာတ်လမ်းကိုမကြိုက်ကြောင်းပြောမလား။ သူလက်ခံသဘောကျအောင် ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်ဖို့မလိုပါဘူး။ တူညီတာတွေကိုကြိုဆိုပါ ။ မတူညီတာတွေကိုလည်း မတူညီကြောင်းလက်ခံဖို့ လိုအပ်ပါတယ် ။
၉. သူနဲ့အတူအိုမင်းတဲ့အထိအတူရှိချင်တယ်
တစ်သက်တာလက်တွဲဖော်အဖြစ်သတ်မှတ်ထားပြီလား ။ ကိုယ့်ကိုယ်ကိုပြန်မေးပါ သူ့ကိုယ်သူပြန်မေးခိုင်းပါ။ အဖြေကထပ်တူကျနေပြီဆိုရင်တော့ အကောင်အထည်ဖော်ပါ။
၁၀. သူမရှိဘဲ မနေချင်ဘူး
တစ်ခါတစ်လေ စိတ်ဓာတ်ကျလို့ တစ်ယောက်တည်းသီးသန့်နေချင်တာက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလို တစ်ယောက်ထဲ သို့မဟုတ် သူငယ်ချင်းတွေနဲ့ပဲအချိန်ဖြုန်းတာပိုများနေမယ် သင့်ချစ်သူကို မေ့တောင်မေ့နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုပြန်စမ်းစစ်ကြည့်ဖို့လိုနေပါပြီ။ သူကိုကိုယ့်ဘ၀ထဲက လုံးဝထုတ်ဖို့ အဆက်အသွယ်လုံးဝမလုပ်တာ့ဖို့ကို တွေးကြည့်ရုံလေးတောင် မတွေးရဲဘူး၊ အတူမရှိတဲ့အချိန် တွေကို အမြန်ကုန်ဆုံးသွားစေချင်တယ် သူကလဲသင့်ကိုလိုအပ်တယ် ဆိုရင်တော့ သင်တို့ချစ်သူနှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေသာယာတယ်လို့ပြောနိုင်ပါတယ်။
ဒီအချက် ၁၀ ချက်လုံးနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ လူအများကအားကျရတဲ့ ချစ်စရာစုံတွဲလေးဖြစ်နေပါပြီ။ တစ်သက်တာလုံးလက်တွဲပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
နှင်းပွင့်
Post a Comment