Header Ads

လ​စာ​တိုး​ဖို့ ​ညှိ​နှိုင်း​တဲ့​အ​ခါ


လူ​တွေ​က ​အိမ်​မှာ​ပဲ​ဖြစ်​ဖြစ်၊ ​အ​လုပ် ​မှာ​ပဲ​ဖြစ်​ဖြစ် ​ညှိ​နှိုင်း​ရ​တာ​တွေ​ရှိ​ပါ​တယ်။ ​ကြီးမားတဲ့ ညှိနှိုင်းမှုနဲ့ သေးငယ်တဲ့ ညှိနှိုင်းမှု ​ဒီ​နှစ်​ခု​ပဲ​ကွာ​ခြား​တာ​ဖြစ်​ပါ​တယ်။ ​ကိုယ့်​ရဲ့ ​လိုအပ်ချက်တွေအတွက် ညှိနှိုင်းမှု​အ​ဆ​င့် ​ဆ​င့်​ပြု​လုပ်​ရ​လေ့​ရှိ​ပါ​တယ်။ ​အ​လုပ်​မှာ ​လည်း​ဒီ​အ​တိုင်း​ပဲ​ဖြစ်​ပါ​တယ်။

ဝန်​ထမ်း​တိုင်း​ရဲ့ ​မျှော်​လ​င့်​ချက်​တွေ ​ထဲ​မှာ ​လ​စာ​တိုး​ဖို့​က​လည်း​တစ်​ခု​အ​ပါ​အ ​ဝင်​ဆို​တာ ​မ​ငြင်း​နိုင်​ပါ​ဘူး။ ​တ​ချို့​ဝန်​ထမ်း ​တွေ​အ​တွက် ​လ​စာ​တိုး​ဖို့ ​ညှိ​နှိုင်း​စ​ရာ​မ​လို ​ပေ​မဲ့ ​တ​ချို့​ဝန်​ထမ်း​တွေ​အ​တွက် ​လ​စာ ​တိုး​ပေး​ဖို့​တောင်း​ဆို​ရ​တာ​တွေ၊ ​ညှိ​နှိုင်း​ရ ​တာ​တွေ​လို​အပ်​ပါ​တယ်။ ​အဲ​ဒီ​အ​ခါ​မှာ ​ဘယ်​အ​ချက်​တွေ​က ​ညှိ​နှိုင်း​တဲ့​အ​ခါ ​အ​ထောက်​အ​ကူ​ဖြစ်​မ​လဲ။ ​ဘယ်​အ​ချက် ​တွေ​ကို​အ​ခြေ​ခံ​ပြီး ​ကိုယ့်​ရဲ့​လ​စာ​တိုး​မြှ​င့်​ဖို့ ​ကို​တောင်း​ဆို​သ​င့်​သ​လဲ​ဆို​တာ​ကို ​ဖော်​ပြ ​ပေး​သွား​မှာ​ဖြစ်​ပါ​တယ်။

ကိုယ်​ရဲ့​လုပ်​ဆောင်​ချက်​တွေ​ကို ​မှတ်တမ်း​တင်​ထား​ပါ

ဒီ​အ​ချက်​က ​လ​စာ​တိုး​တောင်း​တဲ့​အ ​ခါ​အ​သုံး​ဝင်​ပါ​လိမ့်​မယ်။ ​ကိုယ်​က ​ကု​မ္ပ​ဏီ ​အ​တွက်​မ​ရှိ​မ​ဖြစ်​လူ​တစ်​ယောက်​လို​အ​ရေး ​ပါ​အ​ရာ​ရောက်​သူ​လား။ ​ဒါ​ဆို​ရင်​တော့ ​လ​စာ​တိုး​တောင်း​ဖို့​အ​စီ​အ​စဉ်​က​ပို​မို​လွယ်​ကူ ​ပါ​လိမ့်​မယ်။ ​ကု​မ္ပ​ဏီ​မှာ​ရှိ​နေ​ချိန်​မှာ ​ကိုယ့် ​ရဲ့​အောင်​မြင်​မှု​တွေ၊ ​ကိုယ့်​ရဲ့​ဆန်း​သစ်​တဲ့ ​အ​ကြံ​ဉာဏ်​တွေ​ကို​စာ​ရင်း​ဇ​ယား​လုပ်​ထား​ပါ။ ​လ​စာ​ကိ​စ္စ​စ​ကား​ပြော​ညှိ​နှိုင်း​ကြ​တဲ့​အ​ခါ ​အဲ​ဒီ​အောင်​မြင်​မှု​တွေ​ကို​ထုတ်​ဖော်​ပြော ​ကြား​ပါ။

