Header Ads

စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ သင့်ခန္ဓာကိုယ်မှာရှိနေရမည့်အချက်များ


စွန့်ဦးတီထွင်ချင်သူတွေအနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အခြားသူတွေလို ဒီတိုင်းလေးပစ်ထားလို့မရပါဘူး ။ အစိတ်အပိုင်းတစ်ခုဆီကို ကောင်းမွန်စွာအသုံးချတတ်ရမှာဖြစ်ပါတယ် ။ ဒါ့ကြောင့် စွန့်ဦးတီထွင်သမားတွေဟာ ခန္ဓာကိုယ်မှာအရင်ဆုံး ရင်းနှီးမြှပ်နှံရပါမယ် ။

Brain

ဦးနှောက်ထဲမှာ အိုင်ဒီယာတွေနဲ့ပြည့်နှပ်နေရမယ် ။ဒီအိုင်ဒီယာတွေက သူများနဲ့မတူတဲ့အကြောင်းအရာတွေဆိုပိုလို့ကောင်းပါတယ် ။

Eyes

မျက်လုံးထဲမှာ ရင်းနှီးမြှပ်နှံသူနဲ့ အခွင့်အလမ်းတွေအတွက် ရှာဖွေနေရပါမည် ။ ကိုယ်လိုချင်တဲ့ Target ရောက်ဖို့နီးစပ်နိုင်သူတွေနဲ့ ထိတွေ့ခွင့်ရအောင်လည်း ကြိုးစားသင့်ပါသည် ။

Mouth

အောင်မြင်တဲ့အသိုက်အ၀န်းတစ်ခုဖန်တီးနိုင်ဖို့အတွက် ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့ သူတစ်ယောက်ဖြစ်ရပါမည် ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းက သင့်လုပ်ငန်းတွေအတွက် အထောက်အပံ့ကောင်းတစ်ခုပဲဖြစ်ပါတယ် ။

Ears

သုံးစွဲသူ Customer ရဲ့ Feedback ကိုအမြဲတမ်း နားစွင့်ထားရပါမည် ။ ဒါမှအားနည်းချက်တွေရှိရင်ပြင်မယ် ၊ တိုးချဲ့လို့ရတာကို တိုးချဲ့နိုင်မှာဖြစ်ပါတယ် ။

Stomach

အစာအိမ်ထဲမှာတော့ ခံနိုင်ရည်ရှိဖို့ ပြည့်ဝလုံလောက်တဲ့အဟာရရှိနေရပါမယ် ။ အလုပ်ကိုပဲဖိလုပ်နေတာမျိုးမဟုတ်ပဲ ၊ ကျန်းမာရေးအတွက် အစားအသောက်ကိုလည်း ဂရုစိုက်သင့်ပါတယ် ။

Heart

နှလုံးသားထဲမှာ ဖြစ်ခြင်းစိတ်တွေ ပြင်းပြနေရပါမယ် ။စိတ်အားထက်သန်မှုရှိနေမှတာ အချိန်တိုတွင်းအောင်မြင်နိုင်မှာပါ ။ ကိုယ့်ရဲ့ Passion ကိုအမြဲတစေမွေးမြူထားပါ ။

Feet

အိမ်မက်တွေဆီအရောက်သွားဖို့ ခြေလှမ်းတိုင်းမှာ အားထည့်ထားရပါမယ်။ အားပါတဲ့ခြေလှမ်းတွေကသာ ရှေ့ကိုမြန်မြန်ရောက်နိုင်မှာဖြစ်ပါတယ် ။

Legs

တစ်ခါတစ်လေ ကိုယ့်ခြေလှမ်းက ပန်းတိုင်နဲ့သွေဖယ်သွားတတ်ပါတယ် ။အဲ့လိုအချိန်တွေမှာ မှန်ကုန်တဲ့လမ်းပေါ်ပြန်လျှောက်လှမ်းနိုင်ဖို့ ဒုးခေါင်းတွေက ထိန်းညှိပေးနိုင်ရပါမယ် ။ဒီတော့ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဆီတိုင်းဟာ သင့်အသုံးချတတ်မယ်ဆို စွန့်ဦးတီထွင်သူတစ်ယောက် အမြန်ဆုံးဖြစ်လာနိုင်ကြောင်း မျှဝေလိုက်ရပါတယ် ။ ။

လင်းမိုးစက် ( Smart Life )
www.facebook.com/smartlifemedia

No comments