Header Ads

အဆင့်မြင့်ကော်ဖီဆိုင်ကကော်ဖီတွေကိုအိမ်မှာဖျော်သောက်ကြမယ်


မြန်မာပြည်မှာအဆင့်မြင့်ကော်ဖီဆိုင်တွေအများကြီးပေါများလာတာတွေ့ရပါတယ်။ သောက်လို့ကောင်းကြသလို ဈေးလဲကောင်းပါတယ်။ ရိုးရိုး Instant ကော်ဖီတွေသောက်ရတာညည်းငွေ့လာရင် အဆင့်မြင့်ကော်ဖီဆိုင် တွေမှာ Espresso တို့ Cappuccino အစရှိတဲ့ကော်ဖီတွေကိုဈေးကြီးပေးဝယ်သောက်စရာ မလိုပဲအိမ်မှာပဲ ကိုယ့်ဘာသာကိုယ်ဖျော်သောက်လို့ရပါတယ်။ အသိမိတ်ဆွေတွေအိမ်လာလည်ရင်လည်း ဖျော်တိုက်လို့ရတာ ပေါ့။ စက်တွေဘာတွေလည်းမလိုပါဘူး။ အလွယ်တကူ အိမ်မှာရှိတဲ့အသုံးအဆောင်တွေနဲ့ပဲဖျော်သောက်လို့ ရပါတယ်။ အဓိကကျတာကတော့ ကော်ဖီပါပဲ။ ကော်ဖီစေ့ ကိုကြိတ်ထားတဲ့ကော်ဖီမှုန့်ကိုသုံးရမှာဖြစ်ပြီး အမျိုးအစားကောင်းလေကော်ဖီအရသာကောင်းလေမို့လို့ ကော်ဖီကောင်းကောင်းရွေးဝယ်ပါ။

Espresso

ကော်ဖီခါးခါးပျစ်ပျစ်ကြိုက်သူတွေအတွက်အကောင်းဆုံးကော်ဖီအမျိုးအစားပါ။ ဖျော်ရလည်းအလွန်လွယ်ပါ တယ်။
လိုအပ်သောပစ္စည်းများ
– ပွက်ပွက်ဆူနေသောရေနွေး
– ကော်ဖီမှုန့်၅ဇွန်း (လက်ဖက်ရည်ဇွန်း)
– ဖန်ခွက်၂လုံး
– ကော်ဖီစစ်
ရေနွေးကိုပွက်ပွက်ဆူအောင်တည်ပါ။ ရေနွေးကိုဖန်ခွက်ထဲထည့်ပြီး ကော်ဖီမှုန့်၅ဇွန်းထည့်ပါ။ ၂မိနစ်ခန့်မွှေပါ။ ကျန်ဖန်ခွက်တလုံးပေါ်မှာကော်ဖီစစ်ကိုတင်ပါ။ မွှေထားသောကော်ဖီကိုဖြေးဖြေးခြင်းလောင်းထည့်ပါ။ လျံကျနိုင် လို့ပါ။ အားလုံးလောင်းထည့်ပြီးရင်တော့ ကော်ဖီပြင်းပြင်းကြိုက်သူများအတွက် အရသာအပြည့်ရှိတဲ့ Espresso ရရှိပါပြီ။

Cappuccino

အမြှုပ်လေးတွေနဲ့ကော်ဖီချိုချိုမွှေးမွှေးကြိုက်သူများအတွက် Cappuccino ကော်ဖီကိုနှစ်ချိုက်ကြမှာပါ။ အံ့သြလောက်အောင်ပဲ လွယ်လွယ်ကူကူဖျော်လို့ရပါတယ်။
လိုအပ်သောပစ္စည်းများ
– Espresso တခွက်
– နွားနို့တခွက်
– မွှေတံ (ကြက်ဥခေါက်တံ)
– ဖန်ခွက်လှလှတလုံး (ကော်ဖီကောင်းကောင်းလေးကိုခွက်လှလှလေးနဲ့သောက်တော့ပိုအရသာရှိတာပေါ့)
– သကြား (အချိုကြိုက်ရင်ပေါ့)
နွားနို့ကိုပွက်ပွက်ဆူတဲ့အထိကြိုပါ။ နွားနို့ကြိုထားတုံးမှာ Espresso တခွက်ဖျော်ပါ (အပေါ်မှာပြထားတဲ့ နည်းအတိုင်းပေါ့နော်)။ ပွက်ပွက်ဆူလာတဲ့နွားနို့တွေကို ဖန်ခွက်တလုံးထဲမှာထည့်ပြီး မွှေတံနှင့်အမြှုပ်တွေ ဖြစ်လာတဲ့အထိခေါက်ပါ။ ခွက်လေးကိုစောင်းပြီး ကြက်ဥခေါက်သလိုခေါက်ပါ။ အမြှုပ်တွေကောင်းကောင်းထွက် လာပြီဆိုရင်တော့ Espresso ကိုခွက်လှလှထဲထည့်ပြီး နွားနို့အမြှုပ်တွေကိုလောင်းထည့်ပါ။ ကိုယ်နှစ်ချိုက် သလောက်သကြားကိုထည့်ပြီး အရသာထူးကဲတဲ့ Cappuccino တခွက်ကိုသုံးဆောင်နိုင်ပါပြီ။

Mocha

ကော်ဖီနဲ့ချောကလက်ရောစပ်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့အရသာကိုရရှိနိုင်မှာပါ။ အဆင့်တွေနဲနဲများပေမယ့် လွယ်လွယ်ကူကူပဲဖျော်စပ်နိုင်မှာပါ။ အပေါ်မှာပြထားတဲ့နည်းလမ်းတွေပဲပြန်အသုံးပြုရမှာပါ။
ပါဝင်ပစ္စည်းများ
– Espresso တခွက်
– Mocha မှုန့် ၄ဇွန်း (လက်ဖက်ရည်ဇွန်း)
– ရေနွေး ခွက်တဝက်မရှိတရှိ
– နွားနို့
– မွှေတံ

အထက်မှာဖေါ်ပြထားသလိုပဲ Espresso နဲ့ နွားနို့အမြှုပ်များဖျော်ပါ။ နွားနို့နဲနဲကိုလည်းပွက်ပွက်ဆူအောင် တည်ထားပါ။ မတ်ခွက်ကြီးကြီးထဲမှာ Mocha မှုန့်တွေကို ထည့်ပါ။ ရေနွေးဆူဆုကိုလောင်းထည့်ပြီးသေချာပျော် အောင်မွှေပါ။ ပြီးလျင် ဖျော်ထားတဲ့ Espresso ကိုလောင်းထည့်ပါ။ နွားနို့ကိုလောင်းထည့်ပါ။ သေချာမွှေပြီး ခွက်ထဲကိုလောင်းထည့်ပါ။ အပြည့်မထည့်ပါနဲ့ အမြှုပ်တွေထည့်ရအုံးမှာမို့လို့ပါ။ အားလုံးထည့်ပြီးပြီဆိုရင်တော့ ကိုယ်နှစ်သက်သလောက်သကြားထည့်ပြီးသုံးဆောင်နိုင်ပါပြီ။


ပန်းတိမ်လွှာ

No comments