စရိတ်သက်သာစွာဖြင့် ခရီးသွားနည်း
၁။ သေချာ လေ့လာစုံစမ်းပါ။
နေရာတစ်ခုကို မသွားမှီ၊ ခရီးတစ်ခုမထွက်မှီ သေချာလေ့လာစုံစမ်းပါ။ ဘယ်ဟိုတယ်ဈေးပေါလဲ။ ဘယ်လိုနည်းနဲ့ သွားမလဲ၊ ဘယ်မှာ ဈေးတွေချနေလဲဆိုတာတွေကို သေချာလေ့လာပါ။ ပြီးမှ ပေးရတဲ့ ဈေးနဲ့ အတန်ဆုံး ကို ရွေးချယ်လိုက်ပါ။
၂။ စုပေါင်းသွားကြပါ။
တစ်ခါတစ်ရံ လူအများဖြင့်ခရီးသွားခြင်းဟာ တစ်ယောက်တည်းသွားခြင်းထက် ပိုပြီးသက်သာတာမျိုးရှိတတ်ပါတယ်။ ဥပမာ လူများလို့ ကားကို စုငှားလိုက်နိုင်တဲ့ အတွက် ခရီးစရိတ်သက်သာပြီး ပို သက်သောင့်သက်သာရှိသွားတာမျိုး၊ ဟိုတယ်မှာ အများနဲ့ တည်းတဲ့ အတွက် discount ရတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီအတွက် သူငယ်ချင်းတွေကိုပါစုပြီး သွားနိုင်လျှင်သွားပါ။
၃။ Package များကို စုံစမ်းပါ။
တစ်ခါတစ်ရံ ခရီးသွား Package တွေဝယ်ယူလိုက်ခြင်းဟာ တစ်ခုချင်းဝယ်တာထက် ပို သက်သာတာမျိုးရှိတတ်ပါတယ်။ ဥပမာ လေယာဉ်လက်မှတ် အသွားအပြန်နဲ့ ဟိုတယ်တည်းခ package ကို ၀ယ်လိုက်တာဟာ သပ်သပ်စီဝယ်တာထက် ပိုသက်သာတာမျိုးရှိတတ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်သွားမယ့် ခရီးမှာ အဲ့လို package တွေရှိမရှိစုံစမ်းပါ။
၎။ သင်သယ်နိုင်သမျှသယ်သွားပါ။
ကိုယ်မရှိမဖြစ်လိုအပ်မယ့် ပစ္စည်းတွေ ကို သယ်နိုင်သမျှသယ်သွားပါ။ ဒါမှ ခရီးပေါ်မှာ အဲ့ဒီအရာတွေထပ်ဝယ်ရခြင်းမှ ကင်းဝေးပါမယ်။ အဲ့လို သယ်သွားနိုင်ဖို့ အတွက် သယ်သွားရမယ့် ပစ္စည်းစာရင်းကိုလည်း သေချာလုပ်သင့်ပါတယ်။ ဒါမှသာ မကျန်သင့်တာ မကျန်မှာပါ။
၅။ ငွေသားဟာ အရေးအကြီးဆုံးပါ။
အခုခေတ်မှာ MPU card တွေ၊ credit card တွေ ပေါ်လာပေမယ့် ငွေသားအနည်းငယ်တော့ ဆောင်ထားသင့်ပါတယ်။ အကယ်လို့ ကဒ်ထုတ်တဲ့ စက်ပျက်နေတာပဲ ဖြစ်ဖြစ်၊ ကိုယ်သွားတဲ့ နေရာမှာ ကဒ်အလွယ်တကူမရှိတာပဲဖြစ်ဖြစ် အရေးပေါ်သုံးစွဲနိုင်အောင်ပါ။ ရုတ်တရက် ပိုက်ဆံလိုလာလို့ ချေးငှားလိုက်ရလျှင် မကုန်သင့်တာတွေ ပိုကုန်သွားနိုင်ပါတယ်။
