ပုရွက်ဆိပ်လေး ရဲ့  ပုံပြင်
ဒါကတော့ ပုံရွက်ဆိပ်လေး တစ်ကောင်ရဲ့  ပုံပြင်ပါ။ စာဖတ်သူတွေ အနေနဲ့  ကြားဖူးချင်လဲ ကြားဖူးပြီးသား ဖြစ်မှာပါ။ အခု ခေတ်မှာ အဖွဲ့ အစည်း တော်တော်များ များ company တော်တော်များများ မှာ ဖြစ်တတ်လို့ ရေးလိုက်တာပါ။ တစ်ခါက company တစ်ခုမှာ ပုရွက်ဆိပ် အလုပ်သမားလေး တစ်ကောင် ရှိတယ်။ သူ က နေတိုင်း အလုပ်ကို စောစောလာတယ်။ ရောက်တာနဲ့ လည်း အလုပ်ကို မခို မကပ်ပဲ တစ်နေကုန် လုပ်တော့ တာပဲ။ သူ့ ရဲ့  လုပ်ဆောင်ချက်တွေကလဲ ကောင်းတယ်။ သူ ကလဲ အဲ့လို လုပ်နေရတာကို ပျော်နေပါတယ်။ အဲ့ဒါကို company ပိုင်ရှင် ခြင်္သေ့ကြီးက သိသွားတော့ အံ့သြသွားတယ်။ ဒီ ပုရွက်ဆိပ်လေး ဟာ သူ့ ကို ကြီးကြပ်မဲ့သူ မရှိတာတောင် ဒီလောက် စွမ်းဆောင်နေနိုင်တာ။ သူ့ ကို ကြီးကြပ်မယ့်သူ တစ်ယောက် ထားလိုက်ယင် ဒီထက်ပိုပြီး အလုပ်လုပ်နိုင်မှာပဲ ဆိုပြီးတွေလိုက်မိတယ်။ ဒါနဲ့ ပဲ ခြင်္သေ့ကြီးက ကြီးကြပ်တဲ့ နေရာမှာ အတွေ့ အကြုံ ရှိတယ်လို့ နာမည်ကြီးပြီး အထက်ကို တင်ပြတဲ့ နေရာမှာ တော်တဲ့ ပိုးဟပ်ကို ကြီးကြပ်သူအနေနဲ့ ခန့် အပ်လိုက်ပါတယ်။ ပိုးဟပ် ရဲ့  ပထမဆုံး စလုပ်တဲ့ အချက်ကတော့ ပုရွက်ဆိပ်လေး ရဲ့  နေစဉ် ရုံးလာချိန် ရုံစဉ်ချိန်မှာ လက်မှတ်ထိုး ခိုင်းတာပါပဲ။ ပြီးယင်လဲ အချိန် နောက်ကျမှု မရှိအောင် ကြပ်မတ်လိုက်တယ်။ ပြီးတော့ ပိုးဟပ်က ခြင်္သေ့ကို တင်ပြတယ်။ သူ့ အတွက် အကူ လက်ထောက်လိုတယ်ပေါ့။ သူ့ ကို ကူပြီး report အတွက် အချက်တွေ လိုက်မှတ်ပေးဖို့  အကူလိုတယ်လို့ တောင်းဆိုလိုက်တယ်။ ခြင်္သေ့ကြီး က သဘောတူတဲ့ အတွက် report အတွက် လိုက်မှတ်ဖို့ ရယ် ပုရွက်ဆိပ်လေးရဲ့ ဖုန်းအသုံးပြုမှုတွေ ကို မှတ်တမ်းတင်ဖို့  ပင့်ကူကို ခန့် လိုက်တယ်။ ပိုးဟပ်က ပင့်ကူ ရဲ့ အကူအညီနဲ သေချာ ရေးလိုက်တဲ့ report ကို ခြင်္သေ့ကြီးက အရမ်းသဘောကျသွားတယ်။ ဒါပေမယ့် ခြင်္သေ့ကြီးက report ကို Graph တွေ ပုံတွေနဲ့ မြင်ချင်တယ်။ သူ့ အနေနဲ့  Broad members တွေကို လှလှ ပပ ပြချင်တယ်။ ဒါနဲ့ ပိုးဟပ်က ကွန်ပြူတာနဲ့ ပရင်တာ ၀ယ်လိုက်ရော။ အဲ့ဒီ ကွန်ပြူတာနဲ့ ပရင်တာကို ကိုင်တွယ်ဖို့ အတွက် IT ကျွမ်းကျင်တဲ့ ယင်ကောင်ကို အလုပ် ခန့် လိုက်တယ်။ ဒီလို နဲ့ အယင်က