စွန့် ဦးတီထွင်သူများ စွန့် လွတ်ရမဲ့ အရာ (၅)ခု
စွန့် ဦးတီထွင် သူများမှာ အိမ်မက်ကြီးကြီးနဲ့ စိတ်လှုပ်ရှားစရာတွေရှိတက်ကြပါတယ်။
မှန်ကန်တဲ့အကြံဥာဏ် ၊ အရည်အချင်းအစစ်အမှန်၊နောက်မတွန့် တမ်း စွန့် လွတ်အနစ်နာခံခြင်းတွေ ပေါင်းပြီး ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်နိုင်ဖို့  ဒါမှမဟုတ်ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ဖို့  ရည်ရွယ်ချက်ကိုယ်စီရှိတက်ကြပါတယ်။
ဒါကတော့ စွန့် ဦးတီထွင်သူများရဲ့ တောက်ပပြီးမြင်ရတာ ကောင်းတဲ့ အခြမ်းတစ်ခုသာ ဖြစ်ပါတယ်။
ကံဆိုးတာကမမြင်ရတဲ့ အမှောင်ဘက် အခြမ်း ဆိုတာလည်း ရှိပါသေးတယ်။စွန့် ဦးတီထွင်သူ လမ်းဖောက်သူများဟာစွန့် လွတ် အနစ်နာခံရပါတယ်။ စွန့် လွတ်ခြင်းမရှိရင်လည်း ဘယ်လိုမှအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါက သဘောတရားအမှန် ဖြစ်ပါတယ်။စီးပွားရေး ရဲ့ မဏ္ဍိုင်ဟာအပေးနဲ့ အယူ လုပ်ဆောင်မှု တစ်ခုသာဖြစ်ပါတယ်။ပိုပြီး ရင်းနှီးမြုပ်နှံ လေလေ ပိုပြီး ဒီအစိတ်အပိုင်းမှာပါဝင်လာမှာ ဖြစ်သလို ရရှိတဲ့ ခံစားခွင့်ရလည်းပိုမိုများမှာ ဖြစ်ပါတယ်။
စွန့် ဦးတီထွင် သမား များရဲ့ စွန့်လွတ်ရမဲ့ အရာ ငါးခုကတော့..
တည်တံ့မှု
စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တဲ့ အခါမှာ မုချအောင်မြင်လိမ့်မယ်လို့  အာမခံချက်မရှိပါဘူး။
ကုမ္ပဏီရဲ့ဖွဲ့ စည်းပုံ ၊ အကြံဥာဏ်စိတ်ကူးတွေနဲ့ အလုပ်တွေက ခိုင်မာနေတယ် ဆိုအုံးတော့ ဘယ်သူမှ ဒီဟာကို လပေါင်းများစွာလည်ပတ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မပြောနိုင်ပါဘူး။အကယ်လို့  အရှေ့ကို ဆက်လက်သွားဖို့ မျှော်မှန်းထားတယ် ဆိုရင် သင်ကိုယ်တိုင် သက်သက်သာသာနေခြင်း၊ အေးအေးဆေးဆေးလုပ်ကိုင်ခြင်း ၊ နည်းလမ်းတစ်ခုထဲအတိုင်းတည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေခြင်း စတာတွေကို လုပ်နေလို့ မဖြစ်ပါဘူး။
စွန့် ဦးတီထွင်သူရဲ့  သဘာဝကိုကလမ်းကြောင်းတစ်ခုထဲ ကို လိုက်ပါဖို့ အတွက်တောင် မတည်မြဲတက်ပါဘူး။ ဒါကြောင့်ဒီလိုကိစ္စတွေကို တွေ့ ကြုံလာရပြီ ဆိုရင်စိတ်လှုပ်ရှားမနေဘဲ ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်ပါ။
အလုပ်နဲ့ ဘဝ ကန့် သတ်ခြင်း
စွန့် ဦးတီထွင်သူ ဖြစ်လာတဲ့ နောက်ပိုင်းမှာ မိမိအလုပ်လုပ်တဲ့ ဘဝနဲ့ ကိုယ်ပိုင် ဘဝခြားနားထားတဲ့ အကန့် ဟာ မှုန်ဝါးလာပါတယ်။ဆိုလိုရင်းက အလုပ်နဲ့ ပြင်ပအချိန်ဆိုတာ သီးသန့်မရှိတော့ပါဘူး ။ ရုံးနဲ့ဝေးရာကို ရောက်နေရင်တောင်မှ အလုပ်အကြောင်းကို စဉ်းစားနေတက်ပါတယ်။ တစ်ခါတလေ..ကိုယ်လုပ်ချင်တာ ဖြစ်ပြီးတစ်ခါတလေက သင်မလုပ်နိုင်တဲ့ အလုပ်တွေအတွက် တွေးတော နေမိတာပါ။ ကိုယ်ပိုင်အလုပ်ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ရှင် နဲ့ တခြားသူကသင့်ကိစ္စတွေကို လိုက်လံဖြေကြားပေးနေဖို့ မရှိပါ။
