Header Ads

linkedin Profile ဖန်တီးနည်း (အဆင့်ဆင့် သရုပ်ပြမှု)



အယင် အပတ်ကတော့ Linkedin အကောင့် ဖွင့်ပုံကို သရုပ်ပြသခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ဖွင့်ထားတဲ့ အကောင့် profile ကို ဘယ်လို update လုပ်မလဲ၊ ဘာတွေ လုပ်လို့ ရလဲဆိုတာ ကိုရေးချင်ပါတယ်။

ပထမဆုံး အကောင့် ၀င်လိုက်ယင် တွေ့ မှာကတော့ ဒီအတိုင်းပါပဲ။


အောက်မှာ Home ကို မျှား ထိုးပြထားပါတယ်။ Home ကို နှိပ်လိုက်ယင်တော့ facebook ရဲ့ Home လိုပါပဲ။ သင်နဲ့ connect ဖြစ်နေတဲ့သူတွေရဲ့ post တွေ၊ update တွေ၊ သင် follow လုပ်ထားတဲ့ သူတွေရဲ့ post တွေ၊ သင် follow လုပ်ထားတဲ့ company တွေရဲ့ update တွေကို တွေ့ ရပါ့မယ်။

Home ရဲ့ ဘေးမှာတော့ Profile ဆိုတာ ရှိပါတယ်။ အဲ့ဒီ Profile ကနေ သင့်ရဲ့ LinkedIn acc profile ကို ပြုပြင်ပြောင်းလဲလို့ ရပါတယ်။


ပုံမှာ ပြထားသလိုပါပဲ။ Profile ကို နှိပ်လိုက်ယင် drop down menu လေးကျလာပါမယ်။ အဲ့ဒီမှာ Edit Profile ကို ရွေးလိုက်ပါ။

ကဲ..ပထမဦးဆုံး သင့်ရဲ့ Profile picture ကို တင်ရအောင်။




ကျွန်တော် အကောင့် အသစ်နဲ့ နမူနာပြထားပါတယ်။ သင့် Profile ပုံတင်ဖို့ အတွက် Add a Photo ကို ရွေးလိုက်ပါ။ အဲ့ဒါဆိုယင်တော့ အောက်မှာ ပြထားတဲ့အတိုင်း Profile pic တင်ဖို့ pop up window တစ်ခု တက်လာပါ့မယ်။ (ကျွန်တော်ရေးထားတဲ့ ကျောင်းပြီးခါစ အလုပ်ရှာနေသော လူငယ်အများအတွက် LinkedIn အသုံးပြုပုံ Click Here ကို ပြန်ဖတ်ကြည့်ပါ။ Profile picture ဘယ်လို တင်ရမလဲ၊ဘာပုံတွေ မတင်သင့်ဘူးလဲဆိုတာ ရေးထားပေးပါတယ်)။


ပုံတင်ပြီးသွားယင်တော့ အောက်မှာ ပြထားသလိုပါပဲ လုပ်စရာတွေ ဖြည့်စရာတွေ အများကြီးပါ။ အဲ့ဒါတွေကို သင့် ရဲ့ CV နဲ့ ကိုက်ညီအောင် ဖြည့်ပါ။ (ကျွန်တော်ရေးထားတဲ့ ကျောင်းပြီးခါစ အလုပ်ရှာနေသော လူငယ်အများအတွက် LinkedIn အသုံးပြုပုံ Click Here ကို ပြန်ဖတ်ကြည့်ပါ။)


ဥပမာ Education ကို ဖြည့်မယ်ဆိုယင် အောက်မှာ ပြထားတဲ့ ဟာတွေကို ဖြည့်ရပါလိမ့်မယ်။ တချို့ အချက်အလက်တွေ မရှိဘူး၊ မသိဘူးဆိုယင် မဖြည့်ပဲ ထားထားလို့ ရပါတယ်။


နောက်တစ်ခုကတော့ သင့်မှာ ရှိတဲ့ Skill တွေကို add လုပ်ဖို့ ပါ။ သူ့ အလိုလို add လုပ်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သေချာကြည့်ပြီး ကိုယ်နဲ့ မကိုက်ညီတဲ့ဟာတွေဆိုယင် ဖြုတ်ပစ်ပါ။ လိုတာတွေ ရှိယင် ထပ်ထည့်လို့ ရပါတယ်။ ဥပမာ Graphic Design ဆိုတာ မပါယင် ရိုက်ထည့်လို့ ရပါတယ်။ ပြီးယင်တော့ Save ကို နှိုပ်လိုက်ယင် သင့်မှာ ရှိတဲ့ Skill တွေက သင့်ရဲ့ Profile မှာ ပေါ်နေပါလိမ့်မယ်။ အောက်က ပုံကိုကြည့်ပါ။


