လူတိုင်းမှာ ရှိသော မျက်စိဖြင့် မမြင်ရတဲ့ နယ်နိမိတ် (zone)
ဒီတစ်ခါ ရေးမှာကတော့ Leadership လဲမဟုတ်၊ CV အကြောင်းလဲ မဟုတ်၊ အလုပ်ထွက်ဖို့ အကြောင်းလဲ မဟုတ်ပါဘူး။ ဒါပေမယ့် မိမိ အလုပ်ခွင်မှာတွင် မက ပဲ ဘယ်နေရာပဲ ရောက်ရောက် အသုံးဝင်မယ့် Theory လေး တစ်ခုရေးချင်ပါတယ်။ ကျွန်တော့် အဲ့ဒီ အကြောင်းကို ဖတ်ခဲ့တာကြာပါပြီ။ ဒါပေမယ့် အခုရက်ပိုင်းအတွင်း အဲ့ဒီ Theory လေးနဲ့ ပက်သက်တဲ့ တိုက်ဆိုင်မှုလေးတွေ ရှိလာလို့ ရေးလိုက်ပါတယ်။ နည်းနည်း သဘောတရား ပိုင်းဆန်ယင် ဆန်ပါလိမ့်မယ်။ ဖတ်ကြည့်ကြပါဦး။
Just Friend ဆိုတဲ့ ရုပ်ရှင်ကြည့်ဖူးတဲ့သူတွေ သတိရယင် ရပါလိမ့်မယ်။ အဲ့ဒီ ထဲက မင်းသားက သူ့ နားလူ ကပ်လာယင် မင်း ငါ့ zone ထဲကို ၀င်လာပြီ…. လို့ သတိပေး လေ့ ရှိပါတယ်။ အဲ့ဒါ ဘာစည်းကို ပြောတာပါလဲ။
သက်ရှိသတ္တ၀ါတွေကော လူတွေ အားလုံးပါ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ် အဆင်ပြေစေနိုင်မယ့် နယ်နိမိတ် (Zone) တစ်ခု သတ်မှတ်ထားပါတယ်။ နယ်နိမိတ်(zone) ဆိုပေမယ့် မြင်တော့ မမြင်ရပါဘူး။ လူတွေ မှာတော့ ပိုပြီး သတ်မှတ် မှု ပိုများ မှာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသား ဘ၀ကို ပြန် စဉ်းစားကြည့်ရအောင်။ ကျောင်းစားပွဲ မှာ စည်းတားကြတဲ့အလေ့ ရှိကြတယ်တယ်။ ဘေးက သူငယ်ချင်းမကျော်လာအောင်လို့ ။ ကျော်လာယင် ရန်ဖြစ်ကြရော။ အဲ့လို ပဲ အသက်ကြီးလာတော့လည်း အစည်းအဝေးတစ်ခု ပဲ သွားသွား လူများတဲ့ နေရာ တစ်ခုခု သွားယင် စားပွဲ ပေါ်ကို ကိုယ့်ပစ္စည်းတွေ တင်တတ်ကြတယ်။ တင်တဲ့ အခါမှာ တစ်ခါ တစ်ရံ မသိမသာ စည်းလေး တစ်ခု သတ်မှတ် လိုက်သလို မျိုး တင်မိတာလေးတွေ သတိထားကြည့်လို့ ရပါတယ်။ ဒါတွေက သိသိသာသာ သတိမထားမိပါဘူး။
အဲ့လို လေးတွေ သတ်မှတ် မိကြတဲ့ ရည်ရွယ်ချက်ကဘာကြောင့်ပါလဲ။ ကျွန်တော်တို့ လူတွေဟာ ကိုယ့်ရဲ့ သတ်မှတ်ထားတဲ့ နယ်နိမိတ် (zone) လေးထဲမှာ နေရတာကို သဘောကျတယ်။ အန္တရာယ်ကင်းတယ်လို့ ထင်ကြတယ်။ စိတ်ထဲမှာလည်း ကျေနပ်တယ်။ အဲ့ဒီ နယ်နိမိတ် (zone) ထဲကို လူတစ်ယောက်ယောက် ၀င်လာယင် စိတ်အနှောက်အယှက်ဖြစ်လာတယ်။ သဘောမကျတော့ဘူး။ စိတ်ရှုပ်လာတယ်။
အဲ့ဒီလို နယ်နိမိတ် (zone) သတ်မှတ်ရာ မှာလည်း အဆင့်ဆင့် ရှိပါတယ်။ ပုံမှာ ပြထားသလိုပါပဲ။ intimate zone, personal zone, social zone နဲ့  public zone ဆိုပြီး ရှိပါတယ်။ ကိုယ့်နဲ့ အရမ်းရင်းနှီး တဲ့သူ (ဥပမာ ချစ်သူ၊ မိဘ၊ မောင်နှမ) ကို intimate zone ထိ ပေးဝင်ပါတယ်။ personal zone ကိုတော့ ကိုယ့် ရုံးက လုပ်ဖော်ကိုင်ဖက် တွေ ၀င်လို့ ရပါတယ်။ သူငယ်ချင်းတွေ ၀င်လို့ ရတယ်။ party တွေ သွားယင် personal zone ကို ၀င်ကြတယ်။ နောက်တစ် zone ကတော့ social zone ပါ။ တကယ်လို့ ကိုယ်နဲ့ သိပ်မသိတဲ့ ရေပိုက်ပြင်သမား တစ်ယောက် အိမ်ကို ရေလာပြင်တယ်ဆိုပါစို့ ။ သူ့ လိုလူမျိုးကို ဆိုယင် social zone ထဲပဲ ပေးဝင်ပါလိမ့်မယ်။ personal zone နားရောက်လာယင်ကို ကိုယ့်ဘက်က နည်းနည်း ရွံ့ လာမယ်။ Public Zone ဆိုတာကတော့ အပြင်ဆုံး zone ပေါ့။ စဉ်းစားကြည့်ပါ။ သင့်အနေနဲ့ လူတွေ အများကြီး ရှိတဲ့ နေရာကို သွားရမယ်ဆိုယင် သင်ဘယ်နားနေရမယ်ဆိုတာကို ရွေးမိမှာပဲ။ ကိုယ့်ကိုကိုယ် အဆင်ပြေမယ့် နေရာ ကိုယ့် public zone နဲ့ ကိုက်မယ့် နေရာကို ရွေးမိပါလိမ့်မယ်။ ဒါကတော့ zone တွေ ကို သတ်မှတ်ထားတာကို ပြောပြတာပါ။
လူတစ်ယောက်နဲ့ တစ်ယောက် မှာ zone ရဲ့ အကွာအဝေး သတ်မှတ်ချက်ကကွာပါတယ်။ ဘယ်ပေါ်မှာ မူတည်ပြီးကွာကြလဲ ဆိုတော့ မိမိ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ ကျား၊မ၊ နိုင်ငံ၊ လူနေမှု ထူထပ်မှု အဲ့ဒါတွေ ပေါ်မူတည်ပြီးကွာပါတယ်။ နိုင်ငံနဲ့ ကြည့်မယ်ဆိုယင်တော့ ဂျပန်နိုင်ငံ ကလူတွေရဲ့  zone သတ်မှတ်တဲ့ အကွာအဝေးက နည်းပါတယ်။ ဒါကြောင့် သူတို့ အနေရဲ့  personal zone က တခြား သူရဲ့  intimate zone ထဲရောက်နေပါပြီ။ အင်္ဂလန်နိုင်ငံသားတွေရဲ့  zone သတ်မှတ်ချက်ကတော့ များလွန်းပါတယ်။ သူတို့ ရဲ့  personal zone က တခြားနိုင်ငံသားတွေရဲ့  social zone ထဲကို ရောက်နေပါတယ်။ အဲ့ဒီ အခါ စဉ်းစားကြည့်ရအောင်။ အင်္ဂလန် နိုင်ငံသားနဲ့ ဂျပန်နိုင်ငံသားကို နှစ်ယောက် စကားပြောခိုင်းရင် ဂျပန်နိုင်ငံသားက ရှေ့ တိုးတိုး ပြီး ကပ်လာမယ်၊ အင်္ဂလန်နိုင်ငံသားကတော့ နောက်ကို ဆုတ်ဆုတ်သွားပါလိမ့်မယ်။
မြို့ မှာနေတဲ့သူနဲ့ တောမှာနေတဲ့သူ ရဲ့  zone အကွာအဝေးလဲ ကွားခြားပါတယ်။ မြို့ မှာက လူဦးရေ ထူထပ်တဲ့ အတွက် zone အကွာအဝေးနဲ တယ်။ တောမှာက အကွာအဝေး များတယ်။ အဲ့ဒါကို သက်သေပြနိုင်တဲ့ ဥပမာလေးတွေ ရှိပါတယ်။ မြို့ ကလူတွေက တစ်ယောက်နဲ့ တစ်ယောက် တွေ့ ယင် လက်ဆွဲ နှုတ်ဆက်ကြတယ်။ အဲ့ဒါဆို personal zone ထဲရောက်နေပါပြီ။ တောမှာကတော့ လက်ဆွဲ နှုတ်ဆက်တဲ့ အစား အဝေးကနေ လက်လှမ်းပြပြီး နှုတ်ဆက်တာများပါတယ်။ social zone လောက်ကနေပဲ နှုတ်ဆက်ကြတယ်။ အဲ့ဒါကြောင့် တောကလူတစ်ဦးဦးကို သင် ချဉ်းကပ်ယင် သတိထာသင့်တာက သူ့ ရဲ့  Intimate zone ထဲရောက်နေပြီဆိုတာလားဆိုတာကို သတိထားပါ။ Marketing လုပ်တာကို သုတေသန လုပ်ထားတာ ရှိပါတယ်။ မြို့ ကလူတွေက လူချင်း စကားပြောပြီး marketing promotion လုပ်တာကို သဘောကျတယ်။ တောကသူတွေကျတော့ billboard ကြီးတွေ ကြည့်ရတာကို ပိုပြီးသဘောကျပါတယ်။