၆။ အခမဲ့ ခေါ်ဆိုနိုင်တဲ့ ဆက်သွယ်ရေး software များသုံးပါ။
အကယ်၍ သင်က နိုင်ငံခြားကို သွားလည်တာဆိုလျှင် ရောက်တဲ့ နိုင်ငံမှာ ဖုန်းကဒ်ဝယ်ပြီး oversea call ခေါ်ဆိုခြင်းထက် viber တို့ messanger တို့ WhatsApp တို့ ကိုသုံးပြီး ဆက်သွယ်ပါ။ ဆက်သွယ်ရေးကုန်ကျစရိတ်တွေ လျော့နည်းသွားပါလိမ့်မယ်။
၇။ Picinic ထွက်သကဲ့သို့ ပြင်ဆင်ပါ။
မုန့် အနည်းငယ်၊ အစာအနည်းငယ်တော့ သယ်ဖြစ်အောင်သယ်သွားပါ။ ပိုက်ဆံပါလျှင် ဘာမဆိုဝယ်စားလို့ ရတယ်ဆိုပေမယ့် တစ်ခါတရံမှာ ဈေးမတန်တဆ များနေတာနဲ့ ကြုံ၇တတ်ပါတယ်။ ဥပမာ လေယာဉ်ကွင်းထဲရောက်သွားလျှင် အပြင်မှာ ၅၀၀ တန်ကော်ဖီကို ၂၀၀၀ လောက်ဖြစ်သွားတာကြုံရတတ်ပါတယ်။ အဲ့ဒီအချိန်မှာ သင်ယူလာတဲ့ မုန့် ကလေးတွေက သင့်ကို အာသာပြေစေပါလိမ့်မယ်။
၈။ ဈေးပေါတဲ့ လမ်းကြောင်းကို ရွေးပါ။
ကားဖြင့်ရောက်နိုင်တဲ့ ခရီးကို လေယာဉ်ဖြင့်မသွားပါနဲ့ ။ ရထားနဲ့ ပိုက်သက်သာပါက ရထားဖြင့်သွားနိုင်ပါတယ်။
၉။ အစားကို ကျွမ်းကျင်စွာစားသုံးပါ။
Breakfast ပါသော ဟိုတယ်ကို ရွေးပါ။ Breakfast ပါတဲ့ အတွက် ပိုက်ဆံပိုပေးရမယ်ဆိုလျှင် ပေးရတဲ့ ပမာဏဟာ အပြင်မှာ မနက်စာစားတဲ့ ပမာဏထက်များလားဆိုတာ တွက်ချက်ပါ။ များတယ်ဆိုပါက အပြင်မှာပဲ စားပါ။
မနက်စာကို ၀အောင်စားပါ။ နေ့ လည်ထိခံအောင် စားထားလိုက်ပါ။ အဲ့ဒါဆိုလျှင် မနက်ခင်းလျှောက်လည်သည့်အချိန်မှာ အစာထပ်ဝယ်စရာမလိုတော့ပါ။
၁၀။ လမ်းလျှောက်ခြင်းကို ဦးစားပေးပါ။
Taxi စီးခြင်းထက် လမ်းလျှောက်ပါ။ အကျိုးကျေးဇူးများစွာရှိပါတယ်။ နေရာသစ်မှာ ပိုမိုစူးစမ်းလေ့လာမှုပြုနိုင်ပါတယ်။ ကားစီးသွားလျှင် မတွေ့ ရမယ့် အသစ်အဆန်းများကိုလည်း လမ်းလျှောက်ခြင်းဖြင့်တွေနိုင်ပါတယ်။ ထမင်းဆိုင်ကောင်းကောင်းတွေ တွေ့ နိုင်တယ်။ ကိုလည်း မြို့ အနေအထားကို ပိုမို ကျွမ်းကျင်လာနိုင်ပါတယ်။
Ko Hein (Prospect Myanmar)
Post a Comment