ကိုယ့်​ကြောင့်​သူ​တို့​ကု​မ္ပ​ဏီ​ဘယ်​လို ​အ​ကျိုး​အ​မြတ်​တွေ​ရ​ရှိ​သွား​တယ်၊ ​ကိုယ်​ပါ ​ဝင်​လုပ်​ကိုင်​ရ​တဲ့​အ​ခန်း​က​ဏ္ဍ​တွေ​က ​ဘယ်​လို​အ​ရေး​ပါ​တယ်​ဆို​တဲ့​အ​ချက်​တွေ ​ကြောင့် ​ကိုယ့်​ကို​လက်​ရှိ​လ​စာ​ထက်​ပို​မို​တိုး ​မြှ​င့်​ပေး​သ​င့်​တယ်​ဆို​တဲ့​အ​ကြောင်း​ကို ​အေး ​အေး​ဆေး​ဆေး​ပြော​ဆို​ဆွေး​နွေး​ပါ။

ကိုယ့်​ရဲ့​ကိုယ်​ရေး​ကိုယ်​တာ​ကိ​စ္စ​တွေ ​ပြော​ပြ​ပြီး ​လ​စာ​တိုး​ပေး​ဖို့ ​မ​တောင်း​ဆို​ပါ​နဲ့

ဒီ​အ​ချက်​က ​အ​ထူး​ဂ​ရု​ပြု​သ​င့်​ပါ ​တယ်။ ​ကိုယ့်​ရဲ့​လ​စာ​က​မိ​သား​စု​အ​တွက် ​မ​လုံ​လောက်​ဘူး၊ ​ကိုယ့်​မှာ​ကိုယ်​ရေး​ကိုယ် ​တာ​တ​ခြား​အ​သုံး​စ​ရိတ်​တွေ​ကို​အ​ကြောင်း ​ပြ​ပြီး ​လ​စာ​တိုး​ပေး​ဖို့​ပြော​ဆို​တာ​မျိုး​မ​လုပ် ​သ​င့်​ပါ​ဘူး။ ​ကိုယ့်​ရဲ့​တန်​ဖိုး​ကို​ပြော​ပြ​ပြီး ​လ​စာ​တိုး​တောင်း​ဖို့​ထက် ​ကိုယ့်​ရဲ့​တစ်​လ​စာ ​အ​သုံး​စ​ရိတ်၊ ​ငှား​ရမ်း​ခ​တွေ၊ ​အ​ခွန်​အ​ခ ​တွေ​ကို​အ​ကြောင်း​ပြ​ပြီး​လ​စာ​တိုး​တောင်း ​တာ​က​နည်း​စ​နစ်​ကျ​တဲ့​လုပ်​ရပ်​တစ်​ခု​မ​ဟုတ် ​ပါ​ဘူး။

အ​လုပ်​ရှင်​တွေ​က ​လူ​တစ်​ဦး​ချင်း​စီ ​အ​တွက်​လို​အပ်​တဲ့​အ​သုံး​စ​ရိတ်​တွေ​ကို ​တွက်​ချက်​ပြီး​လ​စာ​ပေး​တာ​မ​ဟုတ်​ပါ​ဘူး။ ​လူ​တစ်​ဦး​ချင်း​စီ​ရဲ့​အ​ရည်​အ​ချင်း​သတ်​မှတ် ​ချက်​ကို​ကြည့်​ပြီး​လ​စာ​ပေး​တာ​ပါ။ ​အဲ​ဒါ ​ကြောင့် ​လ​စာ​တိုး​ပေး​ဖို့​ညှိ​နှိုင်း​ကြ​တဲ့​အ​ခါ ​ကိုယ်​ဘာ​တွေ​လုပ်​နိုင်​သ​လဲ​ဆို​တာ​ကို​ပြော ​ပြ​ပြီး ​လ​စာ​အ​ကြောင်း​ကို​ဆွေး​နွေး​ညှိ​နှိုင်း ​တာ​က​ပို​ပြီး​သ​င့်​တော်​တဲ့​နည်း​လမ်း​တစ်​ခု ​ဖြစ်​ပါ​တယ်။

