Header Ads

သင်အွန်လိုင်းစတိုး တည်ထောင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ?


ကိုယ်ပိုင် အွန်လိုင်းစတိုးတစ်ခု တည်ထောင်ရန် လိုအပ်သည့်အချက်များကို တင်ပြပေးထားပါတယ်.။ (5 Mins Read)


ကိုယ်ပိုင်စီးပွားရေးတည်ထောင်ဖို့ဆိုတာ အကောင်းဆုံးသောအစီအစဉ်တွေနဲ့ အိမ်စာတွေလုပ်ရသလိုပဲ အားထုတ်ကြိုးပမ်းရတဲ့ အလုပ်တခုပါပဲ။ အကယ်၍သင်ဟာ ကိုယ်ပိုင်အွန်လိုင်းစီးပွားရေးတခုလုပ်တော့မယ်ဆိုရင် သင့်အနေနဲဒီအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့လိုမှာဖြစ်ပါတယ်။

အိမ်စာလုပ်ပါ

E-commerce စီးပွားရေးတခုလုပ်ဖို့ဆိုတာ များစွာသော အားထုတ်မှုနှင့် အစီအစဉ်တွေလုပ်ဖို့လဲလိုအပ်ပါတယ်။ သင့်လုပ်ငန်းကို ဈေးကွက်ထဲမှာ ဘယ်လိုလူသိအောင်လုပ်မလဲဆိုတာကလဲ သင့်အနေနှင့် ဖြေဖို့လိုတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ ပထမဦးစွာ စီးပွားရေး မစတင်ခင် သင့်အနေနှင့် ဈေးကွက်သုတေသန လုပ်ဖို့ကလဲ အရမ်းကိုလိုအပ်ပါတယ်။ သင့်ရဲ့ဈေးကွက်ပြိုင်ကွက်အခြေအနေမှအစ သူတို့ဘာပစ္စည်းတွေရောင်းနေလဲ၊ ဘယ်လိုထူးခြားရောင်းချမှုမျိုးတွေလုပ်လဲဆိုတာကိုရောပေါ့။ အဲဒါတွေကိုအခြေခံပြီး သင့်အနေနှင့် ဘယ်လိုကောင်းမွန်တဲ့ ပစ္စည်းမျိုးရောင်းမလဲ နှင့် ဘယ်လိုယှဉ်ပြိုင်မှုမျိုးတွေလုပ်ရမယ်ဆိုတာကို စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

SEO ကိုပြီးမြောက်အောင်လုပ်ဆောင်ပါ

ဒုတိယအရေးကြီးဆုံးအပိုင်းအနေနဲ့ အွန်လိုင်းစတိုးဖွင့်တယ်ဆိုတာဟာ သင်ဘယ်လို ၀က်ဘ်ဆိုဒ်မျိုးတည်ဆောက်လဲဆိုတာနဲ့ တူတူပါပဲ။ သင်ရောင်းချမယ့် ပစ္စည်းများကိုစဉ်းစားပြီးပြီဆိုရင်တောင် သင် SEO လုပ်ဖို့လိုအပ်ပါတယ်။ ဒါကတော့ရိုးရှင်းပါတယ်၊ သင်ရောင်းချလိုသည့် အလားအလာရှိတဲ့ ပစ္စည်းများကို စာရင်းပြုလုပ်ပြီး ထိုပစ္စည်းများနှင့် သက်ဆိုင်မည့် အသင့်တော်ဆုံးစကားလုံးများကို လေ့လာပြုစုရမှာပါ။ ကျွမ်းကျင်တဲ့ SEO ပညာရှင်တယောက်လဲ လိုအပ်လှပါတယ်။ ထိုပညာရှင်ကိုမေးရမှာကတော့ သင့်စာရင်းများထဲမှ မည့်သည့်စကားလုံးများက Google မှာနာပါတ်စဉ်ကောင်းကောင်းရနိုင်ဖို့ ကောက်နုတ်လို့ရမလဲဆိုတာကိုဖြစ်ပါတယ်။ ယခုလိုပြုလုပ်ခြင်းအားဖြင့် သင့်ပစ္စည်းများအား လူမြင်သာမှုအများဆုံးရစေမှာဖြစ်ပါတယ်။

Short-term နှင့် Long-Term Goals များကိုသတ်မှတ်ပါ။

ရောင်းချမည့်ပစ္စည်းများကို သတ်မှတ်ပြီးသည်နှင့်တပြိုင်နက် သင့်အရင်းကြေဖို့နှင့် သင့်ရောင်းအားတက်ဖို့ အတွက်လိုအပ်တဲ့ goal များကိုသတ်မှတ်ပါ။

