Header Ads

ဘာသာစကားတစ်ခု လေ့လာတော့မယ်ဆိုရင်…


အင်္ဂလိပ်ဘာသာစကား အပါအဝင် အခြား ဘာသာစကားတစ်ခုကို လေ့လာသင်ယူနေပြီဆိုရင် ဒီအချက်တွေကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။

၁။ အပြန်အလှန် စကားပြောနိုင်မယ့် လူတစ်ယောက်နဲ့ ဆက်သွယ်ပါ။
သင်က အင်္ဂလိပ်ဘာသာစကားကို သင်ယူနေတယ်ဆိုကြပါစို့။ သင့်လိုပဲ အင်္ဂလိပ်စကားကို လေ့လာနေတဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်ကာ အချင်းချင်း အင်္ဂလိပ်လို ပြောဆို
လေ့ကျင့်နေသင့်ပါတယ်။

၂။ တစ်ယောက်တည်း ပြောဆိုလေ့ကျင့်ပါ။
သင်ဟာ လေ့လာနေတဲ့ ဘာသာစကားကို တစ်ယောက်တည်း ပြောဆိုနေဖို့လည်း လိုအပ်ပါတယ်။ ဒါမှလည်း စကားလုံးအသစ်တွေနဲ့ စာစုအသစ်တွေကို သင့်စိတ်ထဲ
မှတ်မိလာပြီး တခြားလူနဲ့ ပြောဆိုတဲ့အချိန်မှာ ယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။

၃။ ပျော်ပျော်ရွှင်ရွှင် လေ့လာပါ။
ဘာသာစကားအသစ်တစ်ခုက ပျော်ပျော်ရွှင်ရွှင်လေ့လာရင် ပိုမိုတတ်မြောက်လွယ်ပါတယ်။ လေ့လာထားတဲ့ ဘာသာစကားနဲ့ ကဗျာတွေ ပုံပြင်တွေ ရေးကြည့်တာ၊
သီချင်းတွေစပ်ကြည့်တာ အစရှိတဲ့ အချက်တွေကို ပြုလုပ်သင့်ပါတယ်။

၎။ နားထောင်ပါ။
ဘာသာစကားတစ်ခုဟာ နားထောင်ခါစဆိုရင် သင့်နားထဲမှာ စိမ်းနေတတ်ပါတယ်။ ဒါပေမယ့် Native Speaker တွေရဲ့ အသံကို ပုံမှန်နားထောင်ပြီး၊ ဘာသာပြန်စာတန်းထိုးပေးတဲ့ ရုပ်သံအစီအစဉ်တွေကို ကြည့်ရှုရင်း သင့်ရဲ့ နားထောင်နိုင်စွမ်းကို တိုးတက်လာစေမှာပါ။

၅။ ကလေးတစ်ယောက်လို သင်ယူပါ။
ဘာသာစကားတစ်ခုကို သင်ယူတော့မယ်ဆို သင်ဟာ စကားပြောသင်ခါစ ကလေးတစ်ယောက်ပုံစံနဲ့ သင်ယူသင့်ပါတယ်။
မှားယွင်းပြောမိမှာကို စိုးရိမ်စရာမလိုဘဲ အမှားတွေကတစ်ဆင့် ပြန်လည်သင်ယူသင့်ပါတယ်။ လူတိုင်းဟာ မွေးလာကတည်းက တတ်မြောက်ခဲ့တာမဟုတ်လို့
စိတ်ဓါတ်မကျဘဲ ကြိုးစားသင်ယူသင့်ပါတယ်။


လင်းလင်းမောင်

No comments