ဘာဖြစ်လို့ ကျွန်တော် ဒီ zone တွေကို ပြောနေရလဲ။ အရေးကြီးပါတယ်။
လူမှု ဆက်ဆံရေးအပိုင်းမှာ သင်ဆက်ဆံရမယ့် သူရဲ့  zone သတ်မှတ်ချက်ကို သတိပြုရပါမယ်။ သင့်အနေနဲ့ အလုပ်က အရေးကြီး တဲ့ လူကြီးတစ်ယောက်နဲ့ စကားပြောဖို့ ရှိတယ်။ အဲ့ဒီအခါမှာ သင်က အတင်း သူရဲ့  intimate zone ထဲ ၀င်ပြီး ကပ်ပြီး ပြောမိလိမ့်မယ်။ သူ့ အနေနဲ့ က ဒါက စိတ်အနှောက်အယှက် ဖြစ်ယင် ဖြစ်နေမှာပါ။ အဲ့ဒါဆို သင့်အတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင် သူ့ အနား ကပ်ပြီးဆိုတာနဲ့ သူက လက်ခံတဲ့ ပုံစံပြရဲ့ လား။ စိတ် အနှောက်အယှက် ဖြစ်နေလား ဆိုတာကို သတိထား မိပါစေ။ (သင်ကိုယ်တိုင်လည်း စဉ်း စားကြည့်လို့ ရပါတယ်။ ကိုယ်နဲ့ အရမ်း မရင်းနှီးတဲ့ သူ တစ်ယောက် သင့်နားရောက်လာယင် ဘယ်လို ခံစားရတယ်ဆိုတာ ကို)။
တခြားနိုင်ငံက သူတစ်ယောက်နဲ့ ဆက်ဆံယင် ဒါက အရေးကြီးပါတယ်။ သူ့ တို့  culture အရ သူတို့ ရဲ့  zone ကဘယ်လောက် ကွာဝေးတယ်ဆိုတာ သိဖို့ လိုပါတယ်။ အာရှမှာဆိုယင် ထိုင်းတို့ ဂျပန်တို့ က zone အကွာဝေနဲ ပါတယ်။ အဲ့ဒါကြောင့် သင် အနေနဲ့ ထိုင်းကောင်မလေး တစ်ယောက်က သင့်အနားကို အတင်းကပ်လာပြီး သင့်ရဲ့  Intimate zone ထဲကို ၀င်လာပြီဆိုယင် ဒီကောင်မလေး ငါ့ကို ကြိုက်နေပြီလို့ မထင်လိုက်ပါနဲ့ ။ အဲ့ဒါက သူ့ ရဲ့  social zone ဖြစ်ယင် ဖြစ်နေမှာပါ။
အဲ့လို ပဲ ကောင်လေး တစ်ယောက်က ကိုယ်ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်ကို ချဉ်းကပ်မယ်ဆိုလည်း အဲဒီ သဘောတရားကို သိထားသင့်တယ်။ သူ့ ဆီကို ချဉ်းကပ်သွားယင် သူ လက်ခံရဲ့  လား။ သင့်ကို ဘယ် zone အတွင်း ပေးဝင်လဲ။ အချိန်အတိုင်းအတာ ပေါ်မူတည်ပြီး သင့် ကို ရှေ့ တိုးတိုး သွားစေလား။ သူ့ ရဲ့  intimate zone ထဲကို ၀င်လို့ ရပြီလား။ အဲ့ဒါတွေ ကြည့်ပြီး အခြေအနေကောင်းလား မကောင်းလား ဆုံးဖြတ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ချဉ်းကပ်ချင်တဲ့သူက သွေးတိုး အရင် စမ်းကြည့်ပါတယ်။ ငါ့ကို ဘယ် zone ထိ ပေးဝင်လဲ ပေါ့။ intimate zone ထိ ပေးဝင်ယင်တော့ အိုကေပြီပေါ့။ (Club တွေ၊ party တွေ မှာ ဖြစ်တာများပါတယ်)
