Comfort Zone ကို ကျော်လွန်ခြင်း [Guest Post]
အောင်မြင်မှုရရှိဖို့အတွက် Comfort Zone လို့ခေါ်တဲ့ သက်သက်သာသာနေတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ဖျက်ရမလဲဆိုတဲ့အကြောင်း Guest Blogger တစ်ယောက်ဖြစ်တဲ့ Freddy မှ တင်ပြပေးထားပါတယ်.။ (5 Mins Read)
အောင်မြင်မှုကို ဘာနဲ့ တိုင်းတာသလဲ ?
မိမိ ရည်မှန်းချက် ပြီးမြောက်ခြင်း ၊ ချမှတ်ထားသော အချိန်ကာလတစ်ခုတွင် ပြီးစီးအောင် လုပ်ကိုင်နိုင်ခြင်း ၊ လူသိများခြင်း ၊ မိမိလုပ်ဆောင်ချက်သည် ရေရှည်တည်တံ့နေခြင်း စသဖြင့် လူတိုင်း မိမိ ကိုယ်ပိုင်စံနှုန်းများဖြင့် အောင်မြင်မှုကို တိုင်းတာ တက်ကြပါတယ်။
သို့ သော် အောင်မြင်မှု ဆိုသည်မှာ မိမိဘဝကို သက်သက်သာသာနေထိုင်နိုင်ခြင်း ၊ ချမ်းသာ ကြွယ်ဝမှု ရှိခြင်း ၊ သာမန်အခြေအနေတစ်ခုတွင် အတက်အကျမရှိဘဲ တည်ရှိနေခြင်းကို အောင်မြင်မှုဟု ခေါ်ဆိုခြင်း မဟုတ်ပေ။ အောင်မြင်မှုသည် မိမိ ကိုယ်ကိုယ် မိမိ တိုင်းတာသော စံနှုန်း တစ်ခု ဖြစ်ပါတယ်။
ရက်ပေါင်း ၃၀ အတွင်း ကိုယ်အလေးချိန် ၁၀ပေါင်ကျဖို့  ၊ ၁၀ပေါင်တက်ဖို့  စသဖြင့် အချိန်ကာလတစ်ခုတွင် အလုပ်ပြီးမြောက်ခြင်းလည်း ထိုသူအတွက် ကိုယ်ပိုင် စံနှုန်းထားသော တားဂတ် ( Target) တစ်ခု ပြီးမြောက်ခြင်း အောင်မြင်ခြင်း ဖြစ်ပါတယ်။
Comfort Zone သည် အောင်မြင်ခြင်း နှင့် အောင်မြင်သော နေရာ တစ်ခုကို ကိုယ်စားမပြုပါ။
Comfort Zone - သက်သက်သာသာ မပင်မပန်း ရှိသော နေရာ တစ်ခု ၊ ရာထူးတစ်ခု ၊ အတက်အကျမရှိသော တည်တံ့နေရာ အဝိုက်အဝန်း တစ်ခု သည် အောင်မြင်လိုသူ အတွက် နေရာမဟုတ်ပေ။ အောင်မြင်လိုသော သူသည်း မရပ်မနားသွားနေသော ရထားတစ်စင်းနှင့် ဆင်တူသည် ။ မိမိချမှတ်ထားသော လမ်းကြောင်း အချိန်ကာလ အတိုင်း သွေဖယ်ခြင်းမရှိဘဲ ရွေ့ လျားချီတက်သည်။ မှန်မှန်သွားသည် ။ ဘူတာများစွာကို ကျော်ဖြတ်သည် ။ လူပေါင်းများစွာနဲ့ ကြုံတွေ့ သည်။ သင်ခန်းစာ ယူသည် ။ ပြီးလျင် ဆက်ချီတက်သည်။ သု့ တွင် အရွေ့ ရှိနေသည်။ ဒါပေမဲ့ ရောက်တဲ့ နေရာတိုင်းကို သာယာနေခြင်း မရှိပေ ။
သာမန်လူအဖို့  အောင်မြင်မှုကို ချီတက်နေသော သူကို မြင်ရလျင် မရပ်မနားနှင့် အမောတကော သွားနေသည်ဟု မြင်နိုင်သည်။ သို့ သော် အောင်မြင်မှုကို တက်လှမ်းနေသူ အဖို့  ထိုရွေ့ လျားမှုသည် ပုံမှန်သာ ဖြစ်သည်။ သူ့ အဖို့  တောင်တန်းများကို ကျော်ဖြတ်ဖို့ ၊ အင်းအိုင် ၊ မြစ်ချောင်း အတားအဆီးများကို ကျော်လွှားဖို့  ထို အရှိန်သည် ပုံမှန်ဖြစ်သည်။
