အလုပ်မှာ ပိုမိုအောင်မြင်စေမယ့် နည်းလမ်း ၁၈ ချက်
သင့်အလုပ်မှာ ပိုမိုပျော်ရွှင်နိုင်စေဖို့ အလွယ်တကူလုပ်နိုင်တဲ့ အချက် ၁၈ ချက်ကို ရေးသားပေးထားပါတယ်.။ (3 Mins Read)
၁။ တစ်ရက်တစ်ရက် ကားပေါ်ကုန်ရတဲ့ အချိန်တွေမှာ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မယ့် အသံဖိုင်တွေ၊ သီချင်းတွေ နားထောင်လို့ရပါတယ်။
၂။ အလုပ်ကိုစောစောရောက်နိုင်သမျှရောက်အောင် သွားပါ။ ဒါမှသာစိတ်မပင်ပန်းရဘဲအလုပ်ကို အာရုံစူးစိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်။
၃။ ကိုယ့်လက်ထဲမှာရှိတဲ့အလုပ်ကို အရင်လုပ်ပါ။ အီးမေးလ်ကို အရင်ဆုံးမစစ်ပါနဲ့။ အခါအားလျော်စွာ စစ်ပေးလို့ရပါတယ်။
၎။ အရေးကြီးတဲ့အလုပ်တွေကို ဦးစားပေးပြီး လုပ်ဆောင်ပါ။
၅။ တစ်နေ့တာ အလုပ်တွေကို ကြိုတင် အစီအစဉ်ရေးဆွဲပါ။ အောင်မြင်နိုင်တဲ့ ရည်မှန်းချက်တွေထားပြီး လုပ်ဆောင်ပါ။
၆။ အလုပ်လုပ်နေချိန်တွေမှာ ကော်ဖီသောက်၊ စကားစမြည်းပြောရင်း အနားယူပေးပါ။ ဒါမှ အားအင် ပြန်လည်ပြည့်ဖြိုးလားမှာ ဖြစ်ပါတယ်။
၇။ အစည်းအဝေးတွေကို ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ရှင်းလင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အဆုံးသတ်ပါ။
၈။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေတဲ့အပြင် သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို လည်းမြှင့်တင်ပေးပါတယ်။
၉။ အေးအေးဆေးဆေး အလုပ်လုပ်ပါ။ အလုပ်ကို လောပြီးလုပ်ပါက သင်နောက်တစ်ခါထပ်လုပ်ရဖို့ များပါတယ်။
၁၀။ သင့်အောင်မြင်မှုကို အပေါင်းအသင်း မိတ်ဆွေတွေကို ဝေမျှပါ။ ပြီးနောက် သူတို့လည်း အောင်မြင်လာဖို့ သင်ကူညီပေးပါ။
၁၁။ အကူအညီတောင်းဖို့ ဘယ်တော့မှ ၀န်မလေးပါနဲ့။ သူရောကိုယ်ရော ပန်းတိုင်အတူတူရောက်ဖို့ အတူတကွ ပူးပေါင်းပြီး အလုပ်လုပ်ပါ။
၁၂။ အလွန်တရာ ပျင်းစရာကောင်းသော၊ သင်မလုပ်ချင်သော အလုပ်ကို နောက်ကိုမရွေ့ဘဲ လုပ်ပါ။
၁၃။ အားလပ်ရက်တွေမှာ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့အရာတွေ လုပ်ပါ။ အဲလို လုပ်ခြင်းက သင့်စိတ်ကိုလဲ ကျေနပ်စေပါလိမ့်မယ်။
၁၄။ အလုပ်ထဲမှာ သင်ကစပြီးတော့ အကောင်းမြင်တဲ့ အလေ့အထကို စကျင့်သုံးပါ။ အဲဒီအလေ့အထက တစ်ဦးနဲ့တစ်ဦး ကူးစက်စေပါတယ်။
၁၅။ အဆိုးမြင်နေတဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို နားလည်ပေးလိုက်ပါ။ လူတွေက အကြောင်းတစ်ခုခုကြောင့် အဆိုးမြင်စိတ်တွေ ဖြစ်နေတတ်ကြပါတယ်။
၁၆။ ရုံးတွင်းပဋိပက္ခ အကြောင်းတွေကြားပြီး စိတ်ပျက်မနေပါနဲ့။ ကိုယ့်အလုပ်သာ ကိုယ်အာရုံစူးစိုက်ပြီးလုပ်ပါ။
၁၇။ ကိုယ့်ကို ဝေဖန်လာတာတွေကို နားလည်ပေးလိုက်ပါ။ အဲဒီ ဝေဖန်လာတဲ့အထဲကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကိုသာ ပြန်ပြင်ဖို့ကြိုးစားပါ။
၁၈။ စီးပွားရေးလုပ်ငန်းဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ဒါကြောင့် အပြောင်းအလဲအတိုင်း အလိုက်သင့် နေနိုင်ဖို့ စိတ်ကို ဖွင့်ထားပါ။
Credit > မှတ်သားဖွယ်ရာများ
www.myanmarleaders.com
Post a Comment