Management Story
တစ်နေ့ တွင် မီးပုံပျံ စီးလာသော လူတစ်ယောက် သည် မီးပုံပျံစီးနေယင်း လမ်းပျောက်သွားလေသည်။ ဒါကြောင့် ထိုသူသည် မီးပုံပျံ ဓါတ်ငွေ့ ကို နည်းနည်းလျော့ ပြီး မြေပြင်နဲ့ နီးအောင် ဆင်းလာခဲ့လေသည်။ ထိုအခါ မြေပြင်တွင် လူတစ်ယောက်ကို တွေ့ ရသဖြင့် လှမ်းမေးလိုက်လေသည်။
ကျေးဇူးပြုပြီး ကျွန်တော် ဘယ်နေရာရောက်နေတယ်ဆိုတာ ပြောပေးလို့ ရမလားခင်ဗျာ။ ကျွန်တော် သူငယ် ချင်း တစ်ယောက်နဲ့  တွေ့ ဖို့ ချိန်းထားတာ လမ်းပျောက်နေလို့ ။ ၁ နာရီလောက်တောင် နောက်ကျနေပြီ။
မြေပြင်က လူကအောက်ပါအတိုင်း ပြန်ပြီး ဖြေလိုက်လေသည်။
သင်က အခု အချိန်မှာ မိုးပျံဖူပေါင်းထဲမှာပါ။ မြေပြင်ကနေ အမြင့်ပေ ၃၀ အထက်မှာ ရှိနေပါတယ်။ သင့်တည်နေရာ အတိအကျကတော့ မြောက်လတ္တီတွဒ် ၄၀ နဲ့ ၄၁ ဒီဂရီနဲ့  အနောက်လောင်ဂျီတွဒ် ၅၉ နဲ့  ၆၀ကြားမှာပါ။
မိုးပျံပူဖောင်းပေါ် လူက “မင်းက အင်ဂျင်နီယာ “ ဖြစ်ရမယ်လို့ ပြန်ပြောလိုက်လေသည်။
ထိုအခါ မြေပြင်ပေါ်ကလူက “မင်း ဘယ်လို သိတာလဲ” လို့ ပြန်မေးလိုက်ပါတယ်။
မိုးပျံပူဖောင်းပေါ်က လူက “ ဘာလို့ လဲဆိုတော့ မင်းပြောတာတွေ အားလုံးက နည်းပညာ ပိုင်းအရ အမှန်ဆုံးပဲ။ ဒါပေမယ့် မင်းပြောတဲ့ အချက်တွေက ငါ့အတွက် ဘာမှ အကျိုးမပြုနိုင်ဘူး။ ငါအခု ထိ လမ်းပျောက်နေတုန်းပဲ။ ပွင့်ပွင့်လင်းလင်းပြောရယင် မင်းပြောသမျှ ငါ့အတွက် အထောက်အကူမပြုဘူး။ ငါ့ခရီးကိုတောင် နှောင့်နှေးစေနိုင်သေးတယ်။
မြေပြင်ပေါ်ကလူကလည်း “ဒါဆို မင်းက မန်နေဂျာ တစ်ယောက် ဖြစ်ရမယ်” လို့ ပြန်ပြောလိုက်ပါတယ်။
မိုးပျံပူဖောင်းပေါ်က လူက “မင်း ဘယ်လိုသိလဲ” လို ပြန်မေးလိုက်လေသည်။
မြေပြင်ပေါ်ကလူက “မင်းအနေနဲ့ ဘယ်ရောက်နေတယ်..ပြီးတော့ ဘယ်သွားနေတယ်ဆိုတာ ကိုယ့်ကိုကိုယ် မသိဘူး။ သင်အမြင့်ရောက်နေတာကလည်း လေတွေ အားကိုးနဲ့ ရောက်နေတာ။
သင်က ကတိတစ်ခုကို ပေးပြီးယင် ဘယ်လို ကတိတည်ရမယ်ဆိုတာကို မသိဘူး။ ပြီးတော့ သင့်အောက်မှာ ရှိတဲ့သူတွေ က သင့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရမယ့် သူတွေလို့ အမြဲမြင်တယ်။ “ ဟုပြန်ပြောလိုက်လေသည်။
Good Night.
ကိုဟိန်း (Prospect Myanmar)
Post a Comment