အလုပ်ထဲမှာ ပျော်ပြီး ရလဒ်ကောင်းတွေ ဖန်တီးပေးနေတဲ့ ပုရွက်ဆိပ်လေးက အခု အခါ မှာ အစည်းအဝေးတွေ တက်ရ၊ ၀င်ချိန် ထွက်ချိန် လက်မှတ်ထိုးရ၊ ဖုန်းခေါ်မယ်ဆို ခွင့်တောင့်ရ၊ အဲ့ဒါတွေနဲ့  အချိန်တွေ ပို ကုန်လာတယ်။ အလုပ်ကို တက်တက် ကြွကြွ မလုပ်နိုင်တော့ဘူး။ အဲ့ဒီ အချိန်မှာပဲ ခြင်္သေ့ က ထပ်ပြီး စဉ်းစားမိတယ်။ ဒီလောက် ၀န်ထမ်းတွေ များလာတဲ့ ဌာနမှာ သူ့ အစား အုပ်ချုပ်မဲ့ သူ တစ်ယောက်လို လာပြီးလို့ …. အဲ့ဒါနဲ့ ပဲ ကင်းခြေမျှားကို ဌာန အုပ်ချုပ်သူ အဖြစ် ငှားရမ်းလိုက်တယ်။ ကင်းခြေမျှား ရောက်ရောက်ခြင်း လုပ်တာကတော့ ဌာန တစ်ခုလုံးကို ကော်ဇော အကောင်း စားကြီး ခင်းလိုက်ပြီး သူ့ အတွက် အရမ်းကောင်းမွန်တဲ့ ကုလားထိုင်နဲ့  စားပွဲ တွေ မှာလိုက်တာပါပဲ။ ပြီးတော့ သူ့ ရဲ့  အယင် အလုပ်မှာ ထဲက ရှိတဲ့ Personal assistant ဖြစ်တဲ့ နှံကောင်ကို လှမ်းခေါ်ပြီး personal assistant တာဝန်ပဲ ဆက်ပြီး ခန့် အပ်ထားတယ်။ ဒီလိုနဲ့ အယင်က ရလဒ်ကောင်းတွေ ဖန်တီးပေးနေတဲ့ ပုရွက်ဆိပ်လေးရဲ့  အလုပ်ခွင် ဟာ အခု အခါမှာ ရလဒ်တွေလည်း မထွက်တော့ဘူး။ အားလုံးလည်း မပျော်ကြတော့ဘူး။ စိတ်ညစ် စရာကြီးလို ဖြစ်လာတယ်။ ဒါနဲ့ ဌာနမှူးဖြစ်တဲ့ ကင်ခြေများက ခြင်္သေ့ကြီးကို တင်ပြတယ်။ company ရဲ့  အခြေအနေကို ပြန်လည် သုံးသပ်သင့်တယ်လို့ ။ ဒါနဲ့ ပဲ ပညာရှိ ဇီးကွက်ကြီးကို company အခြေအနေ သုံးသပ်ဖို့ တာဝန်ပေး ဌားရမ်းလိုက်တယ်။ ဇီးကွက်ကြီး က ၃ လတိတိ အချိန်ယူပြီး company ကို သုံးသပ်ပြီး သကာလ ကောင်းမွန်စွာ ရေးသားထားတဲ့ သုံးသပ်ချက် စာတမ်းကြီးတစ်ခု ထွက်လားတယ်။ စာမျက်နှာ ၁၀၀ လောက် ရှိမယ်ထင်တယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်ယင်တော့ အဖြေက တစ်ခုတည်းပါ။ အဲ့ဒါကတော့ “ ဒီ company မှာ ၀န်ထမ်းတွေ အရမ်းများနေတယ်” ဆိုတာပါပဲ။ ဒါနဲ့ ခြင်္သေ့ကြီးက ၀န်ထမ်းတွေ လျော့ဖို့ စဉ်းစား တယ်…. ကဲ…ခြင်္သေ့ကြီး ဘယ်သူ့ ကို အယင် အလုပ်ထုတ်မလဲ။ ????????? ခြင်္သေ့ကြီး အလုပ်ထုတ်လိုက်တာကတော့ “ အလုပ်ခွင်မှာ ပျော်ရွှင်မှု မရှိ၊ အားထုတ်မှု မရှိဘူးလို့ ယူဆရတဲ့ ပုရွက်ဆိပ်လေးပါပဲ” ပုံပြင်လေးကတော့ ဒါပါပဲ ကွယ်။ ကိုဟိန်း (Prospect Myanmar)
Post a Comment