ချစ်ရသူအတွက်အကောင်းဆုံးရည်းစားဖြစ်အောင် ဘယ်လိုလုပ်မလဲ
အကောင်းဆုံးမိန်းကလေးကို အဓိပ္ပာယ်ဖွင့်တာနဲ့ပတ်သတ်ပြီးလွဲမှားနေတာတွေအများကြီးတွေ့နေရတယ်။ တကယ်တော့ အကောင်းဆုံးမိန်းကလေးဆိုတာ ကောင်လေးကြိုက်တဲ့ဟင်းတွေကို အမြဲချက်ပေးတာ၊
အမြဲတန်းလှပနေအောင်အလှပြင်တတ်တဲ့မိန်းကလေးမျိုးဖြစ်နေဖို့မလိုအပ်ပါဘူး။ ဒါတွေကိုမလိုအပ်ဘူးလို့ပြောနေတာတော့မဟုတ်ဘူး။ ဒါမဲ့ ဒီအရာတွေက နှလုံးသားတစ်ခုလုံးကိုသိမ်းပိုက်နိုင်စွမ်းမရှိတာတော့ အမှန်ပါ။ကောင်လေးတစ်ယောက်ကို "ငါအကောင်းဆုံးကောင်မလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပါလား" ဆိုတဲ့ခံစားချက်မျိုးရအောင် ဒီနည်းလမ်းတွေနဲ့လုပ်ကြည့်နော်။

၁) ပွင့်လင်းပါ။
မိန်းကလေးတွေက လိုချင်တာတွေ၊ လိုအပ်တာတွေများတော့ မျှော်လင့်ရင်း မျှော်လင့်ရင်းနဲ့ ပြဿနာပေါင်းကသောင်းခြောက်ထောင်ကျော်လာတယ်။ တကယ်တော့တိတ်တိတ်လေးမျှော်နေမဲ့အစား အသိပေးပါ။
ယောက်ျားလေးတွေက မိန်းကလေးတွေတွေးသလိုမတွေးတတ်ဘူး။ ကိုယ်လိုချင်တာသူအတိအကျသိတော့ သူ့ဘက်ကလည်းဖြည့်စည်းပေးလို့ရတာပေါ့။

၂) သူ့ကိုတန်ဖိုးထားတတ်အောင် လေ့လာပါ။
ယောက်ျားလေးတွေက မိန်းကလေးတွေလိုချင်တာကိုဖြည့်ဆည်းပေးတယ်။ ဒါမဲ့သူတို့ပြန်လိုချင်တာကတော့ ပြန်ပြီးပေးဆပ်တာတွေမဟုတ်ဘဲ အသိအမှတ်ပြုမှုကိုပါ။ သူ နဲ့ ကိုယ်နှစ်ယောက်တွေ့နေရတဲ့အချိန်တွေကို
ဘယ်လောက်ပျော်ကြောင်း သူမြင်အောင်ထုတ်ဖော်ပြပါ။

၃) သူလိုအပ်တဲ့အချိန်မှာတစ်ယောက်ထဲနေခွင့်ပေးပါ။
ယောက်ျားလေးနဲ့ မိန်းကလေးမတူတဲ့အချက်နောက်တစ်ခုကတော့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေကိုဖြေရှင်းပုံပါ။ မိန်းကလေးတွေက ကိုယ့်ပြဿနာတွေကို သူများကိုပြောပြမှနေသာထိုင်သာရှိတာ။ ယေက်ျားလေးတွေကျတော့
တစ်ယောက်တည်းပဲအေးအေးဆေးဆေးဖြေရှင်းချင်ကြတာ။ အဲ့ကြောင့် သူလိုအပ်တဲ့အချိန်မှာ သူတစ်ယောက်တည်းနေခွင့်ပေးလိုက်ပါ။

၎) ကိုယ့်ဘဝကို သူ့တစ်ယောက်တည်းအတွက်မစွန့်လွှတ်လိုက်ပါနဲ့။
ဒါက သူ့ပျော်ရွှင်မှုတင်မကဘူး။ သင်ရဲ့ပျော်ရွှင်မှုအတွက်ပါ ပါတယ်။ သူ့အယောက်တည်းအတွက် ကိုယ့်ဘဝကိုပုံပေးလိုက်တာကတော့ စိတ်ပျက်စရာပါ။ ပြီးတော့ ယေက်ျားလေးတွေက အနားမှာအမြဲရှိနေတဲ့မိန်းကလေးထက်
အနားမှာအမြဲမရှိနိုင်တဲ့သူကိုပိုသဘောကျကြတယ်။ မမြင်ရတာကြာလို့ မျက်နှာလေးတစ်ချက်လောက်အလွမ်းပြေမြင်ရပါရစေဆိုပြီး ဖီးလ် ရတာကိုကြိုက်ကြတဲ့သူတွေ။

၅) ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။
အမြဲလေ့ကျင့်ခန်းလုပ်ပါ၊ ခြေတွေလက်တွေ waxing လုပ်ပါ၊ လှလှပပဝတ်စားပါ။ ကိုယ်တိုင်အမြဲလှလှပပနေတာက ကိုယ့်ရည်းစားရဲ့စိတ်ဝင်စားမှုကိုအမြဲရစေတာပေါ့နော်။

၆) ပြုံးပါ။
ပြုံးတာက Relationship တစ်ခုမှာတင်အဆင်ပြေစေတာမဟုတ်ဘူး။ အများသူငှာနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာပါ ကံကောင်းစေတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ ဘယ်ကောင်လေးမှ
ပြုံးနေတဲ့ကောင်မလေးကိုမငြင်းဆန်နိုင်ကြဘူး။ မကောင်းမြင်တတ်တဲ့သူထက် အကောင်းမြင်စိတ်တွေနဲ့ပြည့်နက်နေတဲ့သူကို သဘောကျကြတာလူ့သဘာဝပဲလေ။

Post a Comment