Header Ads
Startup စတင်ခြင်း [Guest Post]
Startup တစ်ခု စတင်ခြင်းနဲ့ သက်ဆိုင်တဲ့ သိသင့်တဲ့အချက်များကို Guest Blogger တစ်ဦးဖြစ်သူ Freddy မှ တင်ပြပေးထားပါတယ်.။ (5 Mins Read)
Startup ဆိုတာကတော့ စွန့် ဦးတီထွင် တဲ့ လူငယ်လုပ်ငန်းရှင်များ ရဲ့ အစပျိုးကာစ ကုမ္ပဏီငယ်လေးတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုမ္ပဏီကြီး တစ်ခု အဖြစ် ကြိုးစား လုပ်ကိုင်နေတဲ့ လုပ်ငန်းငယ် တစ်ခု လို့ လည်း ဆိုနိုင်ပါတယ်။
Startup စတင်ခြင်း 
Startup စတင်ခါစ မှာ လုပ်ငန်းသဘော သဘာဝအရ ကုမ္ပဏီ တည်ထောင်သူ Founder မှ မိမိ အိုင်ဒီယာ နဲ့ ပရောဂျက်ကို စတင် လိုက်ပြီး လုပ်ငန်းလည်ပတ်နိုင်ရန် အတူတကွ လုပ်ကိုင်မည့်သူ ရှယ်ယာဝင်သူ စသဖြင့် ပါဝင်လာပါတယ်။ ထိုမှ လုပ်ငန်းလည်ပတ်ရန် မိမိတို ဦးတည်ချက် Vision, Mission များကို ချမှတ်လိုက်ပြီး ထို ဦးတည်ချက်များအတိုင်း လုပ်ကိုင်ပါတယ်။
Startup ဟာ လုပ်ငန်းအသေးစား လည်း ဖြစ်သေးတဲ့ အတွက် ငွေရေးကြေးရေးအရ လည်း အားနည်းပါသေးတယ်။  စတင်ချိန်မှာ ပါဝင်သူတိုင်းဟာ မိမိတို သွားလိုတဲ့ ဦးတည်ချက်ကို အားလုံးတူညီစွာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ မိမိတို လုပ်ငန်းသဘော သဘာဝကိုလည်း ကျွမ်းဝင်သိရှိဖို လိုပါတယ်။ 
Startup နဲ နေရာ
ထိုမှ တဆင့် လုပ်ကိုင်တဲ့ Project ကြီးလာတဲ့ အခါ ရုံးခန်း အတွက် တိုက်ခန်း၊ လုံးချင်းအိမ် တို့ကို ငှားရမ်းပြီးမှ ဝန်ထမ်းများနဲ့ စတင်လေ့ရှိကြပါတယ်။ တစ်ချို Startup များကတော့ မိမိတို့ အိမ်ခန်းထဲကနေ စတင်ခဲ့ကြတယ်လို ဆိုပါတယ်။ အင်တာနက်ရှိရုံနဲ ကြိုက်တဲ့ နေရာမှာ Project များကို လုပ်နိုင်ပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုကြတာStartup သမားများရဲ Culture ဖြစ်ပါတယ်။ 
Startup နဲ Project
Startup အများစုဟာ နည်းပညာနဲ့ ဆိုင်တဲ့ လုပ်ငန်းများ ဖြစ်တက်ကြပါတယ်။ မိုဘိုင်း အက်ပလီကေးရှင်း ဝဘ်ဆိုက် Graphic Design နဲ့ လိုဂိုဖန်တီးတာတွေ အွန်လိုင်းဈေးရောင်းဈေးဝယ်နဲ အင်တာနက်မာကတ်တင်းတို့ ကို အများဆုံး လုပ်ကိုင်တက်ကြပါတယ်။ Startup များဟာ စတင်ခါစမှာ ကုမ္ပဏီကြီးများလို့ အမြတ်အစွန်းများများတော့ မရနိုင်သေးပါဘူး မိမိတို လုပ်ကိုင်ခဲ့တဲ့ Project များကို လုပ်ကိုင်ရင်း သင်ယူရင်းနဲ့ စတင်လာကြတာပဲ ဖြစ်ပါတယ်။
Startup နဲ Teamwork
ပူးပေါင်းလုပ်ကိုင်ခြင်းဟာ Startup တစ်ခုမှာ အခရာကျပါတယ်။ အချင်းချင်း ချိတ်ဆက် လုပ်ကိုင်ခြင်းမရှိ လုပ်ငန်းမှာ စိတ်ရောကိုယ်ပါ ပါဝင်နေခြင်း မရှိဘဲ Startup တစ်ခု လုပ်ကိုင်ဖို့ မလွယ်ပါဘူး။
Startup တစ်ခု မှာ ပါဝင်သူတိုင်းဟာ စက်ကိရိယာ တစ်ခုထဲမှာပါတဲ့ အစိတ်အပိုင်းများလို တစ်ခုချင်းစီက သူ့ ဖာသာ ချက်ကျကျ လုပ်ဆောင်ပါမှ စက်အင်ဂျင် အသုံးပြုနိုင်မှာ ဖြစ်သလိုပါပဲ။
Teamwork စနစ်ကျင့်သုံးတဲ့ အခါမှာလည်း ရာထူးကြီးငယ်ကို အဆင့်ခွဲခြားမှုထက် ခေါင်းဆောင်ဖြစ်သူ က မိမိရဲ့  အဖွဲ့ သားများကို တာဝန်များကို အဆင့်ဆင့် ခွဲဝေပေးနိုင်ရပါမယ်။ အားသာတဲ့ အရည်အချင်းအလိုက် တာဝန်ပေးရပါမယ်။ ရေကူးကျွမ်းတဲ့  ငါးကို သစ်ပင်တက်ခိုင်းသလိုတော့ မဖြစ်ပါဘူး။ မျှတတဲ့ တာဝန်ကို ပေးဖို့ လိုပါတယ်။ 
အောင်မြင်သော Startup တစ်ခုဖြစ်လာဖို
ဦးတည်ချက်တူသူများကို ရှာဖွေကာ လုပ်ဆောင်ပါ ငွေရေးကြေးရေးကို ရှင်းရှင်းလင်းလင်းရှိပါစေ။ ပူးပေါင်းလုပ်ဆောင်ပါ အောင်မြင်မှု Mile Stone တစ်ခု ချင်းစီတိုင်းကို အဖွဲ့ သားများနဲ့ ဂုဏ်ပြုပေးပါ။
ရေရှည်အတွက် မျှော်မှန်းလုပ်ဆောင်ပါ။ အဖွဲ့ သား အားလုံးရဲ့ အမြင်ကို သိပါစေ။ တစ်ယောက်နဲ့ တစ်ယောက် အမြဲ ချိတ်ဆက်မှု ရှိပြီး ကောင်းမွန်တဲ့ Startup Culture ကို လေ့လာပြီး တီထွင် ဖန်တီးမှု ရှိပါစေ။
Guest blogger - Freddy 
No comments