Header Ads

Personailty ကောင်းမကောင်း ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ





သင့်ရဲ့ Personality ကောင်းမကောင်း ဆိုတာကို လူတွေက ဒီအချက် (၈) ချက်နဲ့ ဆုံးဖြတ်တတ်ကြပါသတဲ့။ 

(၁) စားပွဲထိုးတွေနဲ့ ဧည့်ကြိုတွေကို သင်ဘယ်လို ဆက်ဆံတတ်သလဲ။
(၂) သင့်ဖုန်းကို တစ်ထိုင်တည်းနဲ့ အကြိမ်ဘယ်လောက်များများ ကြည့်လေ့ကြည့်ထ ရှိသလဲ။
(၃) စိတ်လှုပ်ရှားတဲ့အခါ ပြုလေ့ရှိတဲ့ အပြုအမူတွေဖြစ်တဲ့ လက်သည်းကို ပွတ်တာ၊ မျက်နှာကိုပွတ်တာ၊ လက်မောင်းကို ပွတ်တာမျိုးတွေ လုပ်သလား။
(၄) ကိုယ်ကပဲ စကားပြောသလား၊ သူများပြောတာပဲ နားထောင်သလား၊ ဒီ (၂) ခုကြားထဲမှာ မျှတအောင် နေတတ်သလား။
(၅) လက်ဆွဲနှုတ်ဆက်ရာမှာ ပျော့ပြောင်းသလား၊ မာကျောသလား။ (မာကျောတဲ့သူကို ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူလို့ ထင်တတ်ကြပြီး ပျော့တဲ့သူကိုတော့ ကိုယ့်ကိုကိုယ် အားမရသူ လို့ ထင်တတ်ပါတယ်)
(၆) အချိန်တိကျသလား။
(၇) လက်ရေး (လက်ရေးမြန်ပြီး မလှတဲ့သူတွေကို စိတ်မရှည်သူ၊ ပြီးစလွယ်လုပ်သူလို့ ထင်တတ်ပြီး လက်ရေးမြန်လဲမြန် လှလဲလှသူကိုတော့ တော်တဲ့သူတွေလို့ ထင်တတ်ပါတယ်)
(၈) မျက်လုံးချင်း ဆုံကြည့်တတ်သလား။ (အများအားဖြင့် စကားပြောရာမှာ မျက်လုံးချင်းမဆုံဘဲ မျက်နှာလွှဲနေတတ်သူက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူ ဖြစ်တတ်ပါတယ်)

ဒီတော့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ Personality နဲ့ ပတ်သက်ပြီး ကိုယ့်ပုံရိပ် မြင့်တက်လာစေမှာဖြစ်ပါတယ်။ ကိုယ့်မှာ ဒီအကျင့်လေးတွေရှိနေမယ်ဆိုရင် ပြုပြင်နိုင်ကြဖို့ပါ။

အောင်မွန်ချမ်း (Myanmar Leaders)
Sponsored by www.baganmart.com



No comments