Header Ads

2017 မှာ သင့်ကိုယ်သင် ပြန်မေးသင့်တဲ့ မေးခွန်း (၃) ခု


ယခုဆိုရင် ၂၀၁၆ ကုန်ဆုံးပြီး ၂၀၁၇ ဆိုတဲ့ နှစ်သစ်ကို ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။
နှစ်သစ်မှာ စိတ်သစ်၊လူသစ်နဲ့ အောင်မြင်အောင် ကြိုးစားနိုင်ဖို့ နှစ်စမှာကတည်းက သင့်ကိုယ်သင် ယခုလို မေးခွန်းလေးတွေ မေးကြည့်သင့်ပါတယ်။

၁။ သင့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သေချာ သိရှိလာပြီလား ?
ပြီးခဲ့တဲ့ ၂၀၁၆ တစ်နှစ်လုံးကို ခြုံငုံသုံးသပ်ကြည့်ပြီး သင့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ပိုမို သိရှိနားလည်အောင် ကြိုးစားရပါမယ်။
ဒါမှလဲ လာမယ့် ၂၀၁၇ မှာ အားသာချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှာဖြစ်သလို အားနည်းချက်တွေအတွက်လည်း သေချာပြင်ဆင်ထားနိုင်မှာ
ဖြစ်ပါတယ်။

၂။ အကောင်းမြင်တတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားပြီလား ?
အကောင်းမြင်တတ်တဲ့ စိတ်ထားရှိမှ နယ်ပယ်တစ်ခုမှာ အဆင်ပြေပြေ အောင်မြင်နိုင်မှာပါ။ အရာရာကို အနုတ်သဘောဆောင်ပြီး သေးသိမ်စွာ
တွေးခေါ်တတ်တဲ့ လူတစ်ယောက်ဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးရမှာ အသေအချာပါပဲ။ ဒါကြောင့် သင့်မှာ အပြုသဘောဆောင်တဲ့ စိတ်ထားမရှိသေးဘူးဆိုရင် လာမယ့်နှစ်သစ်မှာ အကောင်းမြင်တတ်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

၃။ သင်လိုချင်တဲ့ အောင်မြင်မှုပုံစံကို သေချာ သိပြီလား ?
လူတွေလိုချင်တဲ့ အောင်မြင်မှုတွေဟာ အသက်အရွယ်ကိုလိုက်ပြီး အမြဲပြောင်းလဲနေပါတယ်။ ငယ်ရွယ်စဉ်က လိုချင်ခဲ့တဲ့ အရာတွေကို အခုချိန်မှာ မလိုချင်တော့သလိုပါပဲ။
ဒါကြောင့် သင်ဟာ ၂၀၁၆ က လိုချင်ခဲ့တဲ့ အောင်မြင်မှုမျိုးကို ၂၀၁၇ မှာ လိုချင်သေးလားဆိုပြီး ပြန်စမ်းစစ်ကြည့်သင့်ပါတယ်။
မလိုချင်တော့ဘူးဆိုရင် သင့်ရဲ့နေထိုင်မှုအကျင့်စရိုက်တွေကိုပြောင်းလဲပြီး နောက်ထပ် ပန်းတိုင်တွေအတွက် ပြင်ဆင်ထားသင့်ပါတယ်။ တကယ်လို့ ၂၀၁၆ က လိုချင်ခဲ့တဲ့ အောင်မြင်မှုမျိုးကိုသာ ရအောင်ယူမယ်ဆိုရင်တော့ ၂၀၁၇ မှာ ပန်းတိုင်ရောက်အောင် စနစ်တကျ ဆက်လက်ကြိုးစားသင့်ပါတယ်။


လင်းလင်းမောင်

No comments