ကိုယ့်​ရဲ့​လ​စာ​နဲ့ ​တ​ခြား​လုပ်​ဖော်​ကိုင်​ဖက်တွေ​ရဲ့​လ​စာ​ကို​မ​နှိုင်း​ယှဉ်​ပါ​နဲ့

ဒီ​အ​ချက်​က​လည်း ​လ​စာ​တိုး​ဖို့​ညှိ​နှိုင်း ​တဲ့​အ​ခါ​မ​ပြော​သ​င့်​တဲ့​အ​ချက်​တစ်​ခု​အ​ဖြစ် ​သ​တိ​ပြု​ထား​သ​င့်​ပါ​တယ်။ ​လုပ်​ငန်း​ခွင်​မှာ ​ကိုယ့်​ရဲ့​လုပ်​ဖော်​ကိုင်​ဖက်​က​တော့ ​ကိုယ့် ​လောက်​အ​လုပ်​မ​လုပ်​ဘဲ​နဲ့ ​ကိုယ့်​ထက်​လ ​စာ​များ​နေ​တယ်၊ ​ကိုယ့်​ထက်​အ​မှား​တွေ ​များ​နေ​ပြီး​တော့ ​ကိုယ့်​ထက်​လ​စာ​တွေ​က ​အ​ပုံ​ကြီး​ပို​များ​နေ​တယ်​ဆို​တဲ့​အ​ချက်​တွေ​ကို ​ပြော​ဆို​ပြီး ​လ​စာ​တိုး​ဖို့​ညှိ​နှိုင်း​ဆွေး​နွေး​တာ ​မျိုး​မ​လုပ်​သ​င့်​ပါ​ဘူး။

သူ့​ဘက်​က​ဘယ်​လို​အ​ကြောင်း​မျိုး​နဲ့ ​လ​စာ​တိုး​တိုး ​ကိုယ်​နဲ့​မ​သက်​ဆိုင်​ပါ​ဘူး။ ​ကိုယ့်​ကို​လ​စာ​တိုး​ပေး​ဖို့​ဆွေး​နွေး​တဲ့​အ​ခါ ​ကိုယ့်​အ​ကြောင်း​ကို​ပဲ​ပြော​ဆို​ဆွေး​နွေး​သ​င့် ​ပါ​တယ်။ ​ဒီ​ကု​မ္ပ​ဏီ​အ​တွက်​ကိုယ့်​ရဲ့​လုပ် ​ဆောင်​ချက်​တွေ၊ ​ကြိုး​ပမ်း​ချက်​တွေ​ကို​သာ ​ဦး​စား​ပေး​ပြော​ဆို​သ​င့်​ပါ​တယ်။ ​တစ်​ဦး​တစ် ​ယောက်​နဲ့​နှိုင်း​ယှဉ်​ပြော​ဆို​တာ​မျိုး​မ​လုပ်​မိ ​စေ​ဖို့ ​သ​တိ​ချပ်​သ​င့်​ပါ​တယ်။

လ​စာ​တိုး​မ​ပေး​ရင် ​အ​လုပ်​ထွက်​မယ်​ဆို ​တဲ့​ခြိမ်း​ခြောက်​မှု​မျိုး ​မ​လုပ်​ပါ​နဲ့

တ​ချို့​တွေ​ရှိ​ပါ​တယ်။ ​လ​စာ​တိုး​ပေး​ဖို့ ​ကိုယ့်​ရဲ့​အ​ကြီး​အ​ကဲ​တွေ​နဲ့​ညှိ​နှိုင်း​တဲ့​အ​ခါ ​လ​စာ​တိုး​မ​ပေး​ဘူး​ဆို​ရင် ​ဒီ​အ​လုပ်​က​ထွက် ​မယ်​ဆို​တဲ့ ​ခြိမ်း​ခြောက်​မှု​ဆန်​တဲ့​စ​ကား​မျိုး ​ပြော​ဆို​ကြ​ပါ​တယ်။ ​ဒါ​က​မှား​ယွင်း​တဲ့​လုပ် ​ရပ်​တစ်​ခု​လို့​ပဲ ​ဆို​ပါ​ရ​စေ။ ​ဒီ​အ​ချက်​က​မှန် ​ကန်​နေ​တယ်​ဆို​ဦး​တော့၊ ​ဒီ​လို​မျိုး​မ​ပြော​ဆို ​သ​င့်​ပါ​ဘူး။ ​ကိုယ့်​ရဲ့​အ​ကြီး​အ​ကဲ​တွေ​က ​လက်​ရှိ​အ​ခြေ​အ​နေ​ကို ​နား​လည်​ပါ​လိမ့် ​မယ်။ ​တ​ကယ်​လို့​သင်​ပြော​သ​လို​မျိုး ​လ​စာ ​တိုး​မ​ပေး​ဘူး​ဆို​ရင် ​သ​င့်​ကို​ဆုံး​ရှုံး​မယ်​ဆို ​တာ​ကို​သူ​တို့​သ​ဘော​ပေါက်​ပါ​လိမ့်​မယ်။

