နေ့စဉ် တရားထိုင်ပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်သလဲ ?
၁။ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။
စိတ်ဖိစီးမှုဆိုတာ လူတိုင်းကြုံတွေ့နေရတဲ့အရာတစ်ခုဖြစ်ပါတယ်။ တချို့စိတ်ဖိစီးမှုတွေဟာ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ စိတ်ဖိစီးမှု အရမ်းများလာရင်
ကိုယ်ရောစိတ်ပါ ပင်ပန်းလာစေပြီး ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ တရားထိုင်ပေးတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။
တရားထိုင်နေချိန်မှာ သင့်စိတ်ကို တည်ငြိမ်အောင် နှစ်မြုပ်ထားနိုင်လေ အကျိုးရှိလေဖြစ်ပါတယ်။
အသက်ကို ပြင်းပြင်းရူပြီး၊ ထုတ်လိုက်ခြင်းဟာ တရားထိုင်နေတဲ့ အချိန်ကို အာရုံစိုက်နိုင်ဖို့ အကူအညီပေးမှာဖြစ်ပါတယ်။
၂။ သတိရှိစွာ တွေးခေါ်လာနိုင်ပါတယ်။
နေ့စဉ်တရားထိုင်ပေးတဲ့ လူတစ်ယောက်ဟာ အဓိပ္ပာယ်ရှိတဲ့ အတွေးအခေါ်တွေကို သေချာအာရုံစိုက်လာနိုင်ပါတယ်။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ရွေးချယ်လာနိုင်ပြီး အလုပ်မှာလဲ အမြဲနိုးကြားတက်ကြွနေမှာ ဖြစ်ပါတယ်။
စိတ်ထဲမှာဖြစ်နေတဲ့ ခံစားချက်အမှန်တွေကိုလည်း တိတိကျကျ သိရှိလာနိုင်မှာလဲ ဖြစ်ပါတယ်။
၃။ ငွေအကုန်အကျ မများဘဲ ကျန်းမာရေးပိုမိုကောင်းမွန်လာစေပါတယ်။
တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကို ကောင်းမွန်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုပါတယ်။
သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး စိုးရိမ်ပူပန်မှုတွေကိုလည်း လျှော့ချပေးပါတယ်။ တရားထိုင်ခြင်းကို အဆင်ပြေတဲ့ နေရာတစ်ခုမှာ အချိန်မရွေး ၊
ငွေကြေးကုန်ကျမှုမရှိဘဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရရှိမယ့် အကျိုးကျေးဇူးတွေ များလွန်းတာကြောင့် နေ့စဉ် စနစ်တကျနဲ့ တရားထိုင်ပေးရင် သင့်အတွက် များစွာအကျိုးရှိမှာ
ဖြစ်ပါတယ်။
လင်းလင်းမောင်
Post a Comment