Motivate Yourself
ဘ၀ရဲ့အခက်အခဲတွေကို နေ့စဉ်နဲ့ အမျှ ခံစားနေရတဲ့ မိတ်ဆွေတို့အတွက်အားဆေးတစ်ခွက်ဖြစ်စေဖို့ရည်ရွယ်ပြီးတော့ တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်
1)You have to suffer smoke inorder to keep warm.
-Czech proverb
**မီးလှုံရင်တော့မီးခိုးစပ်တာခံရမှာပဲ**
"သည် စကားပုံလေးကတော့ မိတ်ဆွေတို့ အတက်ပညာ အသိ ပညာတစ်ခုခုကို လိုရင် ဆရာသမား တက်သိနားလည်တဲ့ သူတွေဆီမှာ အောက်ကျို့ပြီး သင်ယူပါ ပြီးတော့ အခန့်မသင့်လို အဆူအဆဲ များ ခံရရင်လည်း သည်းခံပါတဲ့.မိတ်ဆွေတို့ အောင်မြင်မှုကို လိုအပ်ရင် အောင်မြင်မှုနဲ့ ထိုက်တန် တဲ့ ပေးဆပ်မှုကိုတော့ ပေးရမှာပါပဲ အာ့လိုမျိုးပေးဆပ်ခြင်းက မိတ်ဆွေတို့ လိုအပ်တဲ့ အောင်မြင်မှုကို ရစေမှာပါဗျာ"
2)He that makes himself a sheep shall be eaten by the wolf.
-English proverb
**မိမိကိုယ် ကို သိုးငယ်လို့ခံယူထားရင်** ၀ံပုလွေ စားတာတော့ခံရမှာပဲ**
"သည်စကားပုံလေးက မိမိ ရဲ့ အရည်အချင်းတွေ မြုပ်နေတဲ့ စွမ်းဆောင်ရည် တွေကို သတိထားတက်ဖို့ပါ. ဆိုလိုတာက မိတ်ဆွေတို့အလုပ်တစ်ခု ခု လုပ်တယ်ဆိုပါစို့ .ကိုယ့်အရည်အချင်းကို အားမကိုးပဲ၊ မိမိ ကိုယ်ကို ယုံကြည်မှုမရှိပဲ ငါလုပ်ရင်တော့ အဆင်မပြေ ပါဘူးဆိုပြီး မရဲတရဲ ဖြစ်နေ မယ်ဆိုရင် မိတ်ဆွေတို့က တစ်ခြား ယုံကြည်သူတွေရဲ့ အခိုင်းကိုခံရတော့မှာပါ..အာ့တော့ မိမိကိုယ်ကို ယုံကြည်မှုလေးထားကြည့်ကြပါစို့ဗျာ"
3)He who is without work in summer is without boots in winter.
-Poland proverb
**နွေမှာအလုပ်မလုပ်သူသည် ဆောင်း မှာဖိနပ်မရှိဖြစ်လိမ့်မည်**
" သည်စကားပုံလေးကတော့ လုပ်အားရဲ့ တန်ဖိုး အချိန်ရဲ့ တန်ဖိုးတွေကို သတိပြုမိစေမှာပါ. မိတ်ဆွေတို့မှ ငယ်ရွယ်မှု ပိုင်ဆိုင်ထားတဲ့အချိန် ကြိုးစားအားထုတ်မှု မရှိခဲ့ဘူးဆိုရင် နောက်တစ်ချိန် အသက် ကြီးလာရင် အို ဇာတာ မကောင်းနိုင်ပါဘူး
အချိန်တွေက အကုန်မြန်ပါတယ် မိတ်ဆွေ ပြီးတော့အဖိုးလည်းတန်ပါတယ် ဒါကြောင့်နောင်ရေးကောင်းအောင် အချိန်တွေကို သေချာပိုင်းခြားပြီး စနစ်ကျကျ ကြိုးစားပါစို့ဗျာ"
4)He who is well prepared has half won the battle.
-Portuguese proverb
**ကောင်းမွန်စွာ ပြင်ဆင်ထားသူသည် စစ်ပွဲကို တစ်ဝက်နိုင်ထားသူဖြစ်သည်**
"သည်စကားပုံလေးကတော့မိတ်ဆွေတို့ကို အောင်မြင်မှုဆိုတာ မတော်ဆ မဟုတ်ပဲစနစ်တကျ အကွက်ချစီစဉ်ပြီးလုပ်ဆောင်မှ သာရနိုင်ကြောင်းကို သတိပေးထားပါတယ်ဗျ. အစီ အစဉ်တစ် ခုအတွက် Plan B ဆိုတာလည်း လိုအပ်ပါတယ်ဗျာ."
5)When an opportunity is in your hand do not allow it to pass.
-Turkish proverb
**အခွင့်အလန်းသင့်လက်ထဲကိုရောက်လာ ရင်လက်လွတ်မခံပါနဲ့**
"ဆိုလိုတာက ၂ခါလာတဲ့ အခွင့်အရေးဆို တာ ခပ်ရှားရှားပါ လူတိုင်းမရနိုင်ပါဘူး မသေချာတဲ့ နောင်အခါ လာမယ့်အခွင့်အရေးတွေကို စဉ်းစားမနေပဲ လက်ရှိ အရာကို မလွတ်တန်းဆုတ်ကိုင်ပြီး ရှေ့ဆက်လှမ်းဖို့ကိုပြောချင်တာပါ "
••မိတ်ဆွေတို့ရှေ့ဆက်လှမ်းမယ့် ဘ၀ခရီး မှာ ခွန်အားအသစ်များတိုးပွားပါစေလို့ ဆန္ဒပြုရင်းး••
Kaung Htet
#KaungHtet #TechKhit #Motivation

Post a Comment