သင်​က ​ကု​မ္ပ​ဏီ​အ​တွက်​တ​ကယ်​လို ​အပ်​တဲ့​သူ​ဆို​ရင် ​သင့်​ရဲ့​တောင်း​ဆို​ချက်​ကို ​သူ​တို့​လိုက်​လျော​ပါ​လိမ့်​မယ်။ ​ဒါ​ပေ​မဲ့​ခြိမ်း ​ခြောက်​မှု​ဆန်​တဲ့​စ​ကား​ကို​တော့ ​သူ​တို့ ​ဘယ်​တော့​မှ​မေ့​မှာ​မ​ဟုတ်​ပါ​ဘူး။ ​အဲ​ဒါ ​ကြောင့် ​လ​စာ​တိုး​ပေး​ဖို့​ကို​ခြိမ်း​ခြောက်​မှု ​မ​ပါ​ဘဲ ​အေး​အေး​ဆေး​ဆေး​ညှိ​နှိုင်း​သ​င့်​ပါ ​တယ်။ ​အဲ​ဒါ​မှ​မျက်​နှာ​ပူ​စ​ရာ​အ​နေ​အ​ထား ​က​နေ​ကင်း​လွတ်​နိုင်​မှာ​ဖြစ်​ပါ​တယ်။

ကိုယ့်​ရဲ့​လက်​ရှိ​အ​ခြေ​အ​နေ​ကို ​မ​မေ့​ပါ​နဲ့

လ​စာ​တိုး​တောင်း​ဖို့​ဆုံး​ဖြတ်​တဲ့​အ​ခါ ​ကိုယ့်​ရဲ့​လက်​ရှိ​အ​ခြေ​အ​နေ​ကို​လည်း​ပြန်​လည် ​ဆန်း​စစ်​သ​င့်​ပါ​တယ်။ ​ကိုယ်​က​ဒီ​အ​လုပ်​မှာ ​ဘာ​တွေ​တာ​ဝန်​ယူ​ရ​သ​လဲ၊ ​ဘယ်​လောက် ​တာ​ဝန်​ကျေ​သ​လဲ၊ ​ဘယ်​လောက်​အောင် ​မြင်​မှု​တွေ​ရ​နေ​သ​လဲ၊ ​ဘယ်​လောက်​ဆုံး​ရှုံး ​သွား​သ​လဲ၊ ​ဘယ်​အ​ချက်​တွေ​မ​အောင်​မြင် ​ဘူး​လဲ​စ​သ​ဖြ​င့် ​ဝေ​ဖန်​သုံး​သပ်​သ​င့်​ပါ​တယ်။ ​လူ​တိုင်း​က​တော့ ​လက်​ရှိ​လ​စာ​ထက်​တိုး​မြှ​င့် ​ပြီး​တော့ ​လို​ချင်​ကြ​တာ​ပါ​ပဲ။ ​လ​စာ​မ​တိုး ​ချင်​တဲ့​သူ​ဘယ်​သူ​ရှိ​ပါ့​မ​လဲ။

