Header Ads

သင်ဟာ ၀န်ထမ်းတစ်ယောက်ဆိုရင် ဒီအချက်တွေကို လိုက်နာသင့်တယ်!


1 . လုပ်ငန်းခွင်ထဲမှာ ကိုယ်မလုပ်နိုင်တဲ့ အရာကို အာမခံချက်မပေးမိပါစေနဲ့၊

  သင့်ရဲ့အထက်အရာရှိက သင့်ကို တာဝန်တစ်ခုပေးမယ်ဆိုပါစို့၊ကိုယ်လုပ်နိုင်မယ့် ကိစ္စဆိုရင်တော့
အာမခံပြီး လုပ်ပေးလိုက်တာ ကောင်းပါတယ်၊ ကိုယ်မလုပ်နိုင်ဘဲနဲ့  အရာရှိက ကျေနပ်အောင် လုပ်နိုင်တယ်လို့ အာမခံချက် မပေးလိုက်ပါနဲ့၊သင့်အတွက် ပြဿနာရှိနိုင်ပါတယ်၊

2 . အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန်လုပ်ကိုင်ပါ၊

 သင့်ကို အလုပ်တစ်ခုကို အရာရှိက လုပ်ခိုင်းလိုက်ပြီ ဆိုပါစို့၊ သင်လုပ်နိုင်တဲ့အရာဆိုရင်
အမြန်ဆုံးနဲ့ အသေသပ်ဆုံးဖြစ်အောင် လုပ်ပေးလိုက်ပါ၊ အသေးအဖွဲလေးဆိုပြီး ပေါ့ပေါ့လျော့လျော့
မနေပါနဲ့၊ အကောင်းဆုံး ကတော့ အထက်က ခိုင်းသမျှ မှန်သမျှ မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်ရင် အလုပ်ရှင် လည်း ကျေနပ်သလို အလုပ် စွမ်းဆောင် ရည်လည်း တိုးတက်ကာ ရာထူး တိုးတက် ဖို့လည်း နီးတာမို့ လုပ်သင့်ပါတယ်။

3 . Response Rate/Time လျှင်မြန်စွာ တုံ့ပြန်ပါ၊

  သင့်ရဲ့ Customer ကပဲဖြစ်ဖြစ်၊ အထက်အရာရှိကပဲဖြစ်ဖြစ် သင့်ကို ဆက်သွယ်တဲ့ အခါမှာ
အမြန်ဆုံး ပြန်လည်အကြောင်းပြန်ပါ၊ သင့်ရဲ့အလုပ်ကိစ္စနဲ့ အသုံးပြုတဲ့ Phone,Computer တွေကို
သင့်ရဲ့အလုပ်ချိန်အတွင်းမှာ အဆင်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ထားပါ၊သင့်ကို ဆက်သွယ်လာတာနဲ့
အမြန်ဆုံး ပြန်ပြီး အကြောင်းပြန်နိုင်တာဟာ သင့်လုပ်ငန်းကို ပိုမို တိုးတက်စေပါတယ်၊

4 . ငွေရေးကြေးရေး အရှုပ်အရှင်း မလုပ်ပါနဲ့၊

  လုပ်ငန်းခွင်ထဲမှာ အလုပ်နဲ့ပတ်သတ်တဲ့ ငွေကြေးတွေကို နည်းနည်း များများ
မရိုးမသား မလုပ်ပါနဲ့၊ ကိုယ့်ရဲ့အရည်အချင်းနဲ့ရတဲ့ လစာကိုပဲ မက်မောပါ၊
ရိုးသားခြင်းရဲ့ဂုဏ်ပုဒ်က သင့်ကို အလုပ်ထဲမှာ ပိုမို ယုံကြည်စေပါလိမ့်မယ်၊

5 . လုပ်ဖော်ကိုင်ဖက်တွေနဲ့ တည့်အောင်ပေါင်းပါ၊

 သင်ဟာ သင့်အလုပ်ထဲမှာ စီနီယာပဲ ဖြစ်ဖြစ်၊ ဂျူနီယာပဲ ဖြစ်ဖြစ် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့
အဆင်ပြေအောင် နေထိုင်ပါ၊ ကူညီရိုင်းပင်းပါ၊ ဒီအချက်ဟာ သင့်ကို လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်စေပြီး
အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မယ်၊

David Jame


No comments