စာအုပ်ကောင်းတွေဖတ်ခြင်းဟာ သင့်ဘဝကို တိုးတက်ပြောင်းလဲစေပါတယ်…
စာအုပ်ကောင်းတွေဆိုတာ မိတ်ဆွေကောင်းတွေလိုပါပဲ။ စာအုပ်တွေဟာ သင့်ဘဝကို ပြောင်းလဲပေးနိုင်သလို ကမ္ဘာကြီးကိုလဲပြောင်းလဲပေးနိုင်ပါတယ်။
စာအုပ်တွေဖတ်ခြင်းဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်စေသလို အိုင်ဒီယာအသစ်တွေကိုလည်း ရရှိစေပါတယ်။
ဒါ့အပြင် စာအုပ်တွေဟာ ယနေ့ခေတ် မိုဘိုင်းဖုန်းတွေလို ဘက်ထရီအားကုန်သွားတယ်လို့ မရှိတဲ့အတွက် အချိန်မရွေး လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
စာဖတ်ခြင်းနဲ့ပက်သက်လို့ မှတ်သားဖွယ်ရာ အဆိုအမိန့်တွေကို Prospect Myanmar မှ ဖော်ပြပေးလိုက်ပါတယ်။
“စာအုပ်တွေမရှိတဲ့ အိမ်တစ်အိမ်ဟာ၊ အသက်မရှိတဲ့ ခန္ဓာကိုယ်တစ်ခုလိုပါပဲ”
(Marcus Tullius Cicero)
“လူ့ဦးနှောက်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ရုပ်ရှင်ရုံတစ်ခုဖြစ်တယ်၊ မင်းဒါကို စာအုပ်ကောင်းတစ်အုပ်ဖတ်နေချိန်မှာ နားလည်လာလိမ့်မယ်”
(Ridley Scott)
“ယဉ်ကျေးမှုတစ်ခုကို ဖျက်ဆီးဖို့ စာအုပ်တွေကို မီးရှို့စရာမလိုပါဘူး၊ လူတွေ စာအုပ်မဖတ်အောင် တားလိုက်ရုံပါပဲ”
(Ray Bradbury)
“ထူးချွန်ထက်မြတ်ဖို့အတွက် စာအုပ်(၁၀)အုပ်လောက် ဖတ်လိုက်ရင်ရပါပြီ၊
ဒါပေမယ့် အဲ့လို စာအုပ်ကောင်း (၁၀)အုပ်ကို ရှာတွေ့ဖို့ စာအုပ်တွေ ထောင်ပေါင်းများစွာဖတ်ဖို့လိုပါလိမ့်မယ်”
(Unknown author)
“စာအုပ်တွေဆိုတာ ကျယ်ဝန်းတဲ့ အချိန်ပင်လယ်ကြီးကို ဖြတ်သန်းဖို့အတွက် လိုအပ်တဲ့သင်္ဘောတွေပါပဲ”
(Francis Bacon)
“စာအုပ်ကောင်းတွေကို စုဆောင်းပိုင်ဆိုင်ထားခြင်းဟာ အကောင်းဆုံး တက္ကသိုလ်တစ်ခုကို ပိုင်ဆိုင်ထားရသလိုပါပဲ”
(Thomas Carlyle)
လင်းလင်းမောင်
Post a Comment