ကမ္ဘာတွင် အောင်မြင်သော လူသားများ ၊ အထူးသဖြင့် ကျော်ကြားသော လူငယ်များသည် ကမ္ဘာ့ လူဦးရေ နဲ့ တွက်လျင် လက်တစ်ဖက်စာ မျှမရှိလောက်အောင် နည်းပါးလွန်းပါတယ် ။ အဘယ်ကြောင့် ဆိုသော် လူတိုင်း ထိုသူကဲ့ သို့  ကံမကောင်းတာ ဖြစ်နိုင်သလို ထိုသူကဲ့သို့ မကြိုးစားတာ ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ချို့ က ပင်ကိုယ်အရည်အချင်း နှင့် အောင်မြင်ခြင်း အရည်အချင်းများ ပြည့်စုံလျက်ရှိပါတယ်။ ဒါပေမဲ့ လိုအပ်ချက်မှာ ထိုပြည့်စုံမှုသည် လူသားများကို အကျိုးမပြုနိုင်တဲ့ အကြောင်းအရာတစ်ခု ဖြစ်နေသောကြောင့်သာ ။ အဘယ်ကြောင့် ဆိုသော် မိမိတစ်ဦး အနေဖြင့် သို့ မဟုတ် အကဲခတ်တက်သူတို့ အဖို့ အောင်မြင်နိုင်သူဟု ကြိုတင်မြင်တွေ့ နိုင်သော်လည်း အချိန်တစ်ခု အတိုင်းအတာရောက်သော် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသရမည့် အချိန်တွင် အားမထုတ်ခဲ့၍ ဖြစ်သည်။
Facebook ရဲ့ အောင်မြင်မှု က တက္ကသိုလ်ပတ်ဝန်းကျင်သုံး ကျောင်းသားလူမှုကွန်ရက် ဝက်ဘ်ဆိုက် စာမျက်နှာ အနေဖြင့် စတင်ခဲ့ရာ မှ ယနေ့ ကမ္ဘာ့ လူဦးရေ ၇ ရာခိုင်နှုန်းတွင် ၁ရာခိုင်နှုန်း အသုံးရှိသော အောင်မြင်မှု မျိုး ဖြစ်သည်။ သူ့ ရဲ့ အောင်မြင်မှုကို အမျိုးမျိုး အဓိပ္ပယ်ဖွင့်နိုင်သည်။ ယခင်က သူလုပ်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများရဲ့ ဒေတာများ အထူးသဖြင့် ရည်းစားရှိသူလား ၊ Single လား ၊ ဘယ်မေဂျာကလဲ ၊ ဘယ်ဇာတိကလဲ စသဖြင့် သိရှိနိုင်အောင် အပျော်သဘောအနေဖြင့် ဖန်တီးထားရာ တက္ကသိုလ် ကျောင်းတွင် လူတိုင်းနီးပါ Register လုပ်ခဲ့ကြသောကြောင့် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်သည်။ ထိုမှတဆင့် တစ်ကမ္ဘာလုံး သုံးနိုင်တဲ့ ကွန်ရက် တစ်ခုအနေဖြင့် ဖန်တီးတာဖြစ်ကြောင်း ကမ္ဘာကြီးကို ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် ပြုလုပ်လိုခြင်း ဖြစ်ကြောင်း Mark Zuckerberg က ရည်ရွယ်ထားသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခု ကမ္ဘာလူတိုင်းနီးပါ တစ်ဦး နှင့် တစ်ဦး မိတ်ဆက်ရာတွင် Facebook Account ဖလှယ်ခြင်းက အရေးပါသည် အထိ အောင်မြင်မှု ရရှိခဲ့တာကိုလည်း ပြောနိုင်သည်။ နောက်ပိုင်း ကမ္ဘာ့ကုမ္ပဏီကြီးများ ရဲ့  အွန်လိုင်းဆက်ဆံရေးကို Facebook စာမျက်နှာတွင် ပြုလုပ်လာကြခြင်းဖြင့် ဖောက်သည် ဆက်ဆံရေး ဝန်ဆောင်မှု ပိုကောင်းလာပြီး ရောင်းအားကောင်းလာသည်ကိုလည်း တွေ့မြင်နိုင်သဖြင့် စီးပွားရေး အရ အောင်မြင်ခြင်း ရှိသည်ဟုလည်း ပြောဆိုနိုင်ပါတယ်။ ဒါကတော့ Facebook ရဲ့ အနည်းငယ်မျှသော အောင်မြင်ခြင်း ဥပမာသာ ဖြစ်ပါတယ်။