Develop Powerful Content 

အွန်လိုင်းစီးပွားရေးမှာ အောင်မြင်နိုင်ဖို့ နောက်ထပ်အရေးကြီးဆုံး အချက်တချက်ကတော့  ပစ္စည်းကိုဖော်ပြနိုင်သည့် အကြောင်းအရာအချက်အလက်များ၏ အရေးကြီးမှုပဲဖြစ်ပါတယ်။ ပစ္စည်းအကြောင်းဖော်ပြမည့် အကြောင်းအရာများဟာ အချက်အလက်ပြည့်ပြည့်စုံစုံအပြင် ၀ယ်ယူသူကိုပါ ဆွဲဆောင်နိုင်ရမည်ဖြစ်သည်။ ပစ္စည်းများကိုဖော်ပြသည့် ပုံများအနေဖြင့်လည်း resolution ကောင်းကောင်းဖြစ်မှသာ ၀ယ်ယူသူများကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနှင့်ပစ္စည်း၏ အချက်အလက်များကို နားလည်သဘောပေါက်အေင် ဖော်ပြနိုင်သည့် အကြောင်းအရာများကို ဖော်ပြပေးရမည်။ ထို့အပြင် ၀ယ်ယူသူ၏ သင့်ပစ္စည်းနှင့်ပတ်သတ်သည့် မေးခွန်းများကိုလဲ အတတ်နိုင်ဆုံးပြန်လည်ဖြေကြားနိုင်ရမည်။  ဘယ်လိုမျိုး ပစ္စည်းအမျိုးအစား စာမျက်နှာတွေနဲ့ အကြောင်းအရာတွေဖော်ပြသင့်လဲဆိုတာကိုလဲ အကြီးမားဆုံး E-commerce လုပ်ငန်းများဖြစ်သည့် aliexpress, amazon နှင့် Kaymu  များကိုကြည့်၍ အကြံဥာဏ်များရယူနိုင်ပါတယ်။ ထိုဝက်ဘ်ဆိုဒ်များသည်လဲ ပစ္စည်းများ၏အကြောင်းအရာကို အကောင်းဆုံးဖော်ပြနိုင်ခြင်း နှင့် SEO လုပ်ခြင်းကြောင့် ၀ယ်ယူသူများကိုဆွဲဆောင်နိုင်မှုအများဆုံးရရှိနေခြင်းဖြစ်သည်။

အခြားသောပို့ဆောင်ခြင်းအစီစဉ်များ

သင့်ပစ္စည်းတွေကို ဘယ်လိုပို့ဆောင်မလဲ? ပို့ဆောင်ခအခမဲ့ လုပ်ဆောင်မည်လား? လုပ်ငန်းစတင်မည့်သူတွေအတွက် ပြည်တွင်းသာပပို့ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်၊ လုပ်ငန်းကြီးထွားလာမှသာ အခြားသောနိုင်ငံများအားပို့ဆောင်ခြင်း များကို လုပ်ဆောင်သင့်သည်။

ဝက်ဘ်ဆိုဒ်တည်ထောင်ခြင်း

နောက်ဆုံးအဆင့်အနေနှင့်ကတော့ သင့်၏ ၀က်ဘ်ဆိုဒ်တွင် ပါရှိမည့် ၀က်ဘ်ဆိုဒ်၏ ပင်မစာမျက်နှာ၊ ပစ္စည်းအမျိုးအစားများ၏ စာမျက်နှာ၊ သင့်ဝက်ဘ်ဆိုဒ်တွင် အသင်းဝင်လုပ်ရမည့် ပုံစံ၊ သတင်းစာများ အစရှိသည်များကို ဒီဇိုင်းရှင်းရှင်းလင်းလင်းနှင့်လှလှပပ တည်ဆောက်ဖို့ပါပဲ။ ၀က်ဘ်ဆိုဒ်သည် သင့်၏ ဈေးကွက်မှ ဈေးဝယ်သူများကို အဆွဲဆောင်နိုင်ဆုံးသော လက်နက်တခုဖြစ်သည့်အတွက် ၀ယ်ယူသူများဖတ်ရှုသူများကို အရှင်းလင်းဆုံး နှင့် အကောင်းဆုံးဆွဲဆောင်နိုင်ရမည်ဖြစ်သည်။

သတိပြုရမည့် အရေးကြီးဆုံးအချက်ကတော့ ယခုဖော်ပြထားသည့်အချက်အလက်များသည် အာမခံမှုမည်သည်မျှမပေးနိုင်ပေမယ့် အွန်လိုင်းစီးပွားရေးစတင်လုပ်ကိုင်လျှင်တော့ အောင်မြင်ဖို့အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မှာတော့ အသေအချာပင်ဖြစ်ပါသည်။


No comments