သင်အသက်သုံးဆယ်ပြည့်ပြီးသောအခါ
၁။ Hangovers (အရက်နာကျခြင်း) ဆိုတာကို အမှန်တကယ်ကြုံတွေ့ လာမည်။
အသက်သုံးဆယ်မတိုင်ခင်ကလည်း ငါ ညက များသွားလို့ Hangover ဖြစ်သွားတယ်တို့ ၊ ငါ ညက ကျိုးသွားတယ်တို့ ဆိုပြီး ပြောတတ်ကြပါတယ်။ ဒါပေမယ့် မနက်မိုးလင်းလာလျှင် လန်းလန်းဆန်းဆန်း ဖြစ်သွားပြီး နောက်နေ့ ညနေမှာ ထပ်မံသောက်ဖို့ အသင့်ပါပဲ။
ဒါပေမယ့် အသက် သုံးဆယ်ပြည့်ပြီးဆိုလျှင်တော့ Hangover ဆိုတာကို နှဖူးတွေ့ ဒူးတွေ့  တွေ့ ရပေတော့မည်။ သောက်တာများသွားပြီးတဲ့ နောက် ၂ ရက် ၃ ရက်လောက်အထိ ခေါင်းကိုက်ခြင်း၊ ခေါင်းနောက်ခြင်း၊ မူးလည်လည်ဖြစ်နေခြင်း၊ ပျို့ အန်ချင်ခြင်းများ ဆက်လက်ရှိနေနိုင်ပါသည်။
ထို့ အတွက်ကြောင့် အသက်သုံးဆယ်ကျော်လျှင် သင့်၏ အရက်သောက်သုံးမှု ပုံစံသည်လည်း လူကြီးဆန်ဆန်သောက်သုံးမှုဖက်သို့ မသိမသာပြောင်းလဲလာပါလိ့မ်မည်။
၂။ ညရိုင်းများ မှ သိမ်မွေ့ သော ညများ အဖြစ်ပြောင်းလဲလာပေလိမ့်မည်။
Hangovers ၏ နောက်ဆက်တွဲ ရလဒ်ကတော့ အရက်အစား ၀ိုင်ကို ပြောင်းလဲ သောက်သုံးခြင်း၊ ၀ီစကီအကောင်းစားများကိုပဲ စိမ်ပြေနပြေသောက်သုံးခြင်း များ ဖက်သို့ ပြောင်းလဲလာပါမည်။ ထို့ အပြင် လူထူထပ်သော ဘီယာဆိုင်များ၊ အရက်ဘားများ အစား လူနည်းပြီး သူငယ်ချင်းများနှင့် အေးအေးဆေးဆေးစကားပြောနိုင်သော ဘားများဖက်သို့ သာ ခြေဦးလှည့်လာပေလိမ့်မည်။
အဲ့ဒီလိုပဲ ယခင်ကျော်ဖြတ်ခဲ့သော ညရိုင်းများသည်လည်း သိမ်မွေ့ သောညများအဖြစ်ပြောင်းလဲလာပြီး သူငယ်ချင်းများနှင့် စကားပြောခြင်း၊ ၀ိုင်သောက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများ ကို ပိုပြီး လုပ်လာပေလိမ့်မည်။
၃။ မြင်မြင်သမျှကို စားချင်သလောက် မစားနိုင်တော့ခြင်း။
ယခင်က သင်စားသမျှသည် ကိုယ်အလေးချိန်ဖက်တိုးခြင်း မဖြစ်နိုင်ပေ။ သို့ ပေမယ့် အသက်သုံးဆယ်ကျော်လျှင်တော့ စားသမျှသည် ကိုယ်အလေးချိန်တတ်ဖို့ ကြီးပဲ ဖြစ်ပေလိမ့်မည်။
၎။ ခန္ဓာကိုယ် အနှံ့ အရေပြာအတွန့် များပေါ်ပေါက်လာခြင်း
သင့် ခန္ဓာမှာ အတွန့် တစ်ခုစပြီးမပေါ်သရွေ့ သင်သည် အတွန့် ဆိုတာကို ဂရုစိုက်မိမှာ မဟုတ်ပေ။ ဒါပေမယ့် အသက် ၃၀ ကျော်လျှင်တော့ အရေပြားအတွန့် များကို စတင်သတိထားမိလာမည်ဖြစ်သည်။ ထိုပေါ်လာသော အတွန့် က သင့်အား ရုပ်ဆိုးစေမည်မဟုတ်သော်လည်း သင်သည် အသက်ကြီးလာပြီဖြစ်ကြောင်း နားလည်လာပေလိမ့်မည်။
၅။ ဆံပင်ဖြူများ စတင်ထွက်ပေါ်လာခြင်း
အသက် နှစ်ဆယ်ကျော်လာတဲ့အခါမှာ တစ်ခါတစ်ရံ ဆံပင်ဖြူ တစ်ပင်နှစ်ပင်ပေါက်လာတတ်ပေမယ့် အလွယ်တကူနှုတ်လိုက်လို့ ရပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော်တဲ့အခါမှာတော့ သင်ဟာ ဆံပင်ဆိုးဆေးအကူအညီကို ယူရဖို့ နီးလာပြီဖြစ်ပါတယ်။
၆။ အခမ်းအနားများ၊ အစီအစဉ်များ၊ အရေးကြီး ပွဲများအတွက်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်တတ်လာခြင်း။
အသက် နှစ်ဆယ်ကျော် အရွယ်က ရေလိုက်ငါးလိုက်နေတတ်တဲ့ အကျင့်၊ အချိန်တန်လျှင်ဖြစ်သွားမှာပါဆိုတဲ့ အကျင့်နေရာမှာ စနစ်တကျ စီစဉ်တတ်တဲ့အကျင့်တွေ ၀င်လာပါလိမ့်မယ်။ အစီအစဉ်များတွင် ဖွယ်ဖွယ်ရာရာလေးများပါ ထည့်သွင်းစဉ်းစားတတ်လာမည်။
၇။ သင့် facebook new feeds မှာ ကလေးပုံများနှင့်ပြည့်လာပေလိမ့်မည်။
ယခင်က သင့် facebook new feeds မှာ ပါတီပွဲများ၊ ခရီးစဉ်များ နှင့်ပြည့်နေတတ်ပေမယ့် အသက်သုံးဆယ်ကျော်လာလျှင်တော့ ကလေးပုံများနှင့် ပြည့်လာပေလိမ့်မယ်။
၈။ အလွယ်တကူ စိတ်တိုမှု၊ စိတ်ဆတ်မှုများ လျော့နည်းလာမည်။
အသက် ၂၀ ၀န်းကျင်တုန်းက သင့် facebook post အောက်က comment မှာ လာ post တဲ့ comment လေးတစ်ခုအပေါ် အလွယ်တကူ စိတ်တိုတတ်သောလည်း အသက် ၃၀ အရွယ်မှာတော့ ခွင့်လွှတ်နားလည်တတ်လာလိမ့်မည်။ သင့် ဘ၀မှာ သိပ်အရေးမပါသော အရာများအတွက် စိတ်အနှောက်အယှက် ဖြစ်မှုများလျော့နည်းလာပေလိမ့်မည်။
၉။ သူငယ်ချင်း အစစ်အမှန် များရှိလာလိမ့်မည်။
အသက် ၂၀ အရွယ်မှာ သူငယ်ချင်းများစွာရှိသလို အဆိုပါသူငယ်ချင်းများနဲ့ လည်း စိတ်အခန့် မသင့်မှု၊ စိတ်အနှောက်အယှက်ဖြစ်မှုများ တွေ့ ကြုံခဲ့ ရပေလိမ့်မည်။
အသက် ၃၀ ထဲ ၀င်လာလျှင်တော့ ကိုယ်နဲ့ စိတ်ချင်းတကယ်ကိုက်ညီတဲ့၊ ကိုယ့်ရဲ့ ခံစားချက်များကို မျှဝေနားလည်ပေးနိုင်မယ့် သူငယ်ချင်းအနည်းငယ်သာကျန်ပါလိမ့်မည်။ ဒါပေမယ့် ဒီလို သူငယ်ချင်းအနည်းငယ်ရှိခြင်းကကို သင့်အတွက် ပြည့်စုံနေပါပြီ။
၁၀။ သင့်ရဲ့ မေတ္တာရေးရာများလည်း ပိုမို ခိုင်မာလာပေလိမ့်မည်။
အသက် ၃၀ အရွယ်မှာတော့ မိမိ၏ ဘ၀လက်တွဲဖော်ကိုလည်း ရှာဖွေတွေ့ ရှိပြီး သင့်ရဲ့ အချစ်ရေးရာများသည်လည်း တည်ငြိမ်မှု ရှိလာနေပါပြီ။
ကိုဟိန်း (Prospect Myanmar)
Post a Comment