ကျွန်တော်တို့ လူစုလူဝေးနဲ့ ဆန္ဒပြတာတို့ ၊ စတိတ်ရှိုး ကြည့်တာတို့ ရှိပါတယ်။ အဲ့ဒီအခါမှာ လူတွေက အများကြီး၊ ကိုယ်နဲ့ မသိတဲ့သူတွေက ကိုယ့်ရဲ့  personal zone တင် မကဘူး၊ တစ်ခါတစ်လေ intimate zone ကို ပါ ၀င်လာနိုင်တယ်။ မတော်တဆ ၀င်လာနိုင်တယ်။ အဲ့ဒီ အခါမှာ စိတ်တွေက ရှုပ်လာမယ်။ စိတ်တိုသလို ဖြစ်လာမယ်။ အချိန်ကြာလာတဲ့အခါမှာ ရန်ဖြစ်တာတွေ ဖြစ်လာမယ်။ ဆန္ဒပြ တဲ့ လူတွေ များလာပြီး တဖြည်းဖြည်းနဲ့ ထိန်းရခက်တာကလည်း အဲ့ဒီ သဘောတရားပါပဲ။ နိုင်ငံတကာမှ ဆန္ဒပြ ကျွမ်းကျင်သူတွေ ရှိပါတယ်။ သူတို့ တွေက well trained တွေပါ။ လူအုပ်ကိုကြည့်ပြီး ဘယ်အချိန်မှာ သွေးဆူအောင် လုပ်ရမယ်။ ဘယ်အချိန်မှာ လက်ခုပ်တီးရမယ်။ ဘယ်အချိန်မှာတော့ အဖျက်အဆီးလုပ်ရမယ် ဆိုတာကို ကောင်းကောင်းနားလည်ပါတယ်။ အဲဒါလည်း ဒီသဘောတရားကို အခြေခံထားပြီး သေချာ လေ့လာထားတာပါပဲ။ဒါကြောင့် ရဲတွေက ဆန္ဒ ပြတာကို နှိမ်နင်းယင် လူစုကိုခွဲပစ်တယ်။ အဲ့လို ခွဲပစ် လိုက်လို့ intimate zone၊ personal zone ထဲမှာ လူတွေ မရှိတော့ယင် စိတ်တိုတာတွေ လျော့သွားမယ်။
အဲ့ဒီ zone တွေက အတိုး အလျော့ လည်း ရှိပါတယ်။ သင် ပတ်ဝန်းကျင် အသစ်ကို ရောက်သွားယင် အဲ့ဒီ ဒေသရဲ့  zone အတိုင်း တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်။ လူတစ်ယောက်ကို တဖြည်းဖြည်း ရင်းနှီးလာယင် သူ့ ကို သင့်ရဲ့  personal zone လောက်ထိ ပေးဝင်လာလိမ့်မယ်။
လူတစ်ယောက် ကားတက်မောင်းလိုက်ယင် သူ့ ရဲ့  zone က ပိုပြီး ကြီးသွားပါတယ်။ သူက ကားအတွက် ပါ zone သတ်မှတ်လိုက်တယ်။ ကား တစ်စီး က မိမိ ရှေ့  ၀င်လာလို့ ရှိယင် စိတ်တိုတာတွေကလည်း အဲ့ဒါနဲ့ နဲနဲ သက်ဆိုင်ပါတယ်။ ကိုယ့် ရဲ့  zone ထဲ ၀င်လာလို့ စိတ်တိုသွားတယ်။ ကိုယ်က ပြန်ကျော်တတ်တယ်။ သူ ကလည်း စိတ်ဆိုးတယ် ပြန် ကျော်တယ်။ အဲ့ဒီမှာ ပြဿနာ တက်ပါလေရော။
ဒါတွေကတော့ ကျွန်တော်တို့ တော်တော်များများ သတိမထားမိတဲ့ အရေးလဲ ကြီးတဲ့ zone (နယ်နိမိတ်) သတ်မှတ်ချက်လေးတွေပါ။ သိရလည်း ခက်ခဲပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကို ချဉ်းကပ်မယ်ဆိုယင်တော့ သတိထားပြီး ကြည့်ရှု အကဲခပ်ကြည့်ပါ။ အလေ့ အကျင့်များလာယင် သိလာပါလိမ့်မယ်။ သင့်ရဲ့  zone ကိုလည်း ကိုယ့်ဖာသာကို ပြန်သုံးသပ်ကြည့်ပါ။
ကျွန်တော် ဒီအကြောင်းကို Allen Pease ရဲ့  How to read other thoughts by their gestures ကို လွန်ခဲ့တဲ့  ၄ နှစ်လောက်က ဖတ်ခဲ့တာပါ။ တော်တော်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ နောက်မှ ပဲ ကျန်တဲ့ gestures တွေ အကြောင်း အချိန်ရယင် ရသလို ရေးပါဦးမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Allen Pease ရဲ့  How to read other thoughts by their gestures မှ ကိုးကားထားပါတယ်။
Post a Comment