Profile page ကို edit လုပ်ပြီးယင် အပေါ် ဘက်မှာ သင့်ရဲ့ Profile page ဘယ်လောက် ပြည့်စုံပြီးဆိုတာကို ပြထားတာ ရှိပါတယ်။ အောက်မှာ ဥပမာ ပေးထားပါတယ်။ ကျွန်တော်ဆိုယင် Beginner level ပဲ ရှိပါသေးတယ်။ တော်တော်များများ ဖြည့်ပြီးယင် Profile Strength ကတက်လာပါမယ်။ Profile Strength တက်လာလေလေ သင့်ကို လူကြည့်များလာလေလေ၊ သင့်ရဲ့ Network လည်း ကျယ်ပြန့် လာလေလေပါ။

Profile ကို Edit ပြီးယင်တော့ သင့်နဲ့ သိပြီးသားသူတွေ ရှိမရှိ ရှာကြည့်ရအောင်။ သင့် linkedin acc ဖွင့်တုန်းက သုံးခဲ့တဲ့ email က သင် အလုပ်မှာသုံးတဲ့ email ဆိုယင်ပဲ ဖြစ်ဖြစ် သင် အဓိက အဆက်အသွယ်လုပ်တဲ့ နေရာမှာ သုံးတဲ့ email ဆိုယင်ပဲ ဖြစ်ဖြစ် သင်နဲ့ စာပေးစာယူလုပ်ထားတဲ့သူတွေ ကို linkedin က ရှာပေးနိုင်ပါတယ်။ အဲ့ဒီအတွက် အောက်က အတိုင်း သွားရှာရပါမယ်။ Connections ဆိုတာကို နှိပ်လိုက်ပါ။


ပြီးယင် Keep In Touch ဆိုတာကို နှိပ်လိုက်ယင် သင်နဲ့ အဆက်အသွယ် ရှိတဲ့ သူများ ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် အကြံပေးချင်တာကတော့ သင့် အဓိက အသုံးပြုနေတဲ့ email ကို ပဲ linkedin အကောင့် ဖွင့်တဲ့ အခါ အသုံးပြုစေချင်ပါတယ်။ ဒါမှသာ သင့်ရဲ့ network ကို အလွယ်တကူ ရှာလို့ ရမှာပါ။ (ကျွန်တော်ကတော့ email အသစ်နဲ့ ဖွင့်ထားတဲ့အတွက် ဘယ်သူမှ မရှိသေးပါဘူး)။ ရှိယင်တော့ အောက်မှာ ပြထားတဲ့ပုံမှာ သင်နဲ့ သိတဲ့သူတွေ ပေါ်နေပါလိမ့်မယ်။ အဲ့ဒီထဲက သင် connect လုပ်ချင်တဲ့သူတွေအားလုံးကို ရွေးပြီး invite လုပ်လိုက်ပါ။



နောက်တစ်ခုကတော့ Interest ကိုသွားရအောင်။ အဲ့ဒီမှာ သင့်စိတ်ဝင်စားမယ့် အရာတွေ တွေ့ ရပါလိမ့်မယ်။ အောက်မှာ ပြထားတဲ့ အတိုင်း Interest ကို နှိပ်လိုက်ပါ။

အဲ့ဒီမှာ ပြထားတဲ့အတိုင်း Companies/Groups/Pulse/Education ဆိုတာ တွေ့ ရပါမယ်။ ပထမဦးဆုံး companies ဆိုတာကို နှိပ်ရအောင်။ အဲ့ဒီအခါမှာ အောက်မှာ ပြထားသလို ပဲ companies အကောင့်တွေ ပေါ်လာလိမ့်မယ်။ သင် စိတ်ဝင်စားတဲ့ follow လုပ်ချင်တဲ့ company တွေကို follow လုပ်ထားနိုင်ပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ company တွေကိုလည်း နာမည် ရိုက်ထည့်ပြီး ရှာလို့ ရပါတယ်။


company တွေကို like ထားယင် company တွေက အလုပ်ကြေငြာယင် သင့် home မှာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီအခါ မှာ ၀င်ရောက်ကြည့်ရှူနိုင်ပါတယ်။