အောင်မြင်ကျော်ကြားသောသူတစ်ယောက်တွင် ပင်ကိုယ်အရည်အချင်းမှာ ၅၀ ရာခိုင်နှုန်းရှိသော် လူသားတို့ ကို အကျိုးပြုသော စိတ်ထားနှင့် မိမိကိုယ်ကိုယ် လူအများရှေ့ တွင် ဘာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမှာ ၅၀ရာခိုင်နှုန်း ရှိနေသည်။ တစ်ဖက်ထဲ ၅၀ရာခိုင်နှုန်းဖြင့် အောင်မြင်နိုင်သူ ဖြစ်ဖို့ အခွင့်အရေး နည်းပါးကြောင်း င်း ပြောပြလိုခြင်းသာဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း အပြည့်ဖြစ်အောင် သတ္တိရှိရှိ ရွေ့ ရပါမည်။ပြောင်းလဲရပါမယ်။
နောက်ကွယ်က ဇာတ်ပို့ တစ်ဦးသည်အများအားကျလေးစားရသော အောင်မြင်သူ ခေါင်းဆောင်မဖြစ်နိုင်ပါ ။ ထိုသူလည်း ခေါင်းဆောင် နောက်လိုက်သာ ဖြစ်လာနိုင်သည် ။ သို့ မဟုတ် အရံ ကစားသမား တစ်ဦး အဖြစ်သာ ပိုထူးမည် မဟုတ်ပေ။ ခေါင်းဆောင်တစ်ဦးအဖြစ် အောင်မြင်မှု ရရှိဖို့ အရှေ့ ထွက်ကာ လုပ်ဆောင်ဖို့ လိုသည်။
တာဝန်ကို ရဲရဲယူပြီး မိမိတာဝန်ကိုလည်း မကြောက်မရွံ့ ခံယူတက်ရမယ်။ ဒါသည် ဘဝ ဖြစ်ပါတယ်။
ပညာရေးစနစ်တစ်ခု အရ မြန်မာလူငယ်များသည် အရှေ့ ထွက်ရမည်ကို ကြောက်လန့် တက်ကြသည်။ Logic တစ်ခုအရ အရပ်ရှည်သူ ၊ အကောင်ကြီးသူလည်း ဦးဆောင်သူ၊ အုပ်ချုပ်သူ ဖြစ်ရမည် ဆိုသည့် အဆိုကို လုံးဝ မိမိ အနေဖြင့်လုံးဝ ဆန့် ကျင်ပါတယ်။ ဟောပြောပွဲ တစ်ခုတွင် အရှေ့ ထိုင်ခုံများ လွတ်နေခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်ပါ ။ တပါးနိုင်ငံသားများအမြင်တွင် မိမိတို့ သည် လူကြောက်သည့် ရောဂါရှိနေခြင်းလော ၊ အရှေ့ ပိုင် ထိုင်ခုံကို တခြားသူတွေ အတွက် ဦးစားပေးလွန်းခြင်းလောဟု မှတ်ယူ ကောင်း မှတ်ယူလိမ့်မယ်။
ပြောင်းလဲဖို့ လိုသည်။
မိမိတို့ သည် နေရာယူတက်ပြီး တာဝန်ယူဖို့ အချိန်တန်ခဲ့ပါပြီ ။ မိမိကျွမ်းကျင်ရာ ဖြင့် နေရာယူကာ ဦးဆောင် လမ်းဖောက် သင့်ပါသည်။ Comfort Zone သည် နှစ်၆၀ လောက် နောက်ကျ ကျန်ရစ်ခဲ့သည် ကျနော်တို့  မြန်မာ ပြည်သူတို့ အတွက် နေရာ မဟုတ်ပေ ။ အဘက်ဘက်က ရုန်းထဖို့  လိုပြီး မိမိတိုးတက်မှု လမ်းကို စဉ်ဆက်မပြတ်သွားလာဖို့  လိုသည့် အကြောင်းကို အကြံပြု လိုက်ချင်သည်။
မိမိတို့ ယခုရောက်ရှိနေသော နေရာ Comfort Zone သာယာနေဖို့ မဟုတ်ဘဲ ထိုမှ အတွေ့ အကြုံ ကောင်းများ ၊ အတက်အကျ ရှိသော ကိုင်တွယ်ဖြေရှင်းနည်းများ ကို လုပ်ဆောင်ပြီး အတွေ့ အကြုံယူရပါမယ်။ မိမိကိုယ်တိုင်မှစ မိမိနယ်ပယ် မိမိအသိုက်အဝန်း မိမိ နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် စွန့် ဦး လုပ်ဆောင်သွားဖို့  နဲ့ အရည်အချင်းရှိသော မိမိကိုယ်တိုင်လည်း ရှေ့ ထွက်ကာ လုပ်ဆောင်သွားဖို့  ဆန္ဒပြုလိုက်ပါတယ်။
Guest Blogger - Freddy
Post a Comment