ရှားစောင်းလက်ပတ်နဲ့အလှအပထိန်းသိမ်းကြမယ်
၁။ အသားအရေခြောက်သွေ့ခြင်း
ဆောင်းတွင်းဝင်လာပြီဆိုတော့ အရေပြားခြောက်သွေ့ပြီး အသားပက်တာက ဖိတ်မခေါ်ဘဲရောက်လာပါပြီ ။ ပက်ကြားအပ်လို အဖက်လိုက်ကွာနေတာတွေက မိတ်ကပ်နဲ့လည်းဖုံးလို့မရ အတော်ရုပ်ဆိုးပြီး ခံရခက်တဲ့ ပြသနာတစ်ခုပါ။ ဒီအတွက် ရှားစောင်းလက်ပပ်နဲ့မျက်နှာပေါင်းတင်မယ်ဆိုရင်တော့ ရှားစောင်းလက်ပပ် ( တစ်မျက်နှာလိမ်းစာ ) နဲ့ နနွင်းအနည်းငယ် ( လဖက်ရည်ဇွန်း ဖြင့် ၃ ပုံ ၁ ပုံ ) ၊ ပျားရည် ( လဖက်ရည်ဇွန်း ၁ ဇွန်းစာ ) ၊ နွားနို့ ( လဖက်ရည်ဇွန်း ၁ ဇွန်းစာ ) ၊ နှင့် နှင်းဆီပွင့်ဖတ်အဆီ( အစက်အနည်းငယ်) ။ ပါဝင်ပစ္စည်းများကို အနှစ်ဖြစ်အောင်ရောမွှေပေးပါ။ မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် ၂၀ ထားပြီး ကြက်သီးနွေးရေနှင့်ဆေးချပါ။ ၃ ရက်တစ်ခါလုပ်ပေးခြင်းဖြင့် အသားအရေစိုစိုဝင်းဝင်းလေးဖြစ်လာပါလိမ့်မယ်။
၂။ Scrub ( ချေးချွတ်ခြင်း )
ရှားစောင်းလက်ပပ်အနှစ် ( ခွက်တစ်ဝက်စာ ) ၊ သကြား ( တစ်ခွက်) နှင့် သံပရာရည် ( လဖက်ရည်ဇွန်း ၂ ဇွန်း ). ပါဝင်ပစ္စည်းများရောမွှေပြီး ရလာတဲ့ scrub ကို မျက်နှာအတွက်ရော ခန္ဓာကိုယ်အတွက်ပါ သုံးနိုင်ပါတယ် ။ သကြားက ချွေးပေါက်ဖွင့်ပေးပြီး အပေါ်ယံအရေပြားသေများကိုပွတ်တိုက်ပေးပါတယ်။ ရှားစောင်းလက်ပပ်က အသားအရေကိုသန့်စင်ပေးပြီးတော့ သံပရာရည်က အမာရွတ်ဟောင်းနဲ့ အညိုအမည်းများကိုလျော့ပါးစေပါ တယ်။
၃။ ၀က်ခြံပျောက်စေခြင်း
ရှားစောင်းလက်ပပ်အနှစ် ၊ သစ်ချသီးမှုန့်၊ ဂျုံမှုန့် နှင့် ပျားရည်တို့ကို ရောနှောပြီး ၀က်ခြံ နဲ့ ဘေးနားဝန်းကျင်ကို လိမ်းပေးပါ။ ရှားစောင်းလက်ပပ်ရဲ့ သဘာဝပိုးသတ်ဆေးအစွမ်း၊ ၀က်ခြံပျောက်စေတဲ့အာနိသင် တို့နဲ့ ပျားရည် ရဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ တို့က အသားအရေကို အကောင်းပတိအတိုင်းချောမွတ်သန့်စင်စေပါလိမ့်မယ်
၎။ နုနယ်သောအသားအရေအတွက်
ဓာတုဗေဒပါဝင်တဲ့ အလှကုန်ပစ္စည်းတွေနဲ့ မတည့်တာများလို့ စိတ်ညစ်နေရသူတွေအတွက် သဘာဝအတိုင်း ပေါင်းတင်မယ်ဆိုရင်တော့ ရှားစောင်းလက်ပပ်အနည်းငယ် ၊ သခွားသီးအရည်၊ ဒိန်ချဉ် နဲ့ နှင်းဆီပွင့်ဖတ်အနှစ် တို့ကို သမအောင်မွှေပေးပါ။ မိနစ် ၂၀ လိမ်းထားပြီး ဆေးချလိုက်ရင် သဘာဝအတိုင်း ကြည်ကြည်လင်လင် မျက်နှာလေးကိုရမှာပါ။
၅။ ကိုယ်အလေးချိန်လျှော့ချခြင်း
ဘေးထွက်ဆိုးကျိုးများတဲ့ ပိန်ဆေးတွေအစား ရှားစောင်းလက်ပပ်ကို အစားထိုးရအောင်
သူ့ရဲ့သဘာဝအရသာက တော်တော်လေးခါးပြီး အ၀င်ဆိုးပါတယ်။ ရှားစောင်းလက်ပပ်ကို အတုံးသေးများတုံးပြီး ကြိတ်လိုက်ပါ။ အပေါ်ခွံတွေကိုပါရောကြိတ်လို့ရပါတယ် ။ ပြီးရင်တော့ အရည်သက်သက် အဖတ်သက်သက် စစ်ပြီး အရည်ကို ပျားရည် သံပရာရည် စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာတို့နဲ့ ရောပြီးသောက်နိုင်ပါတယ် ။ ရှားစောင်းလက်ပပ်ဟာ ခန္နာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ဟန်ချက်ထိန်းညိုစေပြီးတော့ ၀မ်းချုပ်ခြင်းကို လည်းကာကွယ်ပေးပါတယ် ။
၆။ ရှားစောင်းလက်ပပ်နှင့်ဆံပင်
ရှားစောင်းလက်ပပ်မှာပါဝင်တဲ့ proteolytic enzyme ဟာဦးရေပြားမှာရှိတဲ့ ဆဲလ်သေတွေကိုပြုပြင်ပေးပါတယ်။ ဆံပင်အတွက် သဘာဝပျော့ဆေးဆိုလဲမမှားပါဘူး ။ ဆံပင်အရှည်မြန်စေပြီးတော့ ဦးရေပြားယားယံခြင်း ဗောက်ထခြင်းတို့ကို နည်းပါးစေပါတယ် ။
အလွယ်ဆုံး သဘာဝဆံပင်ပေါင်းဆေး အနေနဲ့ကတော့ ရှားစောင်းလက်ပပ်နဲ့ အုန်းဆီတို့ကို ရောနှောပြီး လေးရက်တစ်ကြိမ် သို့မဟုတ် ၁ ပတ်တစ်ကြိမ် လိမ်းကျံပြီး ကြာကြာထားပါ ။ ဆံပင်ပိုသန် ပျော့အိပြီး တုန်တုန်ခါခါ လေးဖြစ်လာမှာပါ။
နှင်းပွင့်
Post a Comment