Header Ads
LinkedIn account တစ်ခု ပြုလုပ်နည်း (အခြေခံ အဆင့်ဆင့်)
ဟိုတစ်နေ့ က ကျွန်တော့် LinkedIn နဲ့  ပက်သက်တဲ့ ဆောင်းပါးလေး ရေးလိုက်ပြီးတဲ့နောက် ကျွန်တော့်ဆီကို message ပို့ ပြီး ဖွင့်ပုံဖွင့်နည်းကို  မေးလာတဲ့သူတွေ ရှိပါတယ်။
အဲ့ဒါနဲ့ အားလုံးသိရအောင်ဆိုပြီး LinkedIn account တစ်ခု ပြုလုပ်ပုံပြုလုပ်နည်း အဆင့်ဆင့်ကို ရေးဖြစ်သွားတာပါ။ အကောင့် တစ်ခု ဘယ်လို စတင်ပြီး ဖွင့်ရသလဲ က စပြီး ရေးချင်ပါတယ်။ နောက်များမှ အချိန်ရယင် ရသလို အသေးစိပ် ထပ်ရေးသွားပါ့မယ်။
Account ဖွင့် ဖို့ ပထမဦးဆုံးလိုအပ်ချက်ကတော့ သင့်မှာ မှန်ကန်တဲ့ လက်ရှိသုံးနေတဲ့ email account တစ်ခု ရှိရပါမယ်။ password မေ့နေတဲ့ email တို့ ၊ တကယ် မရှိပဲ ဒီတိုင်း ဖြည့်လိုက်တာမျိုး မရပါဘူး။ ဘာလို့ လဲ ဆိုတော့ LinkedIn က သင့် email တကယ် ရှိမရှိကို confirmation လုပ်လို့ ပါပဲ။
ပထမဆုံးအနေနဲ့ www.linkedin.com ကိုသွားလိုက်ပါ။ အဲ့ဒါဆိုယင်တော့ ပုံမှာ ပြထားတဲ့အတိုင်း linkedIn စာမျက်နှာကိုတွေ့ ရပါမယ်။ သင့်မှာ အကောင့်မရှိသေးတဲ့အတွက် တန်းပြီး Log in လုပ်လို့ မရပါဘူး။ အကောင့်ဖွင့်ရပါမယ်။
လွယ်လွယ်လေးပါပဲ။ သူကိုယ်တိုင်လဲ ရေးထားပါတယ်။ ၂ မိနစ်ပဲ ကြာပါမယ်တဲ့။အကောင့်တစ်ခု ဖွင့်ဖို့ ။
သင့်ရဲ့ first name နဲ့  second name ကို ဖြည့်လိုက်ပါ။
Password ပေးပါ။ မှတ်မိလွယ်အောင်ဆိုပြီး email address နဲ့ တူတူ password ကို မထားပါနဲ့ ။ မတူအောင်ထားပါ။
အားလုံးဖြည့်ပြီးပြီ ဆိုယင်တော့ Join Now ဆိုတဲ့ အ၀ါရောင် ခလုပ်လေးကို နှိပ်လိုက်လို့ ရပါပြီ။
အဲ့ဒါဆိုယင်တော့ အောက်မှာ ပြထားတဲ့ စာမျက်နှာ ကျလာပါလိမ့်မယ်။
သင့်အနေနဲ့ မြန်မာပြည်ကနေ လုပ်တယ်ဆိုယင် Country နေရာမှာ မြန်မာလို့ ရွေးပြီးသားတွေ့ ရပါလိမ့်မယ်။
ပြီးယင် Postal Code ရွေးပါ။ မြန်မာပြည်မှာ ရှိတဲ့ postal code တွေကို ရှာချင်ယင် google မှာရှာကြည့်လိုက်ပါ။ သင်နေထိုင်တဲ့ မြို့ နယ်ရဲ့ Postal Code ကို ရှာလို့ ရနိုင်ပါတယ်။ မရှာချင်ဘူးဆိုယင်တော့ 11111 (စမ်းချောင်း code) ပါ၊ 11121၊ 11131 ဆိုပြီး ကြိုက်တဲ့ ဂဏန်းရိုက်လို့ ရပါတယ်။ ဒါပေမယ့် အကြံပေးချင်တာက google မှာ အယင် စမ်းပြီး ရှာကြည့်စေချင်ပါတယ်။ ဘာလို့ လည်းဆိုတော့ သင့်အနေနဲ့ နိုင်ငံခြားက ပစ္စည်း တစ်ခုခု ပို့ ခိုင်းလို့ postal code မေးတာမျိုးဆိုယင် ရှောက်ရေးလို့ မရတော့ပါဘူး။ အမှန်ရေးရတော့မှာပါ။ ဒါကြောင့် ကိုယ်တိုင် ရှာကြည့်ဖို့ အကြံပေးလိုပါတယ်။
ပြီးယင်တော့ သင့်အနေနဲ့ အခု အလုပ်အကိုင်ရှိယင် Employed၊ အလုပ်ရှာမယ့်သူဆိုယင် Job seeker၊ ကျောင်းတတ်နေတုန်းဆိုယင်တော့ Student ကိုရွေးပါ။
ပြီးယင် သင်အခု လုပ်နေတဲ့ အလုပ်၊ရာထူးကိုရေး ရပါတယ်။ တကယ်လို့ သင်အခု လုပ်နေတာ ကိုယ်ပိုင်အလုပ်ဆိုယင်တော့ Self employed ဆိုတာလေးကို Tick လုပ်လိုက်ပါ။
သင့်က company တစ်ခုခု၊ အဖွဲ့ အစည်း တစ်ခုခု မှာ လုပ်နေတယ်ဆိုယင်တော့ company နာမည်၊ အဖွဲ့ အစည်းနာမည်ရေးပေးရပါမယ်။ သင့် company ကနာမည်ကြီးတဲ့ company မျိုး International အဖွဲ့ အစည်းမျိုးဆိုယင်တော့ သင်ရေးနေတဲ့အချိန် အဲ့ဒီ company နာမည် ပေါ်လာတတ်ပါတယ်။ ဒါဆိုယင် တစ်ခါတည်း ရွေးလိုက်လို့ ရပါတယ်။
အားလုံးဖြည့်ပြီးပြီ ဆိုယင်တော့ create my profile ကို နှိပ်လို့ ရပါပြီ။
                               အဆင့် (၂)
အဲ့ဒါဆိုယင်တော့ အဆင့် (၂) ကို ရောက်ပါပြီ။ သင့်ခုနက ပေးထားတဲ့ email address ပေါ်နေတာတွေ့ ပါလိမ့်မယ်။ ဒီအဆင့်ကတော့ သင့် email address ထဲမှာရှိတဲ့ သင်နဲ့ အဆက်အသွယ် ရှိတဲ့ email account ပိုင်ရှင်တွေ LinkedIn မှာ ရှိမလားဆိုတာကို စစ်ဆေးတာပါ။ သင့်အနေနဲ့ continue ဆိုတာကို နှိပ်လိုက်ယင် ရှိတဲ့သူတွေရဲ့ နာမည်တွေ ပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုယင် သင့်အနေနဲ့ တစ်ခါတည်း invite လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အကြံပေးချင်တာကတော့ ကိုယ့်အကောင့်ကို အယင် ပြီးပြည့်စုံအောင် လုပ်စေချင်တယ်။ ပြီးမှ သိတဲ့သူတွေကို invite လုပ်တာ ပိုပြီး ကောင်းမယ်လို့ ထင်မိပါတယ်။ (ဒါကတော့ ကျွန်တော့် ရဲ့ စဉ်းစာပုံပါ။ တခြားသူတွေနဲ့ ကွဲပြားနိုင်ပါတယ်)။ ကျွန်တော် ပေးတဲ့ အကြံကို ယူပြီး profile ကို ပဲ အယင် ဦးစားပေး လုပ်မယ်ဆိုယင်တော့ Skip ကို နှိပ်လိုက်ပါ။ ဒါဆို နောက် တစ်ဆင့်ကို ရောက်သွားပါလိမ့်မယ်။ အောက်မှာ ပြထားတဲ့အဆင့်ပါ။ 
                                       အဆင့် (၃)
Skip ကို နှိပ်လိုက်လို့  အဆင့် (၃) ကို ရောက်ပါပြီ။ အဆင့် (၃)ကတော့ သင် ခုနက ပေးထားတဲ့ email address ကို သူတို့ ရဲ့ system ထဲကို ထည့်မှာပါ။ အဲ့ဒီအတွက် သင့် email address က သင့်ဟာ ဟုတ်မဟုတ် စစ်ဆေးပါလိမ့်မယ်။ အဲ့ဒီအတွက် Confirm My Goggle Account ကို နှိပ်လိုက်ပါ။
အဲ့ဒါဆိုယင် confirm လုပ်တဲ့ Page ကို ရောက်သွားပါ့မယ်။ အဲဒီ အဆင့်မှာ သင့်ရဲ့ email account နဲ့  password ကို ရိုက်ခိုင်းပါလိမ့်မယ်။ LinkedIn password မဟုတ်ပါဘူး။ email password အကောင့်ပါ။
Google account မဟုတ်ပဲ တခြား email ဆိုယင်တော့ confirmation email ကို သင့်ရဲ့ mail address ကို ပို့ တတ်ပါတယ်။ ဒါဆိုယင်တော့ သင့်ရဲ့ email ကို သွားဖွင့် confirm email ကို တွေ့ ယင် confirm email ကို ၀င်၊ ပြီးယင် confirm link ကို activate လုပ်ရပါမယ်။ 
အဲ့ဒါဆိုယင်တော့ နောက် တစ်ဆင့်ကို ရောက်ပါပြီ။ ဒီအဆင့်ကတော့ LinkedIn ကို mobile phone ပေါ်မှာ သုံးချင်ယင် သုံးလို့ ရအောင် လုပ်ထားတာပါ။ Skip လုပ်ပြီး နောက်မှ Apple store၊ Google store ကနေလဲ ဒေါင်းလုတ် လုပ်လို့ ရပါတယ်။ အဲဒီတော့ ကျော်လိုက်ရေအောင်။ (အောက်ပုံပါ) 
နောက်တစ်ဆင့်ကတော့ သူတို့ ရဲ့ ပိုက်ဆံပေးရတဲ့ Services ကို ၀ယ်ချင်လာအောင် ဆွဲဆောင်ထားတာပါ။ အဲ့ဒီမှာလည်း သင့်အနေနဲ့ ဝယ်ဖို့ စိတ်ကူးမရှိယင်တော့ Choose Basic ကို သာရွေးလိုက်ပါ။ (အောက်ပုံကို ကြည့်ပါ)
ကိုဟိန်း (Prospect Myanmar)
No comments