ကိုယ့်ကိုကိုယ် စိန်ခေါ်ခြင်း
ကိုယ့်အရည်အချင်းကို အဆက်မပြတ် တိုးတက်နေစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ကိုယ့်ကိုယ်ကို စိန်ခေါ်ခြင်းပါပဲ။
ကျွန်တော်တို့ဟာ အလုပ်အသစ်တစ်ခုပြောင်းဖို့ ကြောက်တတ်ကြတယ်။ တစ်ခါမှမလုပ်ဖူးတဲ့ အလုပ်တစ်ခုကို လုပ်ရမယ်ဆိုရင်လဲ ကြောက်တတ်ကြတယ်။ ဒါက သဘာဝပါပဲ။ ဒီလိုမျိုး လုပ်ရတော့မယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက စိန်ခေါ်မှုကို အကောင်းဆုံး တုံ့ပြန်ဖို့ပါပဲ။
ကျွန်တော် မာရသွန်ပြေးတဲ့အကြောင်းပဲ ပြန်ပြောရဦးမယ်။ ကျွန်တော်အရင်က တစ်ခါမှ မာရသွန်မပြေးဖူးဘူး။ တကယ့်တကယ်ကျ ၁၀ ကီလိုမီတာဆိုတဲ့ အကွာအဝေးက တော်တော်လေးဝေးသဗျ။ ကျွန်တော်ကိုယ့်ကိုကိုယ် စိန်ခေါ်ခဲ့တယ်။ ရအောင် ပြေးခဲ့တယ်။ ၁ နာရီ ၁၅ မိနစ်နဲ့ ပန်းဝင်နိုင်ခဲ့ပါတယ်။
ကိုယ့်ကိုကိုယ် စိန်ခေါ်စမ်းပါ။ မင်း တစ်နေ့ကို ဆောင်းပါးတစ်ပုဒ် ပြီးအောင် ဖတ်နိုင်တယ်။ တစ်နေ့ နှစ်ပုဒ် ပြီးအောင် ဖတ်ဖို့ စိန်ခေါ်ပါ။ မင်းတစ်ခါမှ လူရှေ့မှာ စင်ပေါ်တက်ပြီး စကားမပြောဖူးဘူး။ ပြောရဲအောင် ပြောနိုင်အောင် အထပ်ထပ်အခါခါ လေ့ကျင့်ပြီး စိန်ခေါ်ပါ။ မင်း ဒီဘာသာရပ်တစ်ခုကို သူများလို မကျွမ်းကျင်ဘူး၊ ငါကျွမ်းကျင်တဲ့ထိ လေ့လာမယ် လေ့ကျင့်မယ်၊ မကျွမ်းမချင်း မရပ်ဘူးလို့ ကိုယ့်ကိုကိုယ် စိန်ခေါ်လိုက်စမ်းပါ။
မနေ့က မင်းထက် ဒီနေ့ မင်းက သာနေမယ်ဆိုရင်၊ ဒီနေ့ မင်းထက် မနက်ဖြန် မင်းက သာနေမယ်ဆိုရင် မျှော်လင့်နေတဲ့ အနာဂတ်ဟာ မဝေးတော့ဘူးဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံတယ်.။
အောင်မွန်ချမ်း (Myanmar Leaders)
www.myanmarleaders.com
Post a Comment