အလုပ်လုပ်နေရင်းအလုပ်နေရာကို ရောက်နေတဲ့ အခါ ကိုယ်ပိုင်ဘဝဆိုတာလည်း မရှိတော့တဲ့အတွက် ဒီလိုအခြေအနေမျိုးကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ သတိရပါ ပြင်ပဘဝနဲ့ အလုပ်ကိစ္စကိုအတက်နိုင်ဆုံး ခွဲခြားနိုင်တာ ကောင်းပါတယ်။ သင်နဲ့သင့်ရဲ့ မိသားစုအတွက် သင့် စိတ်ကျန်းမာရေးအတွက်ပါ ကိုယ်ပိုင်အချိန်ရှိသင့်ပါတယ်။
ဝင်ငွေ
ယခင်က တည်ငြိမ်နေတဲ့ ဝင်ငွေပုံစံ မဟုတ်တော့ပါဘူး။ ပထမနှစ်အနည်းငယ်မှာပဲ ဝင်ငွေများများစားစား ရှာနိုင်အုံးမှာ မဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းအများစုဟာ မိမိတို့  ရရှိတဲ့အမြတ်များကို ဦးဆုံးမှာပဲ ရင်းနှီးမြုပ်နှံရင်း လည်ပတ်ရတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်လစာကိုလည်း ကိုယ်တိုင်စီမံရတာ ဖြစ်ပြီး စွန့် ဦးတီထွင်သူလုပ်ငန်းရှင် အများစုကတော့ မိမိတို့  လုပ်ငန်းလည်ပတ်တဲ့လများစွာမှာ လစာမယူဘဲ လုပ်ငန်းထဲကို ပြန်ရင်းနှီးမြုပ်နှံကြတာ ဖြစ်ပါတယ်။ ဝင်ငွေအများစုကိုလည်း မိမိတို့  လုပ်ငန်းကိုမာကတ်တင်းလုပ်ရန် အတွက် အရင်ဆုံး သုံးသင့်ပါတယ်။
အိပ်စက်ခြင်း
စွန့် ဦးတီထွင် တစ်ယောက်မှာ အိပ်စက်ချိန်ဟာ အရေးကြီးပါတယ်။ လုပ်ငန်း စတင်လည်ပတ်နေချိန်မှာ မိမိရဲ့ အိပ်စက်ချိန် တစ်ချို့ ကို စွန့်လွတ်ကောင်း စွန့် လွတ်ရပါလိမ့်မယ်။ ပရောဂျက်ပရိုပိုဆယ် အတွက် ညအချိန်မတော် အထိလုပ်ရတာတွေ ၊ မနက်စောစောထပြီး အလုပ်မီတင်အတွက် သွားရတာတွေ ရှိတက်ပါတယ်။ ညအိပ်ချိန်တွေမှာလည်း နိုးနေတက်တာတွေ ၊ အနားမယူနိုင်တာတွေ၊ မိမိလုပ်ငန်း အနာဂတ်ကိုတွေးပြီး စိတ်ပူပန်နေတာတွေ ဖြစ်တက်ပါတယ်။ တခါတလေ..အိမ်ပြန်မရောက်ဘဲ အလုပ်မှာပဲ အချိန်ကုန်သွားတက်ပါတယ်။ ဒီအချိန်ကနေစပြီး သင့်ရဲ့ အိပ်ချိန် အကျင့်များဟာပြောင်းလဲသွားပြီး ဘာဘဲ ဖြစ်ဖြစ် အကောင်းဆုံးလုပ်သွားဖို့ သာ ပြင်ဆင်ရမှာဖြစ်ပါတယ်။
သက်သောင့်သက်သာနေခြင်း
ကိုယ်ပိုင်ကုမ္ပဏီမှာ ပိုင်ရှင်ဖြစ်ခြင်းဟာ သက်သောင့်သက်သာ နေလို့ မရတော့ဘူး ဆိုတဲ့အဓိပ္ပယ် ဖြစ်ပါတယ်။ ခေါင်းပူဖို့သာ ပြင်ထားဆိုတဲ့ အဓိပ္ပယ်လည်းဖြစ်ပါတယ်။ တစ်ခါမှ မလုပ်ဖူးတဲ့ ဆုံးဖြတ်ချက်ချတဲ့ အလုပ်တွေကို လုပ်ရပါမယ်။ တစ်ခါမှ မလေ့လာဖူးတဲ့ ဘာသာရပ်ကိုလေ့လာနေရသလို ဖြစ်တက်ပါတယ်။ စွန့် ဦးတီထွင်သူ ဖြစ်ရတာဟာသက်သောင့်သက်သာ နေရတဲ့ အဆင့်ကနေ ကျော်လွန်ခြင်းလည်း ဖြစ်ပါတယ်။
အောင်မြင်တဲ့စွန့် ဦးတီထွင်သူ အများစုဟာ မသက်မသာ အခြေအနေကို ယုံကြည်ချက် ရှိရှိနဲ့ဖြစ်သန်းရတာ ဖြစ်ပါတယ်။ မသက်မသာ အခြေအနေမှာပဲ မိမိကိုယ်ကိုယ်ငြိမ်းချမ်းမှု ကို အလုပ်ထဲမှာ ရှာရမှာဖြစ်ပါတယ်။ ဒါကို စွန့် လွတ်ခြင်းတစ်ခုသာလို့ မသတ်မှတ်ပါနဲ့ ။ သင့်ဘဝအတွက်ရင်းနှီးမြုပ်နှံခြင်း တစ်ခုသာ ဖြစ်တယ်လို့ တွေးပါ။ ကိုယ်ပိုင်လုပ်ငန်းအတွက် အခွင့်အရေးတွေ ဖြစ်ပေါ်ဖို့  ပေးဆပ်နေတယ် လို့  တွေးပြီးလုပ်ပါ။
စွန့် ဦးတီထွင်သူဟာ နှစ်အနည်းငယ်လောက်မှာဆိုရင်တော့ လူအများစု လို မနေနိုင်တဲ့ဘဝလို ဖြစ်နိုင်ပြီး
ထိုအချိန်ကျော်လွန်သွားတဲ့ အချိန်မှာတော့ လူတိုင်း မရနိုင်တဲ့ ဘဝကိုရရှိနိုင်မှာ ဖြစ်ပါတယ်တဲ့။
Post a Comment