Header Ads

အောင်မြင်သူဖြစ်ဖို့ အကောင်းဆုံးနည်းလမ်း


အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိတယ်။

"မိမိလုပ်ဆောင်နေတဲ့ အလုပ်ပေါ်မှာ အကောင်းဆုံး၊ အတော်ဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်ပါ" တဲ့။

ဟုတ်ပါတယ်။ အဲဒါအမှန်ပါပဲ။ ခု မိတ်ဆွေ ဘာလုပ်နေလဲ။ ဘယ်လုပ်ငန်းလုပ်နေလဲ။ ဘယ်ကုမ္ပဏီမှာ ဘာရာထူးနဲ့လုပ်နေပါသလဲ။ အဲဒီအပိုင်း၊ အဲဒီနယ်ပယ်မှာ အကောင်းဆုံးအတော်ဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်လိုက်ပါ။

ဒီဇိုင်နာလုပ်နေလား။ အတော်ဆုံး ဒီဇိုင်နာဖြစ်အောင်လုပ်ပါ။ ကွန်ပျူတာ ပရိုဂရမ်တွေ ရေးနေရလား။ အတော်ဆုံး coder ဖြစ်အောင်လုပ်ပါ။ မုန့်ဟင်းခါး ရောင်းနေလား။ အကောင်းဆုံး မုန့်ဟင်းခါးဖြစ်အောင်လုပ်ပါ။

အချိန်ကြာရင်ကြာမှာပေါ့။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ တစ်ချိန်ချိန်မှာ ဖြစ်လာမှာပါပဲ။ ကြိုးစားနေရမှာက ကိုယ့်တာဝန်ပါ။

"အကောင်းဆုံးအတော်ဆုံး ဖြစ်အောင်သာလုပ်ပါ၊ အောင်မြင်မှုဆိုတာ အနောက်က လိုက်လာပါလိမ့်မယ်"

အောင်မွန်ချမ်း
www.myanmarleaders.com

No comments