အ​လုပ်​ရှင်​တိုင်း​က​လည်း ​ကိုယ်​တိုး ​တောင်း​တိုင်း​ဘယ်​ပေး​ပါ့​မ​လဲ။ ​ကိုယ့်​ရဲ့ ​လက်​ရှိ​အ​ခြေ​အ​နေ​ကို​လေ့​လာ​အ​ကဲ​ဖြတ် ​ပြီး​မှ ​တိုး​သ​င့်​မ​တိုး​သ​င့်​စဉ်း​စား​ဆုံး​ဖြတ်​မ ​ပေါ့။ ​လက်​ရှိ​အ​လုပ်​မှာ ​ကိုယ့်​ရဲ့​အ​ရည် ​အ​ချင်း​နဲ့​ရ​တဲ့​လ​စာ​မ​ကိုက်​ညီ​ဘူး​ထင်​ရင် ​တော့ ​လ​စာ​တိုး​ပေး​ဖို့ ​ကိုယ့်​ရဲ့​အ​လုပ်​ရှင်​နဲ့ ​ညှိ​နှိုင်း​သ​င့်​ပါ​တယ်။ ​ဒီ​လို​မှ​မ​ဟုတ်​ဘဲ ​ကိုယ့် ​ရဲ့​ကြိုး​စား​အား​ထုတ်​မှု​က​လည်း​ဘာ​မှ​မ​ရှိ၊ ​အ​ရည်​အ​ချင်း​က​လည်း ​မည်​မည်​ရ​ရ​ပြော ​လို့​ရ​လောက်​အောင်​မ​ရှိ​ဆို​ရင်​တော့ ​လ​စာ ​တိုး​ပေး​ဖို့​ပြော​လည်း ​အ​ချည်း​အ​နှီး​ပဲ​ဖြစ်​မှာပါ​ပဲ။

နား​ထောင်​တတ်​ပါ​စေ

လ​စာ​အ​တွက်​ညှိ​နှိုင်း​မှု​ပြု​လုပ်​ကြ​တဲ့ ​အ​ခါ ​ကိုယ့်​ဘက်​က​ချည်း​ပြော​တာ​မျိုး​မ ​ဟုတ်​ဘဲ ​အ​လုပ်​ရှင်​ဘက်​က​အ​ခြေ​အ​နေ​နဲ့ ​အ​ခက်​အ​ခဲ​တွေ​ကို​လည်း​နား​ထောင်​သ​င့်​ပါ ​တယ်။ ​တစ်​ခါ​တစ်​ရံ​အ​လုပ်​က​အ​ရှုံး​ပေါ်​နေ ​တဲ့​အ​ချိန်​မှာ ​ကိုယ်​ဘက်​က​လ​စာ​တိုး ​တောင်း​မိ​တဲ့​အ​ခါ၊ ​တစ်​ဖက်​က​လည်း ​ဝန် ​ထမ်း​တွေ​ကို ​လ​စာ​တိုး​ပေး​ဖို့​အ​ခက်​အ​ခဲ ​တွေ​ဖြစ်​နေ​တတ်​တာ​မျိုး​ရှိ​တတ်​ပါ​တယ်။ 

အဲ​ဒီ​အ​ခါ​မှာ​ကိုယ့်​ဘက်​က​အ​ချိန်​ကာ ​လ​တို​တစ်​ခု​အ​ထိ​စောင့်​ဆိုင်း​ပေး​သ​င့်​ပါ ​တယ်။ ​ကိုယ့်​ရဲ့​အ​လုပ်​ရှင်​က​စီး​ပွား​ရေး​အ ​ခြေ​အ​နေ​မ​ကောင်း​တဲ့​အ​ချိန်​မှာ​ကိုယ့်​ဘက် ​က​လ​စာ​တိုး​တောင်း​တယ်​ဆို​တာ​မျိုး​က ​မ​ဖြစ်​သ​င့်​ပါ​ဘူး။ ​အ​လုပ်​ရှင်​ရဲ့ ​ပြ​ဿ​နာ​က ​သူ့​ကို​မှီ​တည်​နေ​တဲ့ ​ဝန်​ထမ်း​တွေ​အား​လုံး​ရဲ့ ​အ​ခက်​အ​ခဲ​ပြ​ဿ​နာ​ပါ​ပဲ။ ​အဲ​ဒီ​အ​ခက်​အ​ခဲ ​ကို​ဘယ်​လို​ပူး​ပေါင်း​အ​ဖြေ​ရှာ​ကြ​မ​လဲ​ဆို​တဲ့ ​အ​ပေါ်​မှာ​မူ​တည်​နေ​ပါ​တယ်။ ​နှစ်​ဦး​နှစ် ​ဖက်​အ​ဆင်​ပြေ​ပြေ​ရှိ​ကြ​ဖို့​ရာ ​ကိုယ်​လုပ်​နေ ​တဲ့​အ​လုပ်​ကို ​အောင်​မြင်​အောင်​ဆောင် ​ရွက်​တာ​က​လည်း ​ကိုယ့်​ရဲ့​လ​စာ၊ ​ခံ​စား​ခွ​င့် ​တွေ​ကို ​ရ​ယူ​ဆောင်​ရွက်​တာ​နဲ့​တူ​တူ​ပါ​ပဲ။

ကျော့ကေခိုင်

No comments