Interest နောက်တစ်ခုကတော့ Groups ပါ။ ကျွန်တော် Group လေးတစ်ခု လုပ်ထားပါတယ်။ ပုံမှာ ပြထားသလိုပဲ Career Development for Youth in Myanmar ဆိုပြီး  ရှာကြည့်လိုက်ပါ။ ကျွန်တော် လုပ်ထားတဲ့ Group လေး ပေါ်လာပါလိမ့်မယ်။ နှိပ်လိုက်ပါ။ Group page ကို ရောက်သွားပါလိမ့်မယ်။


member တော့ မရှိသေးပါဘူး။ အခုမှ အစပဲ ရှိသေးလို့ ပါ။ Group ပေါ်လာယင် Group ကို join ချင်တယ်ဆိုယင်တော့ Join ကို နှိပ်လိုက်ပါ။

အဲ့ဒီလိုမျိုးပဲ တခြား Group တွေလဲ ရှာပြီး Join လို့ ရပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုကတော့ Group တိုင်းက လူတိုင်းကို လက်မခံပါဘူး။ သင့် အကောင့်က အသစ်ဖြစ်နေမယ်။ ဘာမှ မပြည့်စုံဘူးဆိုယင် လက်မခံပါဘူး။ Group admin တွေ က စစ်ပြီးမှ လက်ခံကြပါတယ်။

နောက်ဆုံးတစ်ခုကတော့ သင့် အရမ်း စိတ်ဝင်စားမယ့် Job ပါပဲ။ Connections နဲ့  Interest ကြားမှာ Jobs ဆိုတာ ရှိပါတယ်။ အောက်မှာ ပြထားပါတယ်။


အဲ့ဒီ jobs ကို နှိပ်လိုက်ယင် Jobs page ကို ရောက်သွားပါမယ်။ အဲ့ဒီမှာ ပထမဦးဆုံးသင် ဘယ်လို အလုပ်တွေ စိတ်ဝင်စားတယ်ဆိုတာကို linkedIn ကို သိအောင် လုပ်ရပါမယ်။ Jobs you may be interested in ဆိုတဲ့ အောက်မှာ တွေ့ ပါလိမ့်မယ်။


ပထမဦးဆုံး ဘယ်နိုင်ငံမှာလုပ်ချင်လဲဆိုတာ ပြောရပါမယ်။ အဲ့ဒီ အတွက် Myanmar လို့ ရေးပါ။ Mynmar လို့ ရိုက်ယင် ပုံမှာ ပြထားသလိုပဲ Myanmar ဆိုတာ ပေါ်လာပါမယ်။ ရွေးလိုက်ပါ။  ပြီးယင် Next နှိပ်ပါ။


ပြီးယင်တော့ သင်လုပ်ချင်တဲ့ company အကြီးအသေးကို ရွေးခိုင်းပါလိမ့်မယ်။ ဒီအပိုင်းကတော့ သိပ်အရေးမကြီးပါဘူး။ ဒီတိုင်းသာ Next နှိပ်လိုက်ပါ။ (အောက်ပုံကိုကြည့်ပါ)


ပြီးယင်တော့ ဘယ်လို အပိုင်းကို စိတ်ဝင်စားလည်းဆိုတာ ရွေးရပါမယ်။ အောက်မှာ ပြထားပါတယ်။

သင်စိတ်ဝင်စားတဲ့ ၊ သင်လုပ်ချင်တဲ့ field ကို ရွေးပါ။

အဲ့ဒါဆိုပြီးယင်တော့ သင့် အနေနဲ့ မြန်မာပြည်ထဲမှာ ရှိတဲ့ သင် စိတ်ဝင်စားတဲ့ အလုပ်အကိုင် ခေါ်ထားတာတွေ တွေ့ ရပါလိမ့်မယ်။

အဲ့ဒီအလုပ်ကို နှိပ်လိုက်ပါ။ အလုပ် အကြောင်းပေါ်လာပါ့မယ်။ ဘယ်လို လျှောက်ရမလဲဆိုတာ ပေါ်လာပါလိမ့်မယ်။ တချို့ အလုပ်တွေက Linkedin က တမ်းလျှောက်လို့ ရပါတယ်။ ဒါပေမယ့် သင့်ရဲ့ အကောင့်က အားလုံးပြည့်စုံနေရပါမယ်။

အားလုံး Linkedin ကို အကျိုး ရှိရှိ အသုံးပြုနိုင်ကြပါစေ။

ကျေးဇူးတင်ပါတယ်။

ကိုဟိန်း (Prospect Myanmar)

No comments