Virgin ကုမ္ပဏီအုပ်စုပိုင်ရှင် ဘီလျံနာသူဌေးကြီး Richard Branson ရဲ့ မှတ်သားဖွယ် စကားများ
(၁) နည်းနည်းပြောပြီး များများနားထောင်ပါ။ ကိုယ်ပြောနေတာ ကိုယ်ပြန်ကြားနေရုံနဲ့ ဘာမှ မသင်ယူနိုင်ဘူး။
(၂) အောင်မြင်မှုအတွက် အဆင့် (၃) ဆင့်ရှိတယ်။ တကယ်အရည်အချင်းရှိတဲ့သူတွေကို ခန့်ပါ။ သူတို့ အလုပ်လုပ်လို့ရအောင် လိုအပ်တဲ့ လက်နက်တွေတပ်ဆင်ပေးပါ။ ပြီးရင်တော့ ရှေ့ကနေ ဖယ်ပေးလိုက်ပါ။
(၃) ဝန်ထမ်းတွေ ထွက်သွားလို့ရလောက်တဲ့အထိ ပညာတွေသင်ပေးပါ။ သူတို့ထွက်မသွားချင်လောက်တဲ့အထိ ကောင်းကောင်းဆက်ဆံပါ။
(၄) တွန်းအားရှိပါ။ တွန်းအားကပဲ သင့်ကို မတ်တပ်ရပ်ပြီး စကားပြောစေနိုင်သလို တွန်းအားကပဲ သင့်ကို ထိုင်ပြီး နားထောင်စေနိုင်ပါတယ်။
(၅) စည်းမျဉ်းစည်းကမ်းတွေ လိုက်နာနေရုံနဲ့ ဘာမှ သင်ယူနိုင်မှာမဟုတ်ဘူး။ အလုပ်လုပ်ရင်း သင်ယူပါ၊ ကျရှုံးမှုတွေထဲက သင်ယူပါ။ စီးပွားရေးလုပ်ရာမှာ သေချာတဲ့အချက်တစ်ခုကတော့ သင်နဲ့တကွ သင့်ဘေးနားက လူတွေအားလုံး အမှားတွေလုပ်မိလိမ့်မယ် ဆိုတာပါပဲ။
(၆) အကယ်၍ တစ်ယောက်ယောက်က မင်းကို သိပ်ကောင်းတဲ့အခွင့်အရေး တစ်ခု ပေးပေမယ့် မင်းအနေနဲ့ လုပ်နိုင်ဖို့ မသေချာဘူးဆိုပါတော့.. လုပ်မယ် လို့သာပြောလိုက်ပါ။ နောက်မှ လုပ်ရင်းနဲ့ သင်ယူပါ။
အောင်မွန်ချမ်း (Myanmar Leaders)
Sponsored by www.baganmart.com
Post a Comment