Header Ads

စွန့်ဦးတီထွင်သမား တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ?




စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာနဲ့ လူတွေက အောင်မြင်နေတဲ့ လူတွေကိုပဲ ပြေးမြင်ကြပါတယ်၊ စွန့်ဦးတီထွင်သမားဆိုတာ အခု ထလုပ်၊ အခု ချက်ချင်း အောင်မြင် သွားကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူများတွေ မမြင်နိုင်တဲ့၊ တခြားသူတွေ မတွေးတဲ့ ကိစ္စ တွေကို တွေးပြီး  ရူးသွပ်ခဲ့ရတဲ့ သူတွေပါ၊ စွန့်ဦးတီထွင်သမား တစ်ယောက်လုပ်တော့မယ်လို့ ဆုံးဖြတ်ထားပြီလား? ဒါဆိုရင် သင့်ကိုသင် ပြန်မေးကြည့်ပါ၊
ငါ အောက်က အချက်တွေကို လုပ်နိုင်ရဲ့လားလို့?

1 . ၀င်ငွေ

Company ၀န်ထမ်းဘ၀မှာတော့ လကုန်ပြီဆိုတာနဲ့ လစာဟာ ပုံမှန်ရရှိနေမှာ ဖြစ်တာကြောင့်
ကိစ္စမရှိပါဘူး၊ဒါပေမယ့် ကိုယ်ပိုင်အလုပ်ကို စလုပ်ပြီဆိုတာနဲ့ အမြတ်ကို ကြိုတွက်ထားလို့ မရပါဘူး၊
အရှုံးတွေနဲ့ ရင်ဆိုင်လာရမှာတွေ၊ကိုယ့်ရဲ့ ၀င်ငွေဟာ Company ၀န်ထမ်းလောက်တုန်းကတောင်
မရှိတော့တွေကို ကြုံတွေ့ရမှာပါ၊ဒီတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် လုပ်တော့မယ်ဆိုရင်
အစပိုင်းမှာ ငတ်မယ်၊ပြတ်မယ်၊အရှုံးတွေပဲတွေ့ကြုံရမယ်၊ ဒီလို အခြေအနေမှာ စိတ်ဓါတ်ကျသွားလို့မရပါဘူး၊

2 . အချိန်

Company ၀န်ထမ်းတုန်းကတော့ မနက်ဆို ၉ နာရီရုံးတတ်၊ညနေဆို ၅ နာရီ ရုံးဆင်းနဲ့ အဆင်ကိုပြေနေတာပါပဲ၊တပတ်ကို ၁ ရက်ကလဲ ပိတ်ရက်ရှိသေးတယ်၊ စွန့်ဦးတီထွင်သမား
တစ်ယောက် ဖြစ်လာပြီဆို သင့်အတွက် ပိတ်ရက်ဆိုတာမရှိတော့ပါဘူး၊အလုပ်ချိန်ဆိုတာလည်း ပုံမှန် မရှိတော့ပါဘူး၊Customer ကလိုအပ်ရင် လိုအပ်သလို သင်ဟာ အလုပ်လုပ်နေရမှာပါ၊ အိပ်ချိန်ဆိုတာလည်း ပုံမှန် ရှိတော့မှာ မဟုတ်ပါဘူး၊

3 . စီမံခန့်ခွဲမှု

သင်ဟာ မန်နေဂျာ လုပ်သက် ဘယ်လောက်ပဲရှိရှိ၊ ကိုယ်ပိုင်အလုပ်တစ်ခုကို လုပ်ကိုင်လာတဲ့ အခါမှာ
စီမံခန့်ခွဲမှု မတတ်ဘူးဆိုရင် သင့်လုပ်ငန်းဟာ မအောင်မြင်နိုင်ပါဘူး၊ လုပ်ငန်းမှာ လည်ပတ်နေတဲ့ ငွေဟာ
ဝင်ငွေနဲ့ထွက်ငွေ မမျှတာ၊ ၀န်ထမ်းတွေကို စနစ်တကျ မအုပ်ချုပ်နိုင်တာ တွေက သင့်လုပ်ငန်းတစ်ခုလုံးကို
ပြိုကွဲစေမှာပါ၊

4 . ဖန်တီးနိုင်မှုစွမ်းအား

စွန့်ဦးတီထွင်သမားတစ်ယောက်မှာ အရမ်းကို အရေးကြီးတဲ့ အချက်တစ်ချက်ကတော့
ဖန်တီးနိုင်မှု့ စွမ်းအားပါပဲ၊ သူများနဲ့လုံးဝမတူတဲ့ အသစ်အဆန်းတွေကို ဖန်တီးနိုင်ရပါ့မယ်၊
တခြားလူတစ်ယောက်ရဲ့ Idea တွေ၊အောင်မြင်နေတဲ့ အလုပ်တွေကို ကြည့်ပြီင်္း Copy မလုပ်ပါနဲ့၊
Copy လုပ်တာဟာ ခနတာ အောင်မြင်မှုကို ရနိုင်ပါလိမ့်မယ်၊ရေရှည်မှာတော့ မအောင်မြင်နိုင်ပါဘူး၊

5 . ပေါင်းသင်းဆက်ဆံရေး

လူတိုင်းကို မိတ်ဆွေဖွဲ့ပါ၊ ဟိုလူ့ကို မပေါင်းချင်ဘူး၊ဒီလူ့ကို မပေါင်းချင်ဘူး လုပ်လို့မရပါဘူး၊
သင် အခက်အခဲဖြစ်လာချိန်မှာ သင့်ကို ပြန်ကူညီနိုင်တာ သင့်မိတ်ဆွေတွေပါပဲ၊ မချစ်သော်လည်း
အောင့်ကာနမ်း ဆိုသလိုပဲ၊ သင် မကြိုက်ပေမယ့်လည်း စိတ်ပေါင်း ကိုယ်ခွာ သဘောမျိုးနဲ့ လူတိုင်းကို
အဆင်ပြေအောင် ပေါင်းသင်းနိုင်ရပါ့မယ်၊

အခု ကျနော်ပြောသွားတဲ့ အချက်တွေအကုန်လုံးက ကောင်းကွက်တစ်ခုမှ မပါပါဘူး၊ စွန့်လွှတ်ပေးဆပ်ရမယ့် အရာတွေကြီးပါပဲ၊ဒါတွေကို တကယ်ပေးဆပ်နိုင်တယ်၊လုပ်နိုင်တယ်ဆိုရင်တော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ သင်ဟာ အောင်မြင်မှုကို ရရှိလာမှာပါ